$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

9./9-/98 ဒုa 9:,8 အိမ်ရာ ပြဿနာ ရင်ဆိုင် ရဖွယ်ရှိ

  • News Code : 364356
  • Source : 7Day News

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သော ငါးရက်က တိုက်ခတ်ခဲ့သော ဆန်ဒီ မုန်တိုင်း ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည့် နယူးယောက်မြို့မှ ဒုက္ခ သည်များ မှာ ရေခဲအမှတ်ခန့် အေး သော ရာသီဥတုအား အပူပေး စနစ်များမရှိဘဲကျော်ဖြတ်နေရ၍ ၄င်းတို့အတွက် နေထိုင်စရာ အိမ် ရာပြဿနာ ရင်ဆိုင်ရ ဖွယ်ရှိနေ သည်။ နယူးယောက်မြို့နှင့် ကပ်လျက် နယူးဂျာစီမြို့၌လည်း လူပေါင်း တစ်သန်းခန့်မှာ လျှပ်စစ်မီးမရရှိ ဘဲ အမှောင်ထဲတွင် ခိုက်ခိုက်တုန် အောင် အအေးဒဏ်ခံစားနေရ သည်။

ကမ်းရိုးတန်းမှ အိမ်များအား နစ်မြုပ်သွားစေခဲ့သည့်အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး မုန်တိုင်း တစ်ခုဖြစ်သော"ဆန်ဒီ" တိုက်ခတ် ပြီး ရက်သတ္တပတ်ခန့်ကြာမြင့်လာ သည့်အချိန်ထိ လောင်စာဆီမလုံ လောက်မှုများ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေဆဲဖြစ် သည်။ နယူးယောက်မြို့ တစ်မြို့ တည်းမှာပင် လူပေါင်း ၃၀çဝ၀ဝ မှ ၄၀çဝ၀ဝ ခန့်အတွက် နားခိုစရာ လိုအပ်နေကြောင်း နယူးယောက် မြို့တော်ဝန် မိုက်ကယ်ဘလွန်း ဘာ့ဂ်က ပြောကြားသည်။

"ဒီမြို့မှာ လူမနေဘဲ လစ် လပ်နေတဲ့ နေစရာနေရာတွေ အများကြီးမရှိပါဘူး။ နေစရာ အတွက် ပြဿနာရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ လမ်းပေါ်မှာ အိပ်မနေစေရပါဘူး။ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပါ။ ဒီကိစ္စကို ကျွန်တော်တို့ အမြန်ဆုံး ကိုင်တွယ် ဆောင်ရွက်နေပါတယ်" ဟု မစ္စ တာ ဘလွန်းဘာ့ဂ်က ပြောကြား သည်။ အပူချိန်ကျဆင်းမှုမှာလည်း ညတွင်းချင်းပင်ရေခဲအမှတ်နားသို့ ရောက်ရှိလာပြီး ဆောင်းရာသီ အစောပိုင်း မုန်တိုင်းတစ်ခုလည်း ယင်းဒေသသို့ ယခုသီတင်းပတ် အတွင်း ဝင်ရောက်လာမည်ဟု မျှော်လင့်ထားသည်။ ယင်းမုန် တိုင်းနှင့်အတူ လေပြင်းများကျ ရောက်ပြီး မိုးသည်းထန်စွာ ရွာ သွန်းနိုင်ကြောင်း သိရသည်။