• စစ်လက်နက်ပစ္စည်းများ အမေရိကန် ရောင်းပါက အသုံးတည့်လျှင် ၀ယ်မည်ဟု တပ်ချုပ်ပြော

    မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်း မွန်လာမည်ဟု ယုံကြည်ပြီး စစ် လက်နက်ပစ္စည်းများ အမေရိ ကန်ကရောင်းပါက အသုံးတည့်လျှင် ၀ယ်ယူမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၀ါရှင် တန်ပို့စ်သတင်းဌာနနှင့် အင်တာ ဗျူးတွင် ပြောကြားသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်ကို ထောက်လှမ်းသည့် အစ္စရေးသူလျှို အခွင့်အရေးများဖြင့် ထောင်မှလွတ်

    အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည့် အစ္စရေးသူလျှို ဂျိုနသန် ပိုလာ့ဒ်မှာ ထောင်ဒဏ် နှစ် ၃၀ ကျခံရပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • သမ္မတ အိုဘားမား မလေးရှားသို့ ရောက်ရှိပြီး ပထမဆုံး လုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရ

    ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် မလေးရှားနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား ရောက်ရှိပြီး ပထမဆုံး ပြုလုပ်သည့် လူငယ် တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောဆိုခဲ့ပါသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous အဖွဲ့က လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan (KKK သုံးလုံးဂိုဏ်း) အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအချို့ကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်သွားမည်ဟု အမေရိကန်သမ္မလောင်း ကတိပြု

    ဗားမောင့်ဒေသ၏ အထက်လွှတ်တော် အမတ်ဖြစ်ပြီး ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်းဖြစ်သည့် ဘာရ်နီ ဆန်ဒါးရ်က မိမိအနေဖြင့် အစ္စလာမ်ကြောက်ရောဂါနှင့် အခြားသော လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို အဆုံးသတ်စေမည်ဟု ကတိပြု ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ပျောက်ဆုံး ကုန်တင်သင်္ဘော နစ်မြုပ်သွားပြီဟု အမေရိကန် ကမ်းခြေစောင့်တပ် ယုံကြည်နေ

    မုန်တိုင်း တိုက်ခတ်နေစဉ် ကာရေဘီယန် ပင်လယ်အတွင်း ပျောက်ဆုံးသွားသည့် ကုန်တင် သင်္ဘောသည် နစ်မြုပ်သွားပြီဟု ယုံကြည်ရကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က ကြေညာခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ယာကွင်း တိုက်ခတ်နေစဉ် အတောအတွင်း အယ်လ်ဖာရို သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ၉၆ နာရီ အကြာတွင် ကမ်းခြေစောင့်တပ်က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။ ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောကို နောက်ဆုံး ထောက်လှမ်းတွေ့ရှိသည့် နေရာအနီးတဝိုက်တွင် သင်္ဘော၏ အစိတ်အပိုင်း အချို့ကိုသာ တွေ့ရှိရကြောင်း ဆိုသည်။ ယခုအခါ ကမ်းခြေစောင့်တပ်သည် သင်္ဘောပေါ်တွင် လိုက်ပါသွားသူများအနက် အသက်ရှင် ကျန်သူများ ရှိမရှိကို ပိုမို အာရုံစိုက် ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။ ကမ်းခြေစောင့်တပ်မှ ဗိုလ်ကြီး မာ့ခ်ဖီဒါက သင်္ဘောပေါ်တွင် အသက်ကယ် အင်္ကျီများ၊ အသက်ကယ်လှေများ လုံလောက်စွာ ပါသွားသဖြင့် အသက်ရှင် လွတ်မြောက်သူများ ရှိနိုင်သည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၅ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် ခရီးသည်တင် လေယာဉ်တစ်စီး ပျံသန်းနေစဉ် လေယာဉ်မှူး သေဆုံး

    အမေရိကန် ခရီးသည်တင် လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် လေယာဉ်မှူး သေဆုံးသွားခြင်းကြောင့် တွဲဖက် လေယာဉ်မှူးက လေယာဉ်ကို ထိန်းသိမ်းကာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အောက်တိုဘာ ၅ ရက်တွင် ဖီးနစ်မှ ဘော်စတွန်သို့ ပျံသန်းသည့် အမေရိကန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၅၅၀ ပေါ်တွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟု သိရသည်။ “ကံမကောင်းစွာနဲ့ပဲ လေယာဉ်မှူး ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။ လေယာဉ်မှူးရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်”ဟု အမေရိကန် လေကြောင်းလိုင်းက ကြေညာခဲ့သည်။ လေယာဉ်မှူး ရုတ်တရက် နာမကျန်း ဖြစ်လာသည့်နောက် တွဲဖက် လေယာဉ်မှူးက Airbus A320ကို လွှဲပြောင်း တာဝန်ယူကာ ဆိုင်ရာကူဆေးဟန်းကော့ခ် လေဆိပ်သို့ လမ်းကြောင်းပြောင်း ပျံသန်းပြီး ဘေးရန်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၇ ဦးနှင့် အမှုထမ်း ၅ ဦးတို့ လိုက်ပါလာကြောင်းလည်း သိရသည်။

    ဆက်ဖတ် ရန် ...
  • နှစ် ၁၀၀၀ အတွင်း အဆိုးဆုံး ရေကြီးမှုမျိုး ကြုံနေကြောင်း တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်အစိုးရ ကြေညာ

    တောင်ပိုင်း ကာရိုလိုင်းနားတွင် နှစ်ပေါင်း ၁၀၀၀ အတွင်း အဆိုးဆုံး မိုးသည်းထန်မှု၊ ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ပြည်နယ် အစိုးရက ကြေညာခဲ့သည်။ အမေရိကန် အရှေ့တောင်ပိုင်း ကမ်းခြေရှိ ပြည်နယ်တွင် ကြုံနေရသည့် ရေဘေးသည် နှစ်ပေါင်း ၁၀၀၀ မျှ သမိုင်းကြောင်းအတွင်း မကြုံဖူးလောက်အောင် ဆိုးရွားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေက ပြောကြားခဲ့သည်။ ပြည်နယ်၏ ပျမ်းမျှ မိုးရေချိန်သည် မကြုံစဖူး ထူးထူးကဲကဲ မြင့်မားနေပြီး သမိုင်းဝင်မြို့တော် ချာလက်စတန်တွင် ၃ ရက်အတွင်း မိုးရေချိန် ၁၃ လက်မမျှထိ ရွာသွန်းခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ကျောင်းများကို ပိတ်ထားလိုက်ရသလို ပြည်နယ်တွင်းရှိ အဓိက အဝေးပြေး လမ်းမကြီး အချို့ကိုလည်း အသုံးပြု၍ မရတော့ချေ။

    ဆက်ဖတ် ရန် ...
  • အော်ရီဂွန်ကောလိပ် ပစ်ခတ်မှု တရားခံတွင် သေနတ် ၁၃ လက်ထိ ပိုင်ဆိုင်ထား

    အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရှိ ကောလိပ်တစ်ခုတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ ပြစ်မှုကျူးလွန်သူ သေနတ်သမားသည် လက်နက်အများအပြားကို စုဆောင်း ဝယ်ယူထားကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ် တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၁ ရက် နံနက် အစောပိုင်းက သေနတ်သမား ခရစ် ဟာပါ မာဆာသည် Umqua ကွန်မြူနတီ ကောလိပ်ထဲတွင် ဝင်ရောက်ပစ်ခတ်ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး ၎င်းကို လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ် သုတ်သင်ခဲ့ရသည်။ အခင်းဖြစ်ချိန်တွင် မာဆာသည် ကျည်ကာ ဂျာကင် တစ်ထည်ကို ဝတ်ဆင်ကာ သေနတ် ၆ လက် သယ်ဆောင်လာကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားတွင် အမေရိကန်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တိုက်ရန် စဉ်းစားနေဟု ပူတင် ပြောကြား

    အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့်နောက် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှ ပူးပေါင်းတိုက်ခိုက်ရန် အလေးအနက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။ အမေရိကန်နှင့် မဟာမိတ် နိုင်ငံများသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်နေသော်လည်း ဆီးရီးယား အစိုးရနှင့် ပူးပေါင်းမှု မရှိချေ။ ယခုအခါ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသည် အိုင်အက်စ်တို့ကို ချေမှုန်းရေး စစ်ပွဲတွင် ဆီးရီးယားကို လက်နက်များ စတင် ထောက်ပံ့နေပြီဖြစ်ရာ အမေရိကန်က ယင်းအခြေအနေကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် လေ့ကျင့်ပေးထားသည့် ဆီးရီးယား သူပုန်များက အယ်လ်ကိုင်ဒါထံ လက်နက်ပစ္စည်းများ လွှဲပေးခဲ့ရ

