$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အမေရိကန်၏ မအောင်မြင်မှု နောက် တစ်ခု ဆိုလိုသည်ကား ပြည်ထောင်စု အစ္စလာမ်မစ် အီရန်အပေါ် အရေးယူပိတ်ဆို့မှု ကန်ထပ်မံပြုလုပ်

  • News Code : 371554
  • Source : abna + Venus News Journal

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ပြည်ထောင်စု အစ္စလာမ် မစ် အီရန်နိုင်ငံ၏ စွမ်းအင်၊ ဆိပ်ကမ်း၊ သင်္ဘောလုပ်ငန်းနှင့် သင်္ဘော တည်ဆောက်ရေး ကဏ္ဍများနှင့် စပ်လျဉ်းသည့် အရေးယူပိတ်ဆို့မှု များကို အမေရိကန်ပြည်ထောင်စု အထက် လွှတ်တော်က နိုဝင်ဘာလ ၃၀ ရက်တွင် တိုးချဲ့၍ အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ အထက်လွှတ်တော် အမတ်များ ဖြစ်ကြသည့် ဘော့ဘ်မန်နန် ဒေးဇ်နှင့် မာ့ခ်ကာ့ခ်တို့က အကြွင်းမဲ့ ကာကွယ်ရေးဥပဒေ မူကြမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တင်ပြသော လုပ်ငန်းကိစ္စ ရပ်အသစ်များ ကို အထက်လွှတ်တော်က အတည် ပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါ အရေးယူပိတ်ဆို့မှုသည်ပြည်ထောင်စု အစ္စလာမ် မစ်အီရန်နိုင်ငံ၏ စွမ်းအင်၊ ဆိပ် ကမ်း၊ သင်္ဘောလုပ်ငန်းနှင့်သင်္ဘော တည်ဆောက်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ ရောင်းဝယ်ဖောက်ကားမှု များကို ရပ်ဆိုင်း ပိတ်ဆို့မည်ဖြစ်ပြီး ဂရက်ဖိုက်၊ အလူမီနီယံနှင့် သံမဏိ ကဲ့သို့သော ပစ္စည်းများကို အီရန် နိုင်ငံသို့ ရောင်းချသည့် တစ်ဦးချင်းစီကိုလည်း ပစ်မှတ်ထားမည်ဖြစ် ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တည်ဆဲစီးပွားရေး ပိတ်ဆို့မှုများကို ရှောင်တိမ်း၍ တီဟီရန် ကိုတားဆီးရေး ကြိုးပမ်းရာတွင် ရွှေအပါအဝင် အဖိုးတန် ဓာတ် သတ္တုပစ္စည်းများနှင့်အတူ အီရန် ၏ ရေနံဝယ်ယူသူများ အပေါ် အရေးယူ ပိတ်ဆို့မှုများကို အဆိုပါ စီမံဆောင်ရွက်မှုများက ပုတ်ထုတ် ဖယ်ရှားလိမ့်မည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်။ "သိပ်မကြာမီက လုပ်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေက အီရန်ရဲ့ စီးပွားရေးကို ချည့်နဲ့အောင် လုပ်နေတာပါ၊ ဒါပေမယ့်ပြည်ထောင်စု အစ္စလာမ် မစ်အီရန်ကတော့ ကြိုးပမ်းမှုကို လက်လွှတ်မှာ မဟုတ်ပါဘူး" ဟု အထက်လွှတ် တော်အမတ် မန်နန်ဒေးဇ်က ပြောသည်။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက "ဝက်အူကတော့ တင်းကျပ်ဖို့ လိုပါတယ်"ဟု ဆိုသည်။ အိုဘားမား အစိုးရအဖွဲ့တွင်လည်း ပြန်ပြင်ရန် မလွယ်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ စိုး ရိမ်မှုများရှိကြောင်း သတင်းများတွင် ဖော်ပြကြသည်။ အမေရိကန် သမ္မတဘားရက် အိုဘားမားက ဥပဒေကြမ်း လက်မှတ် မထိုးမီတွင် အမေရိကန်အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးက ပြဌာန်းပေးရန် ကာကွယ်ရေးဥပဒေ မူကြမ်းအတွက် လိုအပ်သည်ဟု အဆိုပါသတင်း တွင် ဖော်ပြပါရှိသည်။ လွှတ်တော် နှစ်ရပ်သည် ဥပဒေပြုရေးရှိ ၄င်းတို့ ၏ မတူညီမှုများကို ချင့်ချိန်ရန် ယခု အခါကြိုးပမ်းလျက် ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်မဟာမိတ်အုပ်စုများက ပြည်ထောင်စု အစ္စလာမ်မစ်အီရန်ကို စွပ်စွဲရာတွင် နျူကလီး ယားလက်နက်များ လျှို့ဝှက်ထုတ် လုပ်နေကြောင်းဖော်ပြထားသည်။

မှတ်ချက် ။ ။ မာရှာအလ္လာဟ်  အမေရိကန် ၊ အစ္စရေး နှင့် ၎င်းတို့၏ မဟာ မိတ် နိုင်ငံများ မည်မျှပင် အကြောင်းအမျိုးမျိုးဖြင့် စီးပွားရေး     လူမှုရေး  ပိတ်ဆို့ ပါစေ ၊   ပြည်ထောင်စု အစ္စလာမ်မစ်အီရန် သည် တနေ့ တခြား ပိုပိုပြီး တိုးတက်၊ ခိုင်မာ ကြံ့ခိုင် လာပေသည်။