$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မုန်တိုင်းကြီး ဆန်ဒီကြောင့် နယူးယောက် စတော့အိတ်ချိန်း ဈေးကွက် ပိတ်ထား

  • News Code : 362479
  • Source : Popular News မှ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။ ။ အမေရိကန်၏ စီးပွားရေး အချက်အချာကျရာ စင်တာကြီးဖြစ်သည့် နယူးယောက် စတော့ရှယ်ယာ ဈေးကွက်ကြီးကို တနင်္လာနေ့မှ စတင်၍ ပိတ်ထား လိုက်ပြီ ဖြစ်သည်။ စူပါမုန်တိုင်းဟုပင် ခေါ်ရလောက်သော ဆန်ဒီဟာရီကိန်း မုန်တိုင်းကြီး ဒဏ်ကို ကြိုတင်ပြင်ဆင် ခုခံနိုင်ရန်ဖြစ် သည် ဟု ဖော်ပြ ထားသည်။ Nasdaq စတော့ဈေးကွက်မှာ တနင်္လာနေ့တွင် ပုံမှန် စတင်အလုပ် လုပ်နေကျ ဖြစ်သည်။ CME Group ကလည်း ၄င်းတို့၏ လုပ်ငန်းများကို တနင်္လာနေ့တွင် ပိတ်ထားမည်ဟု ပြောကြားခဲ့သည်။

သို့ သော်လည်း အီလက်ထရောနစ် စနစ်ဖြင့် ကုန်သွယ်မှုကို ဆက်လက်ထား ရှိမည် ဖြစ်သည်။ Security Industry နှင့် Financial Markets Association တို့ ကလည်း တနင်္လာနေ့ မွန်းတည့် ချိန်တွင်စတင်၍ ပိတ် သိမ်းရန် တိုက်တွန်းနှိုးဆော်လျက် ရှိကြသည်။ သို့ သော် ၄င်းကိစ္စကို အပြီးသတ် ဆုံး ဖတ်ချက်ပေးကြရန် အဖွဲ့ဝင် ကုမ္ပဏီ များကို တိုက်တွန်း ထားသည်။ NYSE ၏ ကုန်သွယ်မှု ဈေး ကွက်မှာ ၁၉၈၅ ခုနှစ်က တိုက်ခတ် ခဲ့သော ဟာရီကိန်း Gloria ၏ နောက်ပိုင်း ယခု ပထမဆုံးအကြိမ် အဖြစ် လုပ်ငန်းများပိတ်ခဲ့ ရခြင်း ဖြစ် သည်။ ၁၉၉၆ ဇန်နဝါရီ တွင် ဖြစ်ခဲ့သော လေ မုန်တိုင်းများအတွင်း လုပ်ငန်းများ အကြိမ်ကြိမ် ရပ်ဆိုင်း ထားခဲ့ရသည်။ ၂ဝဝ၁ခုနှစ် စက်တင် ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့်လည်း သုံးရက်တာမျှ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်။ မန်ဟက်တန်မြို့အနီးရှိ ”Wall Street” လမ်းမသည် စိုးရိမ်ရ သည့် နေရာတစ်ခုဖြစ်ပြီး ဒေသခံများ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်အ မိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် အရာရှိများက ဒေသခံများအား စာသင်ကျောင်း များနှင့် အခြားအဆောက် အအုံများ၌ အရေးပေါ်ခိုလှုံရန် တိုက်တွန်းထားသည်။ ရာသီဥတု အခြေအနေလျင် မြန်စွာ ဆိုးရွားလာမှုကြောင့် နယူးယောက် အာဏာပိုင်များ က နိုင်ငံ တော်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ဝဝ အားဒေသ တွင်း၌ စခန်းချထား ကြောင်းသိရသည်။ တပ်ဖွဲ့ဝင် နှစ်ရာမှာ မန်ဟက်တန် လမ်းမများ ပေါ်၌ ကင်းလှည့်စောင့်ကြည့် လျက် ရှိပြီး တပ်ဖွဲ့ဝင်သုံးရာကို ‘Long Island’ ခရိုင်အတွင်း၌ချထားကြောင်း သိရသည်။ ထို့ပြင် များ စွာသော ဘဏ်ကြီးများမှာလည်း ၄င်းတို့၏ အလုပ်သမားများ ကို ရွှေ့ ပြောင်းပေးနေပြီး ကျောင်းများကိုလည်း ပိတ်ထား လိုက်ရပြီ ဖြစ်သည်။