ဂါဇာကို အစ္စရေး ကျူးကျော် တိုက်ခိုက်နေမှု လန်ဒန်မြို့ခံ လူတစ်သိန်းခန့် ဆန့်ကျင် ဆန္ဒပြ

  • News Code : 625316
  • Source : ဂါဇာကို အစ္စရေး ကျူးကျော် တိုက်ခိုက်နေမှု လန်ဒန်မြို့ခံ လူတစ်သိန်းခန့် ဆန့်ကျင် ဆန္ဒပြ
Brief

ဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှုနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှုအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

အဲဟ်လေ့ဘိုက်(သ) သတင်းဌာန ၊ အဗ်နာ


အစ္စရေးစစ်တပ်မှနေ၍ ပါလက်စတိုင်း ဂါဇာဒေသရှိ လူနေရပ်ကွက်များအပေါ်ဗုံးကြဲမှူနှင့် မြေပြင်မှ ကျူးးကျော်တိုက်ခိုက်နေမှူအား ဆန့်ကျင်သောအားဖြင့် လန်ဒန်မြို့ခံ တစ်သိန်းခန့်ဟာ ဇူလိုင်လ ၁၉ရက် စနေနေ့ နေ့လည် ၁၂နာရီတွင် အမှတ် ၁၀၊ ဝန်ကြီးချူပ်နေအိမ်ရှိသော ဒေါင်းနင်းလမ်းတွင် စုဝေးကာ ကင်ဆင်တန် အရပ်ရှိ အစ္စရေးသံရုံးရှိရာသို့ နွေရာသီ၏ ပြင်းထန်သော အပူချိန်အား အံတု၍ ၃မိုင်ကျော် အကွာအဝေးအား လမ်းလျှောက်ဆန္ဒပြခဲ့ကြပါသည်။

ပါဝင်ဆန္ဒပြသူများ များပြားခဲ့သော် လည်း ခရီးလမ်းတလျှောက် ၁၀ဦးခန့် မူးမော်လဲကျခဲ့သည်မှ အပ ဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာဖြင့်ပြီးဆုံးသွား ခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲတွင် လန်ဒန်မြို့ခံများ အပြင် ငြိမ်းချမ်းမှူကို လိုလားသော ဘောလုံးကလပ်အသင်း အားပေးသူများ၊ အင်္ဂလန်နှင့် ဝေလနယ်မှ မြို့ခံ၊ဒေသခံ ကောင်စီနယ်များ၊ တက္ကသိုလ်ကြီးများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အဆိုကျော်များ၊ရွေးကောက်ခံ မြို့နယ်အသီးသီးမှ ကောင်စီလွှတ်တော် အမတ်များ ဇီယွန်ဝါဒကို ဆန့်ကျင်သော အင်္ဂလန်နှင့် နိုင်ငံတကာမှ ဂျူးးအမျိုးသားများလည်း ပူးပေါင်းပါဝင်လာကြသည်ဟုလည်းသိရပါသည်။

ထို့အပြင် လန်ဒန်မြို့ အခြားနေရာများနှင့် အတူ အင်္ဂလန်နိုင်ငံ အနှံ့အပြားရှိ ဘတ်ဖို့စ်၊လက်စ်စတာ၊ မန်ချက်စတာမြို့ကြီးများတွင် ပါလက်စတိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပွါးလျှက်ရှိကြပါသည်။

လာမည့်အင်္ဂါနေ့တွင် အစ္စရေး သံရုံးရှေ့နှင့် စနေ့နေ့တွင် ဒေါင်းနင်းလမ်းမှ ကာကွယ်ရေးဝန်ကြီးငှါန ရုံးအထိ လမ်းလျှောက် ဆန္ဒပြကြဦးမည်ဟုသိရပါသည်။

ရက်သတ္တပတ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးစစ်တပ်မှ ဝေဟင်၊မြေပြင် တိုက်ခိုက်မှူများကြောင့် ပါလက်စတိုင်း အရပ်သား ၃၀၀ကျော် သေဆုံး၊ ၁၅၀၀ကျော် ဒဏ်ရာရ၊ ၁၈၀၀၀ ကျော် အိုးအိမ်များ ဆုံးရှုံးခဲ့ရကာ သေဆုံးသူများ အနက်မှ ၇၀ကျော်ဟာ အသက် ငါးလခန့်မှ စ၍ အရွယ် မရောက်သေးသူ ကလေးငယ်များဖြစ်ကြပါသည်။ ပါလက်စတိုင်း ဟာ့မားစ်အဖွဲ့မှ ဒုံးကျည်များဖြင့်ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေး စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့လည် သေဆုံးခဲ့ရကြောင်းသိရပါသည်၊


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky