အေမာမ်အလီ (အ.စ) သခင်မှ ဒါအေရှ် (ခ) IS နှင့်ပတ်သက်ပြီး သတင်းပေး / အီဂျစ်မွဖ်သီ ဟောင်း

  • News Code : 640918
  • Source : ABNA သတင်းဌာန
Brief

အီဂျစ်နိုင်ငံ၏ မွဖ်သီ ဟောင်း မှ ဒါအေရှ် (ခ) IS နှင့်ပတ်သက်ပြီး အေမာမ်အလီ (အ.စ) သခင် မှ ရှေ့ ပြေး မိန့်တော်မူခဲ့ကြောင်း ညွန်းပြ၍ ပြောဆိုခဲ့ပါသည်။ အေမာမ်အလီ( အ.စ) သခင်မှ ဤ လမ်းလွဲ လမ်းမှား အုပ်စု ၊ သောင်းကြမ်းသူ အဖျက်သမား နှင့်ပတ်သက်ပြီး သတင်းပေး တော်မူထားပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီဂျစ် နိုင်ငံ၏ မွဖ်သီ ဟောင်း မှ ဒါအေရှ် (ခ) IS နှင့်ပတ်သက်ပြီး   အေမာမ်အလီ (အ.စ) သခင် မှ ရှေ့ ပြေး မိန့်တော်မူခဲ့ကြောင်း ညွန်းပြ၍ ပြောဆိုခဲ့ပါသည်။  အေမာမ် အလီ( အ.စ) သခင်မှ ဤ လမ်းလွဲ လမ်းမှား အုပ်စု ၊ သောင်းကြမ်းသူ အဖျက်သမား နှင့်ပတ်သက်ပြီး သတင်းပေး တော်မူထားပါသည်။

အလ်မိုဟီးသွ် သတင်းဌာန ၏ သတင်း ကြေငြာ ချက် အရ အီဂျစ်နိုင်ငံ၏ မွဖ်သီ ဟောင်း အ လီ ဂျွန်မ် အဟ် မှ ပြောကြားသည်ကား -  ဒါအေရှ် (ခ) IS   ၏ လက္ခာ ရပ်များ ကို အစ္စလာမ်မီ ကျမ်းဂန်များ တွင် အထူးသဖြင့် ဟဇရသ် အလီ (အ.စ) ခွသ်ဗာ များတွင်  တွေ့ ရှိ နိုင် ကြောင်း ပြောကြားခဲ့ပါသည်။


၎င်းအနေဖြင့် အေမာမ်အလီ (အ.စ) ၏ အေမာမ်(အ.စ) ၏ ဤ အကြောင်းပါဝင်သည့် ဟဒီးစ်တော် ကို တင်ပြခဲ့ပါသည်။  အေမာမ်အလီ (အ.စ ) မိန့်တော်မူသည် ။ (( ခေတ်ကာလ အချိန်ကာလ တစ်ခု တွင် အသင်အနေဖြင့် အလံ အမဲရောင်များကို တွေ့ မြင်ခဲ့မည် ဆိုလျှင် မိမိ နေရာမှ မလှုပ်ရှားပါနှင့် (၎င်းတို့နှင့် မဆက်နွယ် မပတ်သက်နှင့် )၊ထိုနောက်မိမိ၏ လက်များ ခြေများကို မလှုပ်ရှားမိစေနှင့် (ဆိုလိုသည်မှာ ဗိုင်အသ် မပြုမိစေနှင့်၊၎င်းတို့ကို မကူညီ မဖေးမစေနှင့် ) ၊ပြီးနောက် အားနည်းသည့် လူမျိုးစု တစ်စုပေါ်ပေါက်လာလိမ့်မည် ။၎င်းတို့၏ နှလုံးသားသည်  သံများ ကဲ့သို့ မာကျော ပေမည်။ ၎င်း အုပ်စုသည် အာဏာ ရှိ အစိုးရပေ လိမ့်မည် ၊ သို့သော် မည်သည့် ကတိ သစ္စာ အပေါ် ရပ်တည် ကြ လိမ့်မည် မဟုတ်ချေ။  ဟက် (ခ) အမှန်တရား နှင့်ပတ်သတ်ပြီး ဒအ်ဝါသ် (ခ) ဖိတ်ခေါ်မှု ကို ပြုလုပ်လိမ့်ချေမည်။ သို့ သော် ၎င်းတို့ကိုင်တိုင် လုံးဝ အမှန်တရား အပေါ်လက်တွေ့ ကျင့်သုံး ကြ လိမ့် မည် မဟုတ်ချေ။ ၎င်းတို့၏ အမည် သည် ၎င်းတို့၏ ကွန်နီယသ်များ ဖြစ်ပေလိမ့်မည် ၊၎င်းတို့၏ အမည်များ ကို မြို့ များ၏ အမည် ဖြင့်  ပေးထားပေလိမ့်မည်၊ နောက်ဆုံး ၎င်းတို့ အတွင်း အကွဲအလွဲ ပေါ်ပေါက်လာလိမ့်မည်၊ပြီးနောက် အလ္လာဟ် ဟိုအရှင်မြတ် သခင်သည် ဟက် (ခ) အမှန်တရား အား မိမိလိုလားတော်မူသည့် အတိုင်း ထင်ရှား စေတော်မူလိမ့်မည်။ ))
မွဖ်သီ ဟောင်း အ လီ ဂျွန်မ် အဟ် မှ ဆက်လက်ပြီး ပြောကြားသည်မှာ - ဒါအေရှ် (ခ) IS သည် ဤ ဟဒီးစ်တော် နှင့် တထပ်တည်း ကျနေကြောင်း ဆက်လက်၍ ဤ ဒါအေရှ် (ခ) IS အဖွဲ့ ၏ အခက်အခဲ့မှာ ၎င်းတို့အနေဖြင့် အစ္စလာမ် သာသနာ တော်ကို မှန်မှန်ကန်ကန် မနားလည် သဘော မပေါက် ခြင်းပင် ဖြစ်ပါသည်။
……………………………….


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky