$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
နယူးယောက် တွင် အလုပ်သမား တစ်ဦး နာကြီးမှု၏ ဆိုးကျိုး

နယူးယောက် တွင် အလုပ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရ

  • News Code : 344526
  • Source : yoyarlay မှ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိEmpireStateအဆောက်အအုံအနီးတွင်လွန်ခဲ့သောတစ်နှစ်ကအလုပ်ပြုတ်သွားသောအလုပ်သမားတစ်ဦးကမကျေမနပ်ဖြစ်ကာသေနတ်ဖြင့်ပစ်ခတ်သဖြင့်လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦး သေဆုံးခဲ့ပြီး အခြားလူကိုးဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။လူအသွားအလာများချိန် ဖြစ်ပေါ်ခဲ့သောပစ်ခတ်မှုတွင်ရဲတပ်ဖွဲ့ကသေနတ်သမားအားပစ်သတ်ခဲ့သည်။အမေရိကန်၏ အထင်ကရ မိုးမျှော် အဆောက်အအုံ အနီးတွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှု၌ ဒဏ်ရာရရှိသူကိုးဦးစလုံးအသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲမင်းကြီး ရေးတယ်လီက ပြောကြားသည်။ ယင်းမှာ အကြမ်းဖက်မှု မဟုတ်ကြောင်း ဖယ်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) က ပြောကြားသည်။ ယင်းသို့သော ဖြစ်ရပ်မှာ နယူးယောက် အာဏာပိုင်များ အမြဲပူပန်နေသည့် အကြောင်းအရာမျိုး ဖြစ်သည်။ သေနတ်သမားမှာ မကျေ မချမ်းဖြစ်နေသော အလုပ်သမားဟောင်း တစ်ဦးဖြစ်သူ ဂျက်ဖရီဂျွန်ဆင် ဖြစ်ကြောင်း ရဲမင်းကြီး ကယ်လီက ပြောကြားသည်။၎င်းသည် အမျိုးသမီး အသုံးအဆောင်များ ရောင်းချသည့် ဆိုင်တွင် ဒီဇိုင်နာတစ်ဦး အဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်း သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်၍ အရောင်းဌာန ဒုတိယအကြီးအကဲ စတီဗင်အာကိုလီနိုနှင့် စကားများရာမှ အသင့်ပါလာသော ပစ္စတိုဖြင့် ၎င်းအား အနီးကပ်ပစ်သတ်၍ သေနတ်အား အိတ်ထဲပြန်ထည့်ပြီး ထွက်ပြေးရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တိုးကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲမင်းကြီးကယ်လီက ပြောကြားသည်။