ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ်

သိုဖန်နေကသေအ် အမည်ရှိ စစ်ဆင်ရေးကို ဘာကြောင့် အစ္စရေးနဲ့ အီဂျစ် အတွက်မလုပ်ရတာလဲ ?

  • News Code : 679647
  • Source : abna
Brief

လက်ဘနွန် နိုင်ငံ၏ တရားဝင် ပါလီမန် အဖွဲ့ဝင် ဟေစ်ဘွလ္လာဟ်အဖွဲ့ ၏ အထွေထွေ အတွင်းရေမှူး ချုပ် H.I ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ်အနေဖြင့် လက်ရှိ ယီမင် နိုင်ငံ ၏ အခြေအနေ အတွက် အရေးကြီး မိန့်ခွန်းကိုပြောကြားခဲ့ပြီး မိန့်ခွန်း အတွင်း ဆော်ဒီ အာရေဗျနဲ့သူရဲ့ မဟာမိတ်နိုင်ငံတွေ သိုဖန်နေကသေအ် အမည်ရှိ စစ်ဆင်ရေးကို ယီမင်နိုင်ငံ ကိုလုပ်သလို ဘာကြောင့် အစ္စရေးနဲ့ အီဂျစ် နိုင်ငံ အတွက်မလုပ်ရတာလဲ ? ယီမင် အဖိနှိပ်ခံ ပြည်သူလူထုသာလျှင် အောင်ပွဲခံရလိမ်မည် ဖြစ်ကြောင်း၊ ဆော်ဒီ အာရေဗျ အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန်ကို ပြဿနာလုပ်နေကြောင်း ၊မကျေနပ်ကြောင်း ၊ယနေ့ အီရန်နိုင်ငံ ဟာ အင်ပါယာ နိုင်ငံ မဟုတ်ကြောင်း၊ ခင်ဗျားတို့ မိတ်ဆွေ ၊သခင် မိုဟမ္မဒ်ရေဇာရှား အုပ်ချုပ်တာ မဟုတ်တော့ကြောင်း ၊ခင်ဗျားတို့၏ အဓိက အီရန်နဲ့ ပြသာနာဟာ ပြည်ထောင်စု အစ္စလာမ်မစ် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ကြောင်း စသည်ဖြင့် ရဲရဲတောက် မိန့်ခွန်းကို မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန၊အဗ်နာ


လက်ဘနွန် နိုင်ငံ၏ တရားဝင် ပါလီမန် အဖွဲ့ဝင် ဟေစ်ဘွလ္လာဟ်အဖွဲ့ ၏ အထွေထွေ အတွင်းရေမှူး ချုပ် H.I ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ် ၏ မိန့်ခွန်း ကို လက်ဘနွန် နိုင်ငံ (အလ်မီနာ) ရုပ်မြင်သံကြားမှ သောကြာနေ့ ညနေပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ် မှ နှစ်ပေါင်းများစွာကတည်းက အချို့ အာရပ်နိုင်ငံတွေ အနေနဲ့ အစ္စရေးတို့ ကျူးကျော်ထားတဲ့ ပါလင်စတိုင်းများ အတွက် မည်သည့် လှုပ်ရှားမှုများ ကို မလှုပ်ရှားခဲ့ကြဘဲ အခုမှ ယီမင်ကို တိုက်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆော်ဒီအာရေဗျ နိုင်ငံ ဟာ တိုနီရှားနိုင်ငံ၏ ပြည်သူတော်လှန်ရေးနဲ့ ပတ်သက်ပြီးဘယ်လို့ ဆန်ကျင့်ခဲ့တယ်ဆိုတာ၊ ပြည်သူဖြုတ်ချလိုက်တဲ့ အာဏာရှင် ဇိုင်နွန်အာဗေဒီးန် ဗင်အလီ ကို အာဏာပြန်ရ အောင်ဘယ်လောက် ကြိုးပမ်းခဲ့ကြတယ်ဆိုတာ အထင်အရှားပါဘဲလို့ လည်း ပြောကြားခဲ့ပါတယ်။

ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ် အနေဖြင့်ဆက်လက်ပြီး ယီမင် အပေါ်ထိုးစစ် ဆင်တိုက်ခဲ့ ခြင်းဟာ ရာထူးကျသွားတဲ့ ယီမင် သမ္မတဟောင်း ရဲ့တောင်းဆိုမှု လို့ အကြောင်းပြပြီး တိုက်တာဖြစ်ကြောင်း ၊အကြောင်းပြချက် ဟာ အခြေအမြစ်မခိုင်ကြောင်း ၊ ဆော်ဒီအာရေဗျနဲ့ ပါရှန်းပင်လယ်ကွေ့ အာရပ် နိုင်ငံတွေဟာ ယီမင် နိုင်ငံ၏ အခြေအနေ ကိုပြောင်းလဲဖို့ ၊ခြိမ်းခြောက်ဖို့ လုပ်ပိုင်ခွင့် မည်သည့် အထောက်အထား သက်သေမျှ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

သိုဖန်နေကသေအ် အမည်ရှိ စစ်ဆင်ရေးကို ယခုလို ယီမင် အတွက်စတင်လိုက်ပြီးဆိုတော့ သိုဖန်နေကသေအ် အမည်ရှိ စစ်ဆင်ရေးကို အစ္စရေး အတွက်လည်း စလိုက်ပါ ကျွန်ုပ်တို့ ကိုယ်တိုင်ဝင်ရောက် ပြီး ခင်ဗျားတို့ ဖက်ကနေ ကူတိုက်ပေးမယ်လို့ ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ် မှ ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေဗျ မိမိဒေသမှာ ရှိတဲ့လူမျိုးစုတွေ ကိုတရားဝင်လက်မခံထားကြောင်း ၊၎င်းတို့ကို မိမိတို့ရဲ့ ကျွန်အဖြစ် သတ်မှတ်ထားကြောင်း ၊ဆော်ဒီဘုရင် အနေနဲ့ အီဂျစ်နိုင်ငံမှာ ဟစန်နီမိုဘာရက် ကိုဖြုတ်ချတဲ့ပြည်သူလူထု တော်လှန်ရေးလုပ်တုန်းကကြတော့ ရန်မှုနေပြီး အခု ဘာကြောင့် နိုင်ငံတကာညွန့် ပေါင်း အားနဲ့ မငြိမ်သက်သေးတဲ့ အီဂျစ် ကို မတိုက်ရတာလဲ ဟု မေးခွန်းထုတ်မေးကြားခဲ့ပါတယ်။ (ရှင်းနေပါ တယ် သူတို့လိုတဲ့သူ အာဏာရလို့ဆိုတာပါဘဲ။)

ယီမင်နိုင်ငံကို ကျူးကျော်တိုက်တာ သမ္မတ ကိစ္စနဲ့ အစိုးရ ကိစ္စကြောင့် မဟုတ်ဘဲ သက်သက်မက်မက် အကြောင်းမရှိ အကြောင်းရှာတိုက်တာ ဖြစ်ကြောင်းကိုပြောကြားရင်း ဤတိုက်ခိုက်မှု အတွက် မွတ်စလင်မ် များနှင့် ဆော်ဒီ အိုလမာ ၊မွဖ်သီများဖက်မှ ခွင့်ပြုထားတဲ့ သက်သေအတိ အကျကော်ရှိပါ သလားဆိုသည့်မေးခွန်းထုတ်မှု ကို ဟေစ်ဘွလ္လာဟ် ခေါင်းဆောင် မှ မေးခွန်းထုတ် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၊ခင်ဗျားတို့၏ အဓိက ပြသာနာဟာ အီရန်မဟုတ်ကြောင်း ၊ ဒေသခံ လူမျိုးစုများကို တရားဝင်လက်မခံတဲ့ စနစ်သာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ခင်ဗျားတို့ရဲ့အကြီးမားဆုံးလိမ်ညာပြောဆိုမှု ၊မုသားကတော့ဗျား ယီမင်ကိစ္စ ကို အီရန် ကဝင်ရှုပ်တယ် ဆို တဲ့စကားပါ ဘဲ ဗျား၊ ဒီလို ကောလဟလသတင်းကိုလည်းခင်ဗျားတို့ဘဲဖြန့်ချိခဲ့ကြတယ်၊ဒီကိစ္စ အတွက် သက်သေ အထောက် အထား ဘယ်မှာလဲ ပြကြပါအုန်းဆိုပြီး ဆရ်ဒ် ဟစန်နဆွရွလ် လ္လာဟ် မှ ပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီး အီရန်ဘာသာရေးခေါင်းဆောင် အေမာမ်ခါမေနအီကို အေမာမ်နဲ့ မွတ်စလင်မ်အားလုံး၏ အုပ်ထိန်း သူ အဖြစ် ကျွန်ုပ်တို့လက်ခံထားပါတယ်။ဒါတောင်မည်သည့်အချိန်မည်သည့်အခါမှ ကျွန်ုပ်တို့ကို အမိန့် မပေး ပါဘူး ၊အတင်းအဓမ္မအလုပ်ကို လည်း မလုပ်ခိုင်းပါဘူး။ဒါပေမဲ့ ဆော်ဒီအာရေဗျ ကတော့ လက်ဘနွန် ပြည်သူပြည်သားတွေ ကို ဒီမျိုးမဆက်ဆံဘူး ၊မကြည့်ဘူးဗျားဟု ဆိုခဲ့ပါတယ်။

