သက္က်ရီးသ်မြို့ အတွက် အောင်ပွဲခံ / အီရတ်ဝန်ကြီးချုပ် ပြည်သူ့တပ်မတော် နှင့် အရှာရေရ် စွန်နီကို ချီးကျူး / ဓာတ်ပုံများ

  • News Code : 680300
  • Source : abna
အီရတ်ဝန်ကြီးချုပ်မှ သက္က်ရီးသ်မြို့ သည်ရန်သူလက်ထဲမှ လုံးဝ လွတ်မြောက်အောင်မြင်ခဲ့ပြီး ဖြစ် ကြောင်းထုတ်ပြန် ကြေငြာ ခဲ့ ပါ တယ်၊ အီရတ်နိုင်ငံတော်အလံ ကို ပြည်သူ့တပ်မတော် နှင့် အရှာရေရ် စွန်နီတို့မှ တိုင်းမှူး အဆောက် အဦးတွင်လွှင့်ထူနိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန၊ အဗ်နာ

အီရတ်နိုင်ငံ ဆွလာဟွဒ်ဒီးန်ပြည်နယ်ရှိ သက္က်ရီးသ်မြို့    အား IS (ခ) ဒါအေရှ် မကောင်းဆိုးဝါးများလက်ထဲမှ တစ်မြို့ လုံးကို ပြန်လည် သိမ်းယူ အောင်မြင်ခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် (ဟိုင်ဒဲရ် အလ်အေဗါဒီ ) မှ သတင်းပေး ပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံရုပ်မြင်သံကြားမှ အင်္ဂါနေ့ ညနေခင်းပိုင်းအချိန် တွင် အီရတ်ဝန်ကြီးချုပ် (ဟိုင်ဒဲရ် အလ်အေဗါဒီ ) ၏ သက္က်ရီးသ်မြို့    သည်ရန်သူလက်ထဲမှ လုံးဝ လွတ်မြောက်အောင်မြင်ခဲ့ပြီးဖြစ် ကြောင်း   နှင့် အီရတ် နိုင်ငံတော်အလံကို ပြည်သူ့တပ် မတော် နှင့် အရှာရေရ် စွန်နီတို့မှ တိုင်းမှူး အဆောက်အဦးတွင် လွှင့်ထူနိုင်ခဲ့ကြောင်း  ထုတ်ပြန်ကြေငြာချက်ကို အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ် (ဟိုင်ဒဲရ် အလ်အေဗါဒီ ) အနေဖြင့် ဒီနိုင်ငံ၏ လက်နက်ကိုင်တပ်မတော် ၊ ပြည်သူ့ တပ်မ တော် နှင့် အရှာရေရ် စွန်နီတို့နဲ့ပေါင်းပြီး သက္က်ရီးသ် မြို့  မြောက်ပိုင်းနဲ့ အနောက်ဖက်ပိုင်း ရှိ အစိတ်အပိုင်းများ ကိုသူပုန် IS (ခ) ဒါအေရှ် လက်ထဲမှလွတ်မြောက်အောင်ကြိုးပမ်း နိုင်ခဲ့ ကြောင်းနှင့် ဘဂ္ဂဒတ်မြို့  တောင်ပိုင်းရှိ ဤမြို့   အလယ်ပိုင်းကို လည်း ပြန်လည် သိမ်းပိုက်နိုင်ပြီး ဖြစ်ကြောင်းပြောခဲ့ပါတယ်။

ဆက်လက်ပြီးဝန်ကြီးချုပ်အနေဖြင့် ကျနော်တို့လုံခြုံရေးတပ်မတော် ဟာသက္က်ရီးသ်မြို့  ရဲ့ ဗဟိုအချက် အချာကျ နေတဲ့နေရာကို ရောက်ရှိထားပြီး ဒီမြို့  ၏ မြောက်ပိုင်းနဲ့ အနောက်ပိုင်းရှိ အချို့  နေရာတွေကို သိမ်းနိုင်ခဲ့ပြီး ယခု အချိန် မှာ တစ်မြို့ လုံးကို ပြန်လည် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ကြောင်း ပြောပါတယ်။

(ဟိုင်ဒဲရ် အလ်အေဗါဒီ ) အနေဖြင့် အီရတ်တပ်မတော်၊ရဲတပ်ဖွဲ့၊ပြည်သူတပ်မတော်နဲ့နှင့် အရှာရေရ် စွန်နီတို့ အားကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သတင်းဌာနများ ၏ အစီရင်ခံစာများအရ အီရတ် တပ်မတော်နဲ့ ပြည်သူ့တပ်မတော် ဟာ သက္က်ရီးသ်မြို့  ၏ နေရာ အမျိုးမျိုးရှိ လုံခြုံ ရေး အဆောက်အဦးများ ၊အစိုးရ အဆောက်အဦးများနှင့် သမ္မတပိုင်နန်းတော် ၁၃ခုကို ထိန်း ချုပ်နိုင် လိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။

ဆွလာဟွဒ်ဒီးန် စစ်ဆင်ရေး၏တာဝန်ခံ ဗိုလ်မှူး အဗ်ဒွလ်ဝဟာဗ် အလ်စာအ်ဒီ မှကျနော်တို့ IS (ခ) ဒါအေရှ်အဖွဲ့ သားတစ်ယောက်ကိုမျှ သက္က်ရီးသ် မြို့   ပေါ်မှာ ရှာမတွေ့တော့ဘူးလို့ပြောခဲ့ပါတယ်။

သက္က်ရီးသ်မြို့  ကို IS (ခ) ဒါအေရှ်အဖွဲ့ လက်မှပြန်လည် သိမ်းပိုင်နိုင်ရန်  အီရတ်တပ်မတော်နဲ့ ကိုယ်ဆန္ဒနဲ့ကိုယ်ဝင် ရှီအာစွန်နီ အရပ်သားများနဲ့ဖွဲ့ထားသည့် ပြည်သူ့ တပ်မတော် အားလုံး စုစုပေါင်း စစ်သည် အင်အား ၃သောင်း ပါဝင် တိုက်ခိုက် နေရာယူခဲ့ကြောင်း သိရပါတယ်။

အင်္ဂါနေ့ နေ့ခင်း အချိန်တွင် အီရတ် သတင်းဌာနများမှ သက္က်ရီးသ်မြို့   အနောက်မြောက်ပိုင်းကိုသိမ်းပိုက်နိုင်ပြီး မြို့  အလယ်ပိုင်းကို ဆက်လက် ချီတက်သွားကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဆွလာဟွဒ်ဒီးန် ပြည်နယ်မှူးမှလည်း မနက်ဖန်မှစပြီး သက္က်ရီးသ် မြို့  ရှိ အစိုးရ ရုံးများ၏ အလုပ်များ ပြန်လည်၊ လှည့်ပတ်ဖို့  သက္က်ရီးသ်မြို့  ၏တာဝန်ရှိအစိုးရ အရာရှိများကို မေတ္တာရပ်ခံထားပါတယ်။

================================


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky