ပိုင်ရှင်မဲ့ ပစ္စည်း ကို သုံးစွဲခြင်းကိစ္စ

  • News Code : 677334
  • Source : abna
Brief

မေး - တစ်နှစ်ခွဲ အရင်က ကျတော်ကားပေါ် ခရီးသည် တစ်ဦးတစ်ယောက်၏ အိတ်တစ်လုံးကျန်ခဲ့ပါတယ်။ အိတ်ပေါ်မှာ အမည်လိပ်စာ မရေးထားပါဘူး၊ကျတော်အနေဖြင့်ခရီးသည်များ အတက်အဆင်းလုပ်တတ် သည့်နေရာများ၊လမ်းမများ၊ လမ်းသွယ်များမှာ ပိုင်ရှင်မဲ့အိတ်တွေ့ရှိထားသည့် ကြေငြာစာ လည်းကပ်ထား ခဲ့ပါတယ်။ ၎င်းအပြင် သတင်းစာဌာန တစ်ခုတွင်လည်းထည့်ကြေငြာခဲ့ပါတယ်။ ကျတော်ရေးသား ရှင်းပြ ချက်များ ကိုကြည့်ပြီး ကျတော် ရဲ့ ရှရီအီ ဘာ တာဝန်ရှိကြောင်းမိန့်ကြားပေးပါခင်ဗျား ?
-----------------------------------

ဒီအကြောင်းလည်း ပြောပြထားဖို့ အရေးကြီးပါတယ်။အိတ်ထဲမှာ ငွေ ပေါင်း ၃၀၈၀၀၀ရေယာ (အီရန်ငွေ) ရှိပါတယ်။ဤငွေထဲက ၄၅၀၀၀ရေယာကို သတင်းစာတွင် ကြေငြာထည့်ခ ၊ ၁၀၀၀၀ရေယာကို ကြေငြာစာ တံတိုင်တွေမှာ လိုက်ကပ်ပေးဖို့ လူတစ်ယောက်ကိုလုပ်အားခ ပေးဖို့ သုံးလိုက်ပါတယ်။ကျန်တဲ့ငွေကိုလည်း လူငယ် တစ် ယောက် အိမ်ထောင်ပြုရတွင်သုံးပေးလိုက်ပါတယ်။၎င်းလူငယ်ကလည်း ကျတော် ညီပါ ။အခု ကျတော် ရဲ့ ရှရီအီ ဘာတာဝန်ရှိကြောင်းမိန့်ကြားပေးပါခင်ဗျား ?

ဖြေ - အိမ်ထောင်ပြုရတွင်သုံးစွဲလိုက်သည့်ငွေနှင့်ပတ်သက်ပြီး အကယ်၍ လူငယ် ဟာ လိုအပ်နေသူ ဖြစ်တယ်ဆိုရင် သုံးစွဲခွင့် ကျတော်ဖက်ကနေပေးပါတယ်။မည်သည့်ပြဿနာမှ မရှိပါဘူး။ကျန်တဲ့ ငွေနဲ့ ပတ်သက်ပြီး ပြောရလျှင် ခင်ဗျား အနေဖြင့် ကြေငြာစသည်အတွက် သုံးခဲ့တဲ့ငွေတွေကို ပိုင်ရှင်က ကျေနပ် ပေးမယ်လို ယုံကြည်ထားလျှင် မည်သည့်ပြဿနာမှ မရှိပါ။(သုံးလို့ရပါတယ်။) ဒါပေမဲ့ ပိုင်ရှင် ကျေနပ် ကော်ကျေနပ်ပါ့မလားလို ယူဆရင် ခင်ဗျား အပေါ် အကြွေးတင်သွားပါတယ်။အဲဟ်သေယာသ် အနေနဲ့ ဒီသုံးစွဲထားတဲ့ ငွေနဲ့ အညီ လိုအပ်နေသူ တစ်ယောက်ယောက်ကိုပေးပေလိုက်ပါ။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမ် မို ရှီးရာဇီး ဆိုက်ဒ်(အူရ်ဒူဘာသာ)

မေး - အေမာမ်ရေဇာ (အ.စ) ၏ မိုကဒက်စ် ရောင်ဇာတော် တွင် တစ်ခါတစ်ခါ ထောင်ပေါင်းများစွာ သော ပိုင်ရှင်မဲ့ ဖိနပ်များ စုမိပါတယ်။ဒီ ဖိနပ်တွေနဲ့ ပတ်သက်ပြီး ရှရီအီ အမိန့် ကို သိပါရစေခင်ဗျား ?

ဖြေ - မိုကဒက်စ် ရောင်ဇာတော် တွင် ဖိနပ်အပ်သည့်နေရာများတွင် ကျန်ခဲ့သည့် ဖိနပ်များ ကို အများသိ အောင်လူသိရှင်ကြား ကြေငြာပေးရန် အရေးကြီးပါတယ်။ ဖိနပ်ပိုင်ရှင်များကို ရှာဖွေရင်း (ပြန်တွေ့ရန်) မျှော်လင့် ချက်ကင်းသွားချိန်တွင် ၎င်းဖိနပ်များကို လိုအပ်နေသူများကိုပေးရပါမယ်။ သို့မဟုတ် ရောင်းချပြီး ရရှိသည့်ငွေကို လိုအပ်နေသူများကို ပေးပေရပါမယ်။ (လိုအပ်နေသူများဟုဆိုရာတွင် ရရှီအီအရ လိုအပ်နေ သူများကို ဆိုလိုပါသည်။ )

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမ် မို ရှီးရာဇီး ဆိုက်ဒ်(အူရ်ဒူဘာသာ)

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century