ဆော်ဒီအာရေဗျနဲ့ ပါရှန်းပင်လယ်ကွေ့ အာရပ် နိုင်ငံတွေဟာ အစ္စရေးတို့ရဲ့ မတရားရက်စက်ယုတ်မာ ကျူးကျော် ခြင်းခဲ့နေရတဲ့ ပါလက်စတိုင်း မွတ်စလင်မ်တွေကို တစ်ယောက်တည်း လွတ်ထားခဲ့ပါတယ်။ဒါပေမဲ့ အီရန် ဟာ သူတို့ဖက်ကနေ ရပ်တည်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (ဒါကြောင့် အစ္စရေး လူယုတ်မာ ၊လူအခွင့်အရေး အယောင်ဆောင်တွေက အီရန်ဆို အသေမုန်းတာပေါ့။)

ဆော်ဒီနဲ့အေမရိကန်ဟာပေါင်းပြီး အီရန်ကိုချေမှုန်းဖို့ ဆဒန်မ် ဟိုစိန်ကို မြှောက်ပင့်ကူညီခဲ့ပြီး နောက်ဆုံး သူတို့ မြှောက်ပင့်ကူညီခဲ့တဲ့သူကို အကြောင်းတွေပြပြီးအီရတ်ကို မတရားကျူးကျော်တိုက်ခိုက်ခဲ့ ကြောင်းဖက်သို့လည်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီ အနေဖြင့် ဆီးရီးယား လက်ရှိ သမ္မတ ဗရှားအဆဒ်ကို ဖြုတ်ချဖို့ ဒါအေရှ်(ခ) ISအကြမ်းဖက် အစ္စလာမ်ခုတုံးလုပ် အစွန်းရောက် သူပုန် အဖွဲ့ကိုဖွဲ့ပေးခဲ့ပြီး၎င်းတို့အား ဆော်ဒီ အိမ်ရှေ့ မင်းသား ဗန်ဒ်ရ်ဗင်စိုလ်သန် မှကျောထောက် နောက်ခံ ပြုပေးခဲ့ကြောင်း ၊အခု အီရတ်ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်နေတဲ့ISအကြမ်းဖက်တွေကို ဆော်ဒီမှ ဝင်မတိုက်ပေးကြောင်း အီရန် အနေဖြင့် အီရတ် ပြည်သူတွေဖက်က ရပ်တည်ပေးနေကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီ၊ကာတာ၊တူရကီနိုင်ငံ တွေဟာဆီးရီးယား အစိုးရကို ဖြုတ်ချဖို့ပြောင်းဖို့လုပ်ခဲ့တာ မအောင်မြင်ဘဲ အရှုံးနဲ့သာ ရင်ဆိုင်လိုက်ရကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဟေစ်ဘွလ္လာဟ်အဖွဲ့ ၏ အထွေထွေ အတွင်းရေမှူး ချုပ် H.I ဆရက်ဒ် ဟစန် နဆွရွလ်လ္လာဟ်အနေဖြင့် အရေးကြီးပြီးပွိုင့်ကြသည့် အရာများကို ဆက်လက်ပြောကြားပြီး ယီမင်အပေါ် ကျူးကျော်စစ်ကို ချက်ချင်း ရပ်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
=========================================


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky