$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သုံးစွဲသူ ၉၇ %၏ အကျင့် စာရိတ္တ ကို ပျက်စေသည့် Facebook ၏ ဆက်သွယ်ရေး အကြီးအကဲ ကုမ္ပဏီမှ ထွက်ခွာတော့မည်

  • News Code : 362166
သုံးစွဲသူများ၏၉၇%၏အကျင့်စာရိတ္တကိုပျက်စေသည့် Facebook၏ဆက်သွယ်ရေးအကြီးအကဲကုမ္ပဏီမှထွက်ခွာတော့မည် အကြောင်းကိုitTimes မှအောက်ပါအတိုင်းအဟ်လေ့ဘိုက်(အ.စ)သတင်းဌာနမှတိုက်ရိုက်ဖော်ပြလိုက်ပါသည်။

ကမ္ဘာ နံပါတ်တစ် လူမှုကွန်ရက် Facebook ၏ ဆက်သွယ်ရေး အကြီးအကဲဖြစ် သူ ဂျိုးလော့ဟတ်သည် ကုမ္ပဏီမှ တရားဝင် ထွက်ခွာတော့ မည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယခင်အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်တွင် သတင်းစာဌာန၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဂျိုးလော့ဟတ် အနေဖြင့် Facebook ကုမ္ပဏီအား ပြီးခဲ့သည့် ၁၅ လခန့်က ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။

Facebook ကုမ္ပဏီမှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ကယ်လီဖိုးနီးယား ပြည်နယ်သို့ သွားရောက်၍ တာဝန် မထမ်းဆောင် လိုခြင်းကြောင့်ဟု သိရပြီး ယခင်က ၎င်းကိုယ်တိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ဖူးသည့်အတွက် ထိုလုပ်ငန်းများအား ပြန်လည်လုပ်ကိုင်ရန် စဉ်းစားလာကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း သမ္မတဟောင်း ကလင်တန်၏ အထူးပြောရေးဆိုခွင့် ပုဂ္ဂိုလ်နှင့် အကြီးတန်း အကြံပေးတစ်ဦး ဖြစ်ခဲ့သည့် လော့ဟတ်အား ဆုံးရှုံးရခြင်းမှာ ကုမ္ပဏီအတွက် နစ်နာမှု တစ်ခုဖြစ်ကြောင်း နည်းပညာ အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

လက်ရှိ အချိန်တွင် Facebook လူမှုကွန်ရက်သည် အသုံးပြုသူဦးရေ များပြားလာခဲ့ပြီး အရေအတွက် သန်း ၁၀၀၀ ကျော် ဖြစ်လာခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်း ထုတ်ပြန်ခဲ့သည်။ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့သော်လည်း လူမှုကွန်ရက်၏ နာမည်ကြီးမှုကို မည်သည့် ဝန်ဆောင်မှုကမှ မကျော်လွှားနိုင်သေးကြောင်းလည်း စစ်တမ်းများအရ သိရှိရသည်။