• ဟီလာရီကလင်တန်၏ အသက်ကို ခြိမ်းခြောက်သည့် စကားများ ထရမ့်ပြော

    လာမည့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နယ်ထရမ့်က ၎င်း၏ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်အား လုပ်ကြံရန် သဘောသက်ရောက်သည့် မှတ်ချက်တစ်ခုကို ပြောကြားခဲ့ပြီး ၎င်း၏ မဲဆွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ အဓိပ္ပါယ်ကောက်လွဲခြင်းသာဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အိုင်အက်စ်၏ အင်အား ယုတ်လျော့သွားပြီ ဖြစ်သော်လည်း လျှော့တွက်၍ မရဟု အိုဘားမားဆို

    အိုင်အက်စ်တို့၏ အင်အားသည် သိသာစွာ ယုတ်လျော့ အားနည်းသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုကို လုံးဝ လျှော့မတွက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရပြီ ဖြစ်သလို အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များ၏ လပေါင်းများစွာ ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အိုင်အက်စ်တို့အတွက် ကြီးကြီးမားမား အကျပ်ရိုက်စရာများ ကြုံခဲ့ရသည်။ သို့သော် ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး စစ်သွေးကြွများ အနေဖြင့် အဆိုပါ အရှုံးများကို ခါးသီးစွာ တုံ့ပြန်ပြီး နိုင်ငံရပ်ခြား ဒေသများတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပိုမို ပစ်မှတ် ထားလာနိုင်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကယ်လီဖိုးနီးယားမြောက်ပိုင်းဒေသတွင် မြေဧက ၄၀,၀၀၀ ကျော် တောမီးလောင်ကျွမ်း

    အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသ Big Sur အရပ်အနီး၌ သီတင်းတစ်ပတ်ကြာ လောင်ကျွမ်း နေသော တောမီးသည် မြေဧက ၄၀,၀၀၀ ကျော်ကို လောင်မြိုက် ဖျက်ဆီးခဲ့ရာ ယင်းမီးလောင်ကျွမ်း မှုအကျယ်အ၀န်းမှာ ဆန်ဖရန်စစ္စကိုမြို့အရွယ်အစားနီးပါး ရှိလာသည်ဟု ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ဌာနက ပြောကြားသည်။ တောမီးကို ဇူလိုင် ၃၁ ရက် တွင် အပြည့်အ၀ထိန်းချုပ်နိုင်မည် ဟု မူလက ခန့်မှန်းထားသော် လည်း လက်ရှိအချိန်အထိ အပြည့်အ၀ထိန်းချုပ်နိုင်ခြင်းမရှိပေ။

    ဆက်ဖတ် ရန် ...
  • တက္ကဆက်ပြည်နယ်တွင် မိုးပျံပူဖောင်း ပျက်ကျပြီး လူ ၁၆ ဦး သေဆုံး

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က မိုးပျံပူဖောင်းတစ်လုံးပျက်ကျခဲ့ရာ လူ ၁၆ ဦးအထိ သေဆုံးခဲ့ကြောင်းနှင့် ယင်းမှာမိုးပျံပူဖောင်း မတော်တဆမှုဖြစ်ရပ်များတွင် လူအသေအပျောက်အများဆုံးဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် သမ္မတသစ် နေရာအတွက် ကလင်တန်သာ အထိုက်တန်ဆုံးဟု အိုဘားမား ထောက်ခံ

    ဟီလာရီကလင်တန်သည် အမေရိကန်သမ္မတသစ်အဖြစ် အထိုက်တန်ဆုံးပုဂ္ဂိုလ်ဟု လက်ရှိအမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ထောက်ခံ ပြောကြားခဲ့သည်။ ဇူလိုင် ၂၇ ရက်တွင် အိုဘားမား၏ ဒီမိုကရက်ပါတီသည် လာမည့် နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကလင်တန်ကို တရားဝင် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ကလင်တန်သည် အိုဘားမား၏ ပထမသက်တမ်း ၄ နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သူမ၏ခင်ပွန်းသည် ဘီလ်ကလင်တန်မှာလည်း အမေရိကန်သမ္မတဟောင်းတစ်ဦး ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးပေါက်ကွဲ

    ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးစမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၄ရက် ည ၇နာရီ ၄၅မိနစ်၌ တက္ကသိုလ်ရိပ်သာ လမ်းရှိ အမေရိကန်သံရုံးဝင်းအ တွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ်ပေါက် ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့များ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကပြောသည်။

    ဆက်ဖတ် ရန် ...
  • အိုင်အက်စ်ကို အပြီးသတ် ထိုးစစ်ဆင်နွှဲရန် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ ဆွေးနွေး

    အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်ဆင်ရေးများ လက်တွဲ ဆောင်ရွက်နေသည့် မဟာမိတ် အင်အားစုများ ပူးပေါင်းပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက် စစ်သွေးကြွများကို ဝန်းရံတိုက်ခိုက်ရန် မဟာဗျူဟာများ ချမှတ်နေကြောင်း ဆိုသည်။ ၎င်းက အိုင်အက်များကို ဆီးရီးယားရှိ ရက္ကာနှင့် အီရတ်ရှိ မိုဆူးလ်တို့တွင် စုရုံး ပိတ်ဆို့ထားရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ မြို့ကြီးများသည် သက်ဆိုင်ရာ နိုင်ငံများတွင် အိုင်အက်စ်က အဓိက ဗဟိုထိန်းချုပ်ရေး အခြေစိုက် စခန်းအဖြစ် သိမ်းပိုက်ထားသည့် နေရာများ ဖြစ်သည်။ အိုင်အက်စ်တို့အပေါ် စစ်ရေးအရ အသာစီး ရနေသော်လည်း ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများဖြင့် တုံ့ပြန် တိုက်ခိုက်လာနိုင်ခြေကို အလေးအနက် သတိထားရန် လိုကြောင်းလည်း ကာတာက ဝန်ခံခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် စစ်ရေး လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်တစ်ဦးကို ထောင်ဒဏ် ၄ နှစ်နီးပါးချမှတ်

    စစ်ရေး လျှို့ဝှက်ချက်များ၊ နည်းပညာများကို ခိုးယူမှုဖြင့် တရုတ် စီးပွားရေးသမား တစ်ဦးကို အမေရိကန်က ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ ဆူဘင်းသည် ဟက်ကာများနှင့် ဆက်သွယ်ကာ ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီများကို ထိုးဖောက်ကာ သတင်းအချက်အလက်များကို တရုတ်စစ်တပ်အတွက် ခိုးယူပေးခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားသည်။ ၎င်းကို ကနေဒါ နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရကမူ မိမိတို့သည် နိုင်ငံခြား ကုမ္ပဏီများ၊ အစိုးရများကို ဟက်ကာများက ထိုးဖောက်ခဲ့ရာ၌ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ လော့စ်အန်ဂျလိစ်မြို့ရှိ အမေရိကန် တရားရုံး တစ်ခုက ဆူကို ထောင်ဒဏ် ၄၆ လ ချမှတ်ခဲ့ပြီး ဒဏ်ကြေး ဒေါ်လာတစ်သောင်း ပေးဆောင်ရန်လည်း အမိန့်ချခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် ဆန္ဒပြပွဲ တစ်ခုတွင် စနိုက်ပါဖြင့် ချောင်းပစ်မှုကြောင့် ရဲလေးဦး သေဆုံး

    အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ကြိုးစားရင်း စနိုက်ပါ သေနတ်သမားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ အမေရိကန်တွင် ရဲတပ်ဖွဲ့က လူမည်းနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားစဉ် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဟု အာဏာပိုင်များက ဆိုသည်။ ဒဲလက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ယခုဖြစ်စဉ်အပြီးတွင် တရားခံများကို အစွမ်းကုန် ကြိုးစား ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ရဲနှင့် ဆန္ဒပြသူများ အခြေအတင် ဖြစ်နေစဉ် သေနတ်သံများ ပေါ်လာသဖြင့် လူအားလုံး ဘေးလွတ်ရာ ထွက်ပြေးပြီး ကျည်ကွယ်မျက်ကွယ်တွင် တိမ်းရှောင်ခဲ့ရသည်။ အဆိုပါ ဆန္ဒပြမှုများသည် ရဲများ၏ ပစ်ခတ်မှုကြောင့် မင်နီဆိုးတားတွင် သေဆုံးခဲ့သည့် ဖီလန်ဒို၊ ကက်စ်တီလီနှင့် လူဝီစီးယားနားမှ အယ်လ်တန် စတာလင်တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • မဟာမိတ်လေတပ်၏ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်၏ အရေးပါသည့် တပ်မှူးနှစ်ဦး သေဆုံး

    အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်၏ တိုက်ခိုက်မှုများအတွင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့မှ အရေးပါသော တပ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့်လ နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိုင်အက်စ်၏ စစ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အကြီးတန်း ဗျူဟာမှူးတစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။ အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်သည် အီရတ်ပိုင်နက်တွင် အိုင်အက်စ် သိမ်းပိုက်ထားရာ နယ်မြေများမှ စစ်သွေးကြွများကို အစိုးရတပ်များက တွန်းလှန်တိုက်ထုတ်ရာ၌ ထဲထဲဝင်ဝင် ကူညီပေးလျက် ရှိသည်။ အယ်လ်ကိုင်ဒါ စစ်ဦးစီးဟောင်း တစ်ဦးဖြစ်ပြီး လတ်တလောတွင် အိုင်အက်စနှင့် ပူးပေါင်းထားသည့် ဘာဆင်မ် မူဟာမက် အာမက် ဆူလ်တန် အယ်လ်ဘာဂျာရာသည် လေတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပင်တဂွန်၏ ဖော်ပြချက်တွင် ပါရှိသည်။ အိုင်အက်စ် စစ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည့် အယ်ဘာဂျာရာသည် လက်လုပ်ဗုံးများ၊ ဖောက်ခွဲရေး ကိရိယာများ၊ အဆိပ်ဓာတ်ငွေ့ လက်နက်များ ဖန်တီးရာတွင် ထူးချွန်သူ တစ်ဦးအဖြစ် နာမည်ကြီးခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် ပြုလုပ်သော မီးနင်းပွဲ၌ ပါဝင်သူ ၄၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိ

    အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်၌ စိတ်ဓာတ်တက်ကြွရေး လှုံ့ဆော်ဟောပြောသူ တိုနီရော်ဘင်ပြုလုပ်သော ဆွေးနွေးပွဲတွင် လူ ၄၀ ကျော်တို့ သည် ဆွေးနွေးပွဲအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မီးနင်းပွဲ၌ ပါဝင်ခဲ့ပြီးနောက် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု အမေရိကန် အရာရှိများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ ဒါးလက်စ်မြို့၌ ပြုလုပ်ခဲ့သော ‘အတွင်းအားကို ဖွင့်ထုတ်ပါ’ (Unleash the Power Within) ပွဲသို့ တက်ရောက်ခဲ့သူများက ၎င်းတို့၏ ခြေလက်များ မီးလောင်ခဲ့သည်ဟု ဇွန်လ ၂၃ ရက် ည ၁၁ နာရီတွင် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြောင်း ဒါးလက်စ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရသူ ဂျွန်ဆန်အီဗန်က ပြောသည်။ ပွဲတက်ရောက်သူ အများအပြားသည် မီးခဲများပေါ်မှ လမ်း လျှောက်ရန် တိုက်တွန်းခံရပြီးနောက် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အီဗန်က ပြောသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် ဦးဆောင်သည့် ဆီးရီးယား တော်လှန်ရေးတပ်များကို အိုင်အက်စ် တန်ပြန်တိုက်စစ်ဆင်

    အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ကို ဖိအားပေး တိုက်ခိုက်နေသည့် အမေရိကန် လိုလားသော တော်လှန်ရေး အင်အားစုများကို တန်ပြန်တိုက်စစ် အစပြု တုံ့ပြန်နေကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်နှင့်ရော၊ ဆီးရီးယားစစ်တပ်၏ ရန်သူဖြစ်သည့် အမေရိကန်ဦးဆောင်သော သူပုန်တပ်များနှင့်ပါ စစ်ခင်းနေရာ သုံးပွင့်ဆိုင် ပဋိပက္ခအသွင်ကို ဆောင်နေသည်။ မကြာသေးမီ လပိုင်းအတွင်း အမေရိကန် အထောက်အပံ့ပေးသည့် ဆီးရီးယား သူပုန်တပ်များက အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဇွန် ၂၀ တွင် ဆီးရီးယားပိုင် မန်းဘစ်ဂ်ျမြို့အနီး၌ အိုင်အက်စ်တို့၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ကြေညာခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ဓါတ်ပုံသတင်း/အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် တိုရွန်တိုများအတွက်စုပေါင်းဝါဖြေပွဲကျင်းပနေပုံ။

    အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် ကနေဒါနိုင်ငံမှ တိုရွန်တိုများအတွက် လမြတ်ရမ်သွာန်တွင် ရိုဇာ ထားသူများစုပေါင်းဝါဖြေပွဲကျင်းပနေပုံ။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားကို တိုက်ရန် အမေရိကန် အစိုးရကို သံအရာရှိများ စုပေါင်းတောင်းဆို

    ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူတိုက်ခိုက်ပေးပါရန် အမေရိကန်သံအရာရှိ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလယ်အလတ်နှင့် အမြင့်ပိုင်းရာထူးအဆင့်ရှိသူ အရာရှိ ၅၁ ဦးက အမေရိကန်အစိုးရအနေဖြင့် သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူပေးရန် တိုက်တွန်းခဲ့ကြကြောင်း အတည်ပြုခဲ့သည်။ သမ္မတဘာရတ်အိုဘားမား လက်ရှိကျင့်သုံးနေသည့် ဆီးရီးယားမူဝါဒများသည် အာဏာရှင် အာဆတ်ကို ရာထူးဆက်မြဲနေစေရန် အထောက်အကူ ပေးသကဲ့သို့ ရှိနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အစိုးရ၏ မူဝါဒပိုင်းကို ပါဝင်အကြံပေးမှုမျိုးသည် အမေရိကန်တွင် ရှားပါးသော အခြေအနေမျိုး မဟုတ်ချေ။ သို့သော် အိမ်ဖြူတော်၏ ရပ်တည်မှုကို သံအရာရှိများ စုပေါင်းပြီး တိုက်ရိုက်ဆန့်ကျင်သည့် အနေအထားကမူ ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ လက်ဝှေ့အကျော်အမော် မိုဟာမက် အလီ၏ ဈာပနအခမ်းအနားကျင်းပ၊ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများ တက်ရောက်

    ဇွန် ၁၁ ။ ။ ကမ္ဘာ့လက်ဝှေ့လောကတွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၀ ရက်က ၎င်း၏ မွေးရပ်မြေ Louisville တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး၊ အားကစား နှင့် အနုပညာ စသည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါအ၀င် အလီ၏ မိသားစုဝင်များ၊ ပရိသတ်များက တက်ရောက်လာခဲ့ကြသည်။ အလီသည် ပါကင်ဆန်ရောဂါ ကာလကြာ ခံစားခဲ့ရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် လက်ဝှေ့ကျော် အလီမှာ အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နာမည်ကျော် ပုဂ္ဂိုလ်များ၊ လက်ဝှေ့ချစ် ပရိသတ်များနှင့် မိုဟာမက်အလီကို ချစ်ခင်အားပေးကြသူများက ဇွန်လ ၁၀ ရက်တွင် ၎င်း၏ ဇာတိမြေ Louisville တွင် စုဝေးရောက်ရှိခဲ့ကြပြီး ၎င်း၏ ဈာပနအခမ်းအနားကျင်းပသည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။

    ဆက်ဖတ် ရန် ...
  • တရုတ်ရေတပ်လှုပ်ရှားမှု အမေရိကန်စောင့်ကြည့်

    တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ ဂျပန်နိုင်ငံက ထိန်းချုပ်တဲ့ ကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဇွန် ၉ ရက်နေ့ မနက် အရုဏ်မတက်ခင်က တရုတ်ဖရီးဂိတ်စစ်ရေယာဉ်ဟာ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ဆင်ကကုကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်လာပြီး ၂ နာရီနဲ့ မိနစ် ၂၀ ကြာ မောင်းနှင်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က်တွန်နာက ဒီဖြစ်ရပ်ကို ဂျပန်အစိုးရက အမေရိကန်အစိုးရကို အကြောင်းကြားတယ်လို့ မနေ့က ပြောပါတယ်။ မာ့က်တွန်နာက “ဒီလိုသတင်းတွေကြောင့် အမြဲတမ်း စိုရိမ်ပူပန်ရပါတယ်။ ဂျပန်အစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ်တိုင်ပင်သွားပါမယ်။ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ရဲ့အ၀န်းအ၀ိုင်း အတွင်းမှာရှိတယ်” လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်၏ F-35 တိုက်လေယာဉ် နှစ်စင်း နယ်သာလန်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

