$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဘာရိန်းတော်လှန်ရေး စတင်တာ ၄ နှစ်ပြည့် အခမ်းအနား ယနေ့ ကွမ်းမြို့ တွင် ကျင်းပမည်

  • News Code : 671042
  • Source : abna သတင်းဌာန
ဘာရိန်းပြည်သူလူထုမှ စတင်ခဲ့သည့် အစ္စလာမ်မစ်တော်လှန်ရေး ကြီး ၄နှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ် ဘာရိန်းပြည်သူ လူထု နှင့် ကျဆုံးသွားသည့် ရှဟီးဒ်တော်များ ကို ဂုဏ်ပြု အားပေးသည့် အနေဖြင့် ယနေ့ညတွင် နမာဇ် မရ်ရေဗ် နှင့် အေရှာနမာဇ် အပြီး ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ ကွမ်းမြို့ တော် ရှိ ဟဇရသ် ဖွာတွေမာ ၊မအ်စူမာ (စ.အ) ၏ရောင်ဇာတော် အတွင်းတွင် ကျင်းပမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

==========================================

ဘာရိန်းပြည်သူလူထုမှ စတင်ခဲ့သည့် အစ္စလာမ်မစ်တော်လှန်ရေး ကြီး ၄နှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ် ဘာရိန်းပြည်သူ လူထု ကို ဂုဏ်ပြု အားပေးသည့် အနေဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညတွင် နမာဇ် မဂ်ရေဗ် နှင့် အေရှာနမာဇ် အပြီး ပြည်ထောင်စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ ကွမ်းမြို့  တော် ရှိ ဟဇရသ် ဖွာတွေမာ ၊မအ်စူမာ (စ.အ) ၏ရောင်ဇာတော် အတွင်းတွင် ကျင်းပမည် ဖြစ်ပါတယ်။

ဤအစီအစဉ်အား မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဦးဆောင် ကျင်းပမည်ဖြစ်ပြီး အိုလမာ နှင့် မြို့  ရှိ ရပ်မိရပ်ဖ၊ပြည်သူလူထုများ မှ ကျယ်ပြန့်စွာ တက်ရောက်နေရာ ယူကြမည် ဖြစ်ပါတယ်။ ဘာရိန်းပြည်သူ လူထု  နှင့် ကျဆုံးသွား သည့်အာဇာနည် များ ကို  ဂုဏ်ပြု ထောက်ခံအားပေးခြင်းလည်း မည်ပါတယ် ။

ကျင်းပမည့် အစီအစဉ်

နေရက် - ဖေဖော်ဝါရီလ ၁၄ရက် ၊၂၀၁၅ခုနှစ် ၊အီရန်သက္ကရာဇ် ၁၃၉၃ ဗဲဟ်မန်လ ၂၅ ရက်နေ

အချိန် - နမာဇ် မဂ်ရေဗ် နှင့် အေရှာနမာဇ် အပြီး

နေရာ - ဟဇရသ် ဖွာတွေမာ ၊မအ်စူမာ (စ.အ) ၏ရောင်ဇာတော် ရှိ (ရှဗစ်စတန်အေမာမ် ခိုမေနီ (ရ.ဟ)

ဓမ္မကထိက - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွတ်စလေမီးန် အာဂါယေ မွန်တဂါရီ

ဤ ဂုဏ်ပြု အားပေးမှု အစီအစဉ် အားပြီးခဲ့သည့် အပတ်ကြာသပတေးနေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် အီရန်နိုင်ငံ  (အာဟ်ဝါဇ်) မြို့  မှ စတင်ခဲ့ပြီး ယခု တစ်ပတ် အတွင်း တီဟီရန်တိုင်း ၊ဂိုရ်ဂန်ပြည်နယ်၊သဗ်ရေဇ် ပြည်နယ် ၊ကွမ်းပြည်နယ် ၊ရှီးရဇ် ပြည်နယ်နှင့် အခြား နိုင်ငံများတွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိထားရပါတယ်။

ဘာရိန်းမင်းဆိုးမင်းညစ် သည် ဘာရိန်းပြည်သူတို့၏ ရသင့်ရထိုက်သည့် အခွင့် အရေးများကို မပေးသည့် အပြင် ဆော်ဒီ ဘုရင်အားကိုးဖြင့် ပြည်သူလူထု ၊ကလေး၊လူငယ်၊လူကြီးမရွေး တို့အား မတရား နှိပ်စက်ညဉ်းပန်း ၊သတ်ဖြတ် ထောင်ကျခဲ့ပါတယ်။ဆက်လက်ပြီးလည်း လူမဆန်မှုများကို ကျင့်သုံးနေပါတယ် ။

 

ဆော်ဒီဘုရင်နှင့် မဟာမိတ်များဟာ ဘာရိန်းနိုင်ငံ၏လက်ရှိ ဘုရင်  အာလေခလီဖာကို အပြင်းအထန် ကာကွယ်ပေးနေပြီး ငြိမ်းချမ်းစွာ ၊သပိတ်မှောက် ဆန္ဒပြနေသည့် ပြည်သူများကို ရက်စက်စွာ နှိင်နင်းနေပါတယ်၊အကြောင်းမှာ ဆော်ဒီဘုရင်သည့် ရှီအာ ကို အလွန်မုန်းတီးသည် ဝဟာဘီ ဝါဒီများ ဖြစ်ပြီး ဘာရိန်းပြည်သူ အများစုသည် ရှီအာ များ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ မိမိတို့၏ အနာဂတ်ကို အလွန်တရာ စိုးရိမ်နေသည့်အတွက် ဤကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ ကို အားပေး ၊ကူညီနေရခြင်းဖြစ်ပါတယ်။

သတိရှိရမည့် အချက်မှာ - ငြိမ်းချမ်းစွာ ၊သပိတ်မှောက် ဆန္ဒပြနေသည့်  ဘာရိန်း ပြည်သူများမှာ ရှီအာ မွတ်စလင်မ်များသာ မဟုတ်ဘဲ စွန်နီ မွတ်စလင်မ် များလည်း ပါဝင်ပါတယ်၊ နှိင်နင်းနေတဲ့ လုံခြုံရေး တပ်သားများတွင်လည်း ဆော်ဒီစစ်သားများ နှင့် ကြေးစား လူသတ်သမားများ ပါဝင်နေပါတယ်။

======================================

 

 

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*