. အီရန် နယ်စပ်စောင့် လုံခြုံတပ်သား ၈ဦးအား တိုက်ခိုက်တဲ့ တရားခံ သိရှိ

  • News Code : 682344
  • Source : ABNA
အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် အုပ်စု တစ်စု မှ ဓာတ်ပုံ နှင့်တကွကြေငြာမှု တစ်ခု ကိုပြုခဲ့ပါတယ်။ ၎င်း ကိစ္စ ကို တာဝန်ယူပြီး အီရန် နယ်စပ်စောင့် လုံခြုံတပ်သား ၈ဦးအား တနင်းလာ နေ့ ည က တိုက်ခိုက