    ဥရောပ လေကြောင်းပြပွဲတွင် ပွဲဦးထွက် မပြသမီ အမေရိကန်လုပ် F-35 တိုက်လေယာဉ် နှစ်စင်းသည် မေ ၂၃ ရက်က နယ်သာလန်သို့ ရောက်ရှိလာခဲ့သည်။ လော့ဟိမာတင် ကုမ္ပဏီက တည်ဆောက်သော ယင်းတိုက်လေယာဉ် နှစ်စင်းသည် လာမည့် နှစ် ၅၀ အတွင်း နယ်သာလန် တိုက်လေယာဉ် အုပ်စုတွင် အဓိက လေယာဉ်များ ဖြစ်လာမည် ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက ပြုလုပ်နေသော နိုင်ငံအသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ထရမ့်သည် အမေရိကန် သမ္မတ ရာထူးအတွက် အရည်အချင်း ပြည့်မီသူ မဟုတ်ဟု ကလင်တန် ဝေဖန်

    ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသူ တစ်ဦးမဟုတ်ဟု ဟီလာရီ ကလင်တန်က တိုက်ခိုက် ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • တရုတ်တိုက်လေယာဉ်များ နှောင့်ယှက်ပျံသန်းမှုကို အမေရိကန် ဝေဖန်

    တောင်တရုတ်ပင်လယ်အထက်တွင် တရုတ်တိုက်လေယာဉ်များက အမေရိကန်ရေတပ်၏ ကင်းလှည့်လေယာဉ်တစ်စီးကို နှောင့်ယှက်ပျံသန်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်ဘက်က ဝေဖန်ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ဆက်ထားမယ့် အမေရိကန် ဆန်ရှင်က တချို့လွတ်ဖွယ်ရှိ

    အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဆက်လက်ထားရှိသွားရန် စီစဉ်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်လာရန် ရည်ရွယ်၍ အပြောင်းအလဲ အချို့ ပြုလုပ်သွားမည် ဖြစ် ကြောင်း အမေရိကန် အစိုးရနှင့် လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှာ လာမည့် အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဆက်ထားမယ့် အမေရိကန် ဆန်ရှင်က တချို့လွတ်ဖွယ်ရှိ

    အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဆက်လက်ထားရှိသွားရန် စီစဉ်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်လာရန် ရည်ရွယ်၍ အပြောင်းအလဲ အချို့ ပြုလုပ်သွားမည် ဖြစ် ကြောင်း အမေရိကန် အစိုးရနှင့် လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှာ လာမည့် အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဗလီကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သူ အမျိုးသားတစ်ဦးကို အမေရိကန်က ထောင်ချ

    ပဲရစ်မှာ နိုဝင်ဘာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး မကြာမီ ဗလီနှစ်လုံးကို ဗုံးခွဲကာ လာရောက်ဝတ်ပြုသူတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးကို ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက် အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် လမ်းသူရဲဂိုဏ်းသား အယောက် ၁၂၀ ကို ဖမ်းဆီး

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • တိုင်းမ်မဂ္ဂဇင်းပါ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အိုဘားမား ရေးသား

    နာမည်ကြီး အမေရိကန် သတင်းမဂ္ဂဇင်း တိုင်းမ်တွင် ကမ္ဘာပေါ်ရှိ ဩဇာအရှိဆုံး လူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ဖော်ပြလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွက် ရွေးချယ်မှုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကာ အမေရိကန်သမ္မတ အိုဘားမားက ရေးသားပေးထားသည်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဟု သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှုကို ကြိုဆိုပြီးမြန်မာအစိုးရအား ဆက်လက်ကူညီ ပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတအိုဘားမားက ဒေါ်အောင် ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ပြောကြားခဲ့သည် ဟု အမေရိကန်သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်မှာ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဗလီဝတ်ကျောင်းတော် တစ်လုံးကို လာမည့် စနေနေ့တွင် လာရောက်ဖွင့်လှစ်ပေးမည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • “အမေရိကန်သံအမတ်သစ် ရောက်ရှိ”

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည့် သံအမတ်အသစ် မစ္စတာစကော့မာစီရယ်လ်နှင့်ဇနီးတို့သည့် မြန်မာနိုင်ငံသို့ ယနေ့(မတ်လ ၂၅ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ယင်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

    ဆက်ဖတ် ရန် ...
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century