    အမေရိကန်က လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်အချို့သည် ၎င်းတို့၏ စစ်လက်နက် ပစ္စည်းများကို အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များထံ လွှဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ အမေရိကန် စစ်ဘက်က ၎င်းတို့ စနစ်တကျ သင်တန်းပို့ချခဲ့သည့် ဆီးရီးယား သူပုန်အဖွဲ့များအနက် ယူနစ်တစ်ခုသည် မဖြစ်မနေ အခြေအနေမျိုးကြောင့် စစ်လက်နက်များကို စစ်သွေးကြွများထံ လွှဲပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။ အမေရိကန် လေ့ကျင့်ပေးထားသည့် တိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့် သီတင်းပတ်က အယ်လ်ကိုင်ဒါ လက်အောက်ခံ အယ်လ်နျူဆာရာ တပ်ဦးထံသို့ ပစ်ကပ် ထရပ်ကား ခြောက်စီးနှင့် ခဲယမ်းမီးကျောက်များ လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အယ်လ်နျူဆာရာတို့ ထိန်းချုပ်ထားသည့် နယ်မြေကို လုံခြုံဘေးကင်းစွာ ဖြတ်သန်းခွင့်ရရေးအတွက် ညှိနှိုင်းခဲ့သည့် အပေးအယူ ဖြစ်ဖွယ်ရှိသည်။

    ဆက်ဖတ် ရန် ...
  • အိုဘားမား၏ ဆိုးမွေဖြစ်လာမည့် ဆီးရီးယား ပဋိပက္ခ

    ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ အပျက်အစီးများအကြားတွင် ဆီးရီးယားအမျိုးသားတစ်ဦး လမ်းလျှောက်နေစဉ်/DIMITAR DILKOFFDIMITAR DILKOFF/AFP အမေရိကန်၏ ထင်ရှားသော သမ္မတ အချို့သည် ၎င်းတို့ ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုများကြောင့် အမှတ်ရစရာဖြစ်ခဲ့သလို အမှားအယွင်း ကျရှုံးမှုများဖြင့်လည်း သမိုင်းတွင်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးသည်။ လက်ရှိ သမ္မတ ဘားရက် အိုဘားမားအတွက်မူ ဆီးရီးယား အရေးနှင့် ပတ်သက်၍ ၎င်း၏ ကိုင်တွယ်ပုံနှင့် သဘောထားက သမိုင်းဝင် အမှားတစ်ခု ဖြစ်လာနိုင်မည့် လမ်းကြောင်းသို့ ဦးတည် လျက်ရှိသည်။

    ဆက်ဖတ် ရန် ...
  • နာရီနှင့်ဗုံး မှားယွင်းစွပ်စွဲခံရသည့် အမေရိကန်လူငယ်လေးကို ကျောင်းပြောင်းမည်ဟု မိသားစု အတည်ပြု

    ကိုယ်တိုင်တီထွင်ထားသည့် နာရီကို ဗုံးအဖြစ် မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရသည့် အမေရိကန် လူငယ်လေးကို ကျောင်းပြောင်းလိုက်ပြီဖြစ်ကြောင်း မိသားစုက အတည်ပြု ကြေညာခဲ့သည်။ တက္ကဆက်စ်ရှိ အာဗင်းတွင် နေထိုင်သော အာမက် မိုဟာမက်သည် ကိုယ်တိုင် တီထွင်ထားသည့် ဒီဂျစ်တယ် နာရီကို ကျောင်းသို့ ယူဆောင်ကာ အင်္ဂလိပ်စာ ဆရာမကို ပြသခဲ့သော်လည်း သူမက ဗုံးဟု အထင်မှားကာ ရဲများထံ တိုင်ကြားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက ဖြစ်ရပ်တွင် ရဲများက အာမက်ကို ဖမ်းဆီးခဲ့ပြီးမှ အထင်အမြင် လွဲခြင်းဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ အာမက်၏ မိသားစုက မိမိ၏သားသည် မွတ်ဆလင်တစ်ဦး ဖြစ်နေသဖြင့် ကျောင်းက ယခုလို ဆက်ဆံခြင်းဟု ခံစားမိကြောင်း ဖွင့်ဟခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေ ရာနှင့်ချီ ဆုံးရှုံး

    အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီးများ လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းနေပြီး နေအိမ်နှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ကယ်လီဖိုးနီးယား မြောက်ပိုင်း မစ်ဒယ်လ်တောင်း ကျေးရွာတွင် အိမ်ခြေအဆောက်အအုံ ရာနှင့်ချီ မီးလောင်ကျွမ်းခံရပြီး ပတ်ဝန်းကျင် ဒေသများကိုပါ ခြိမ်းခြောက်နေကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။

    ဆက်ဖတ် ရန် ...
  • နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေး အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံရန်စီစဉ်

    နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍတွင် သဘောကွဲလွဲမှုများ ရှိလာခြင်းကို ဖြေရှင်းရန်အတွက် အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များ နိုဝင်ဘာလအတွင်း တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

    ဆက်ဖတ် ရန် ...
  • ကနေဒါ နာမည်ကျော် ရက်ပါ ဟဂ်ျပြုရန် ဆော်ဒီသို့ ရောက်ရှိ

    – ဆိုမာလီဖွား ကနေဒါ နာမည်ကြီး ရက်ပါ ကေနန်းမှာ မိသားစုနှင့်အတူ ယခုနှစ် ဟဂ်ျခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေပြီး ၎င်း၏ ဓာတ်ပုံများကိုလည်း ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သည်။ “တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ)ရဲ့ နေအိမ်နဲ့ မြေပုံကို အနောက်မှာထားပြီး နဗ၀ီ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုရတာဟာ အသက်ဝင်ပြီး သမိုင်းရဲ့အငွေ့အသက်တွေကိုလည်း ရှုရှိုက်ရပါတယ်။ ပြီးတော့ ကျွန်တော့် အမေ၊ ညီမနဲ့အတူ ဒီနေရာမှာ ၀တ်ပြုဆုတောင်းရတာဟာ – ငယ်ငယ်က အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ကာနန်းက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    အီရန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ ရခဲ့သည့် နျူအရေး သဘောတူညီချက်အား အထက်လွှတ်တော်မှ ဆန့်ကျင်မှုကို ဗီတိုသုံး၍ ပယ်ချရန် အမေရိကန်သမ္မတ အိုဘားမားမှာ လုံလောက်သည့် ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်ရုပ်သံတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပစ်ခတ်ခံရမှုကြောင့် ၀န်ထမ်း ၂ ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ WDBJ7 ရုပ်သံသတင်းဌာနမှ အင်တာဗျူးအစီအစဉ်တစ်ခု တိုက်ရိုက်ထုတ်လွှင့်နေစဉ် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • လူမည်းဆယ်ကျော်သက် အသတ်ခံရသည့် ၁ နှစ်ပြည့် နယူးယောက်တွင် ဆန္ဒပြ

    အမေရိကန်ပြည်ထောင်စုမှာ လက်နက်မပါတဲ့ လူမည်းဆယ်ကျော်သက်ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ၁ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် နယူးယောက်မှာရှိတဲ့ ယူနီယံရင်ပြင်မှာ သြဂုတ် ၉ ရက်နေ့က လူရာပေါင်းများစွာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် နျူကလီးယား ဆန့်ကျင်ဆန္ဒပြသူ ၅၀ ခန့် ဖမ်းဆီးခံရ

    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နျူကလီးယား လက်နက် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ လူ ၅၀ ၀န်းကျင် အဖမ်းခံလိုက်ရတယ်လို့ စပိန်သတင်းဌာနတခုမှာ ဖော်ပြပါတယ်။ ဆန္ဒပြသမားတွေထဲမှာ အသက် ၈၀ ကျော်တွေလည်း ပါဝင်ပြီး လူစုခွဲဖို့ အမိန့်ပေးတာကို သူတို့က အာခံခဲ့ကြတယ်လို့ ဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • တောင်တရုတ်ပင်လယ်အတွင်း ကန့်သတ်မှုကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုများ ဖန်တီးနေမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နိုင်ငံအား သတိပေးလိုက်ပြီး ထိုပင်လယ်အတွင်း မည်သည့်ကန့်သတ်မှုကိုမှ အမေရိကန်က လက်ခံမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • မွတ်စလင်အမျိုးသမီးအား ဟိဂျဘ်ပုဝါကြောင့် အလုပ်မပေးသည့်ကုမ္ပဏီ နစ်နာကြေးပေးရ

    အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး အလုပ်သွားလျှောက်ရာတွင် ၎င်း၏ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်မပေးခဲ့သည် အ၀တ်အစားကုမ္ပဏီ Abercrombie & Fitch အနေဖြင့် နစ်နားကြေးပေးဆောင်ခဲ့ရသည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် လူဖြူအစွန်းရောက်ဂိုဏ်းသားများ ဆန္ဒပြ

    ခွဲထွက်ရေးနှင့် လူမျိုးရေးခွဲခြားမှု သဘောထားများ ပါဝင်သော ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို လူဖြူလူမျိုးကြီးဝါဒီအဖွဲ့ Ku Klux Klan (ကေသုံးလုံးဂိုဏ်း) က ယမန်နေ့တွင် တောင်ကယ်ရိုလိုင်းနား၌ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • ဆိုဒါဘူးတောင်းသည့် မွတ်စလင် အမျိုးသမီးကို အကြမ်းဖက်သမားသဖွယ် ဆက်ဆံမိသည့် လေကြောင်းလိုင်းက ပြန်တောင်းပန်ရ

    ဆိုဒါဘူးတောင်းသည့် မွတ်စလင် အမျိုးသမီးအမေရိကန် လေကြောင်းလိုင်း တစ်လိုင်းက လေယာဉ်အမှုထမ်း တစ်ဦးက မွတ်စလင် အမျိုးသမီး ခရီးသည် တစ်ဦးကို အကြမ်းဖက်သမားသဖွယ် စွပ်စွဲဆက်ဆံမိ၍ပြန်လည်တောင်းပန်ခဲ့ရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူ ၉ ဦး သေဆုံး

    အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်နဲ့ အိုကလာ ဟိုးမားပြည်နယ်တို့မှာ မိုးသည်းထန်နေတာကြောင့် လူ ၉ ဦးထက် မနည်း သေဆုံးသွားတယ်လို့ အရာရှိတွေ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ယီမင်နိုင်ငံသူ နိုင်ငံသားများကို အမျက်ဒေါသထွက်စေသည့် ထွက်ပြေးနေသည့်ယီမင် သမ္မတဟောင်းနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တို့၏

    ထွက်ပြေးနေသည့်ယီမင် သမ္မတဟောင်း (မန်စူရ် ဟာဒီ ) နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး (ဂျောန်ကယ်ရီ် ) တို့အား ဆော်ဒီအာရေဗျ ဘုရင်တွေ၏ ဓာတ်ပုံများ တွဲချိတ်ထားသည့်နေရာတွင် အတူ တွဲရိုက်ပြီး ထုတ်လွှင့်ခဲ့ မှုကြောင့် ယီမင်နိုင်ငံသူ နိုင်ငံသားများကို အမျက်ဒေါသထွက်မှု အတွက် အကြောင်းခံ တစ်ခု ကို ဖြစ်စေခဲ့ပါတယ်။.

    ဆက်ဖတ် ရန် ...
  • မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်များအပေါ် ခွဲခြားကန့်သတ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသော မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်း တရပ် အရ သိရှိရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် လူမည်းတဦး ရဲအချုပ်တွင် သေဆုံးခဲ့သည့်အတွက် ဆန္ဒပြပွဲများ ရက်ဆက်ဖြစ်ပွား

    အမေရိကန် ပြည်ထောင်စု မေရီလန်ပြည်နယ်ထဲက ဘာလ်တီမိုးမြို့မှာ လူမည်းတယောက် ရဲအချုပ်မှာ သေဆုံးခဲ့တဲ့ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်နေတာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာတော့ ထိန်းမနိုင်သိမ်းမရ အဆင့်ကို ရောက်ခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းဖို့ မြန်မာ အစိုးရက ၀ါရှင်တန် အခြေစိုက် အကျိုးဆောင် အဖွဲ့ကို ငှားရမ်း

    မြန်မာအစိုးရက အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ၀ါရှင်တန်ဒီစီအခြေစိုက် Podesta Groupလို့ခေါ် တဲ့ နာမည်ကြီးအကျိုးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ငှားရမ်းလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century