အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆိုဒါဘူးတောင်းသည့် မွတ်စလင် အမျိုးသမီးအမေရိကန် လေကြောင်းလိုင်း တစ်လိုင်းက လေယာဉ်အမှုထမ်း တစ်ဦးက မွတ်စလင် အမျိုးသမီး ခရီးသည် တစ်ဦးကို အကြမ်းဖက်သမားသဖွယ် စွပ်စွဲဆက်ဆံမိ၍ပြန်လည်တောင်းပန်ခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က တာဟာရာအာမတ် ဆိုသူ အမျိုးသမီးက ဆိုဒါဘူးသစ်ကို နောက်ခုံတွင် ထိုင်နေသူ ခရီးသည် တစ်ဦးထံပေးလိုက်ပြီး ၎င်းအတွက် တစ်လုံးထပ်တောင်းရာတွင် လက်နက်အဖြစ် အသုံးချနိုင်သည်ဟုဆိုကာငြင်းဆန်ခြင်းခံလိုက်ရကြောင်းကို ဖေ့ဘုတ်ပေါ်ကနေဖြန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါUnited Airlines လေကြောင်းလိုင်းက “မစ္စအာမတ်သည် ကျွန်တော်တို့ရဲ့ ခရီးသည်ဖောက်သည် တစ်ဦးဖြစ်ပြီး လေယာဉ်ပေါ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွက် တောင်းပန်ပါတယ်”ဟု ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
“ဒီအဖြစ်အပျက်ကို စစ်ဆေးပြီး နောက်မှာ အဲဒီလိုဆက်ဆံလိုက်သူ လေယာဉ်အမှုထမ်းကို သိရှိခဲ့ပါတယ်။ အရေးယူသွားဖို့လည်း ရှိပါတယ်”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ချားလီဟိုဘတ်က ပြောခဲ့သည်။
မူရင်း http://www.mizzimaburmese.com
====================================
251 /End