$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

  • News Code : 627953
  • Source : သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်
Brief

သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
“ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။ ။အဗ်နာ

သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ် ရပ်ကို အမေရိကန် အောက်လွှတ် တော်တွင် မဲခွဲ ဆုံးဖြတ်ရာ အောင်မြင်မှု ရရှိသွား ခဲ့ကြောင်း သတင်း ရရှိသည်။ အိုဘားမား အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဘောင်ကျော် အသုံးချ ခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော် တွင် မဲခွဲရာ (၂၂၅)မဲ၊ (၂၀၁)မဲဖြင့် အနိုင်ရရှိ ခဲ့သည်။

အိုဘားမား၏ ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေ သည့်တိုင် အောက်လွှတ်တော် ရှေ့နေများ သည် အဆိုပါ စွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။

အိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပြဋ္ဌာန်းရေး အတွက် အားထုတ်ခဲ့ ရာတွင် အာမခံဆိုင်ရာ အချိန် သတ်မှတ်ချက် တစ်ခုကို နှောင့်နှေးသွားစေရန် အတွက် လုပ်ပိုင်ခွင့်များကို ဘောင်ကျော် အသုံးချ ခဲ့ကြောင်း အဆိုတင်သွင်းသူများက စွပ်စွဲခဲ့သည်။ သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံရေး သမိုင်းကြောင်းတွင် အောက်လွှတ်တော်က လက်ရှိ အာဏာရ သမ္မတကို အာဏာအသုံးပြုမှုဆိုင်ရာ တရားစွဲဆိုမှုတစ်ရပ် အကောင်အထည် ဖော်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က အိုဘားမားသည် သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်ကို တစ်ကြိမ်ထက်မက ဘောင်ကျော် အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

အိုဘားမားသည် ၎င်းတာဝန်ယူခဲ့သည့် သမ္မတသက်တမ်း (၆)နှစ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ထုတ်ပြန်မှု (၁၈၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဘုရှ် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် (၈)နှစ်အတွင်း ယင်းအမိန့်မျိုး ထုတ်ပြန်မှု (၂၉၁)ကြိမ် ရှိခဲ့ဖူးပြီး ရော်နယ်လ်ရေဂင် လက်ထက်ကမူ (၃၇၁)ကြိမ်ထိ ရှိခဲ့ဖူးကြောင်း သိရှိရသည်။ 

REF; 7Day News

 

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century