$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အမေရိကန် F-22 တိုက်လေယာဉ် ဖလော်ရီဒါတွင် ပျက်ကျ

  • News Code : 372237
  • Source : ရိုးရာလေး မှ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အမေရိကန် လေတပ်မှ F-22 တိုက်လေယာဉ် တစ်စင်းသည် ကြာသာပတေး နေ့က ဖလော်ရီဒါတွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။ 

Raptor ဟု လူသိများသည့် အမေရိကန်လေတပ် မဟာဗျူဟာမြောက် တိုက်လေယာဉ်သည် ဖလော်ရီဒါရှိ တင်ဒေါလ်လေတပ် အခြေစိုက်စခန်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူးသည် ဘေးအန္တရာယ် ကင်းရှင်းစွာ ထွက်ခွာ လွတ်မြောက်ခဲ့ကြောင်း အခြေစိုက်စခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ် အဆိုပါ ဒေါ်လာသန်း(၁၅၀) တန် လေယာဉ်ပျက်ကျသွားခြင်းဟု အခြေစိုက်စခန်း ပြောရေးဆိုခွင့်ရ အမျိုးသမီး အက်ရှ်လေရိုက်က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သော လေယာဉ်သည် အမေရိကလေတပ်က အသုံးပြုသည့် တိုက်လေယာဉ်များအနက် ခေတ်အမီဆုံး စစ်ဆင်ရေး ယန္တရားလည်း ဖြစ်သည်။

အမေရိကန်သည် နည်းပညာ ပျံ့နှံ့မည် စိုးရိမ်သဖြင့်  Raptor များ ရောင်းချမှုကို အခြား မည်သည့်နိုင်ငံသို့မျှ ခွင့်မပြုဘဲ အမေရိကန်စစ်ဘက်တွင်သာ အသုံးပြုစေသည်။ ယခုပျက်ကျသော လေယာဉ်သည် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း မီးသတ်သမားများက လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လေယာဉ်မှူး၏ အမည်ကို မကြေညာသော်လည်း မည်သည့် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှုမျိုးမှ မဖြစ်ပေါ်ခဲ့ကြောင်း လေတပ်က ပြောကြားထားသည်။ အဆိုပါ အခြေစိုက်စခန်းသည် ၂၀၁၁ ခုနှစ်က Raptor ပျံသန်းမှုကို ခေတ္တရပ်ဆိုင်းထားခဲ့ဖူးသည်။

ပြဿနာမှာ လေယာဉ်မှူးထံသို့ အောက်ဆီဂျင် ထောက်ပံ့မှု ပြတ်တောက်သွားခြင်းကြောင့် လေယာဉ်မှူးများ မူးဝေရခြင်းကြောင့်ဟု ဆိုသည်။ F-22 တိုက်လေယာဉ်မှူး နှစ်ဦးက မိမိတို့သည် ယင်းလေယာဉ်များသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည်ဟု ယူဆသဖြင့် ဆက်လက် မောင်းနှင်ခြင်းမပြုဘဲ နုတ်ထွက်ခဲ့ကြောင်း CBS ပြောဆိုခဲ့ဖူးကြောင်း သိရှိရသည်။