မကြည့်ရက် ဖွယ် သောကြာနမာဇ် တွင် မျိုးပြုတ် သတ်ပြတ်ခံရသည့် ပါကစ္စတန် နိုင်ငံသား ရှီအာ များ + ဓာတ်ပုံများ

  • News Code : 668431
  • Source : abna သတင်းဌာန
သောင်းကြမ်းသူ အဖျက်သမားအုပ်စု အစ္စလာမ် ခုတုံးလုပ် ဂျွန်တွန်လ္လာဟ် အမည်ရှိ အစွန်းရောက် ဝဟာဘီ ၊သက္က်ဖီးရီ များမှပါကစ္စတန်နိုင်ငံ ရှေးကာရ်ပူးရ် မြို့ ရှိ (ကရ်ဗလာအီ) အမည်ရှိ အေမာမ်ဘာရာ အား မနေ့က သောကြာနမာဇ် ဝတ်ပြုနေချိန် အသေခံဗုံး ခွဲခဲ့ရာ နမာဇ်ဝတ်ပြုသူ သေဆုံးသူများနှင့် ဒဏ်ရာရသူများ အယောက် ၁၁၀ကျော်နေကြောင်း သိရှိခဲ့ရပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

=================


သောင်းကြမ်းသူ အဖျက်သမားအုပ်စု အစ္စလာမ် ခုတုံးလုပ် ဂျွန်တွန်လ္လာဟ် အမည်ရှိ အစွန်းရောက် ဝဟာဘီ ၊သက္က်ဖီးရီ များမှပါကစ္စတန်နိုင်ငံ ရှေးကာရ်ပူးရ် မြို့    ရှိ (ကရ်ဗလာအီ) အမည်ရှိ အေမာမ်ဘာရာ အား မနေ့က သောကြာနမာဇ် ဝတ်ပြုနေချိန် အသေခံဗုံး ခွဲခဲ့ရာ နမာဇ်ဝတ်ပြုသူများမှ  သေဆုံးသူများနှင့် ဒဏ်ရာရသူများ အယောက် ၁၁၀ ကျော် နေကြောင်း သိရှိခဲ့ရပါသည်။
နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်မှာ သောင်းကြမ်းသူ အဖျက်သမားအုပ်စု အစ္စလာမ် ခုတုံးလုပ် ဂျွန်တွန်လ္လာဟ် အမည်ရှိ အစွန်းရောက် ဝဟာဘီ များ၏ လုပ်ချက်ကြောင့် နမာဇ်စီ ၆၁ဦး ရှဟီးဒ် ဖြစ်ခဲ့ရပြီး အယောက် ၅၀ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိထားရပါသည်။ သို့သော် ပေါက်ကွဲမှု မှာ ကြီးမားသည့် အတွက် သေဆုံးမှုများနှင့် ဒဏ်ရာ ရသူများ၏ ဦးရေ တိုးလာဖွယ် ရှိပါသည်။
သေဆုံးသူများတွင် ကလေးငယ် ၅ ဦးလည်း ပါဝင် ပါသည်။ ဤရက်စက်ယုတ်မာ လူမဆန်မှုကို ဂျွန်တွန်လ္လာဟ်မှ တာဝန်ယူ ဝင်ခံခဲ့ပါသည်။ ဤ လူယုတ်မာ အဖွဲ့သည် တာလီဘန်၏ အဖွဲ့ခွဲဖြစ်ပြီး ၊ပြီးခဲ့သည့်နှစ်က ဒါအေရှ် အဖွဲ့ (IS) အဖွဲ့ကို ထောက်ခံ ကြောင်း ကြေငြာခဲ့သည့် အဖွဲ့ ဖြစ်ပါသည်။
မမ်နူးန်ဟိုစိုင်း (ပါကစ္စတန်သမ္မတ) ၊မိုဟမ္မဒ်နဝါဇ်ရှရေဖ်( ပါကစ္စတန် နိုင်ငံဝန်ကြီးချုပ်) တို့မှ အသီးသီး ဤ ဖောက်ခွဲမှုကို ပြစ်တင် ရှုံ့   ချခဲ့ကြပါသည်။၎င်းတို့မှ တရားခံများကို သိအောင် လုပ်ပြီး ဖမ်းချုပ်ရန် အမိန့်ပေးခဲ့ပြီး လုံခြုံရေးတပ်များကို တာဝန်ပေးထားခဲ့ပါသည်။ ပါကစ္စတန် အစိုးရသည် ဤလုပ်ကြံမှုများကို ကိုင်တွယ် ဖြေ ရှင်းရတွင် အထူးအားနည်းအားပျော့ပေသည်။:
ရှီအာစွန်နီ ပူပေါင်းထားသည့် (ဝဲဟ်ဒသ် သေမွတ်စလေမီးန် ) အဖွဲ့ မှ ၃ရက်တိုင်တိုင်  အများဆိုင် ဝမ်းနည်း ပူဆွေးမှု အဖြစ် ကျင်းပရန် ကြေငြာခဲ့ပါသည်။ ရင်နှစ်ဖွယ်ရာ မကြည်ရက်စရာ ဓာတ်ပုံများမှာအထက် ပါအတိုင်း ဖြစ်ပါသည်။




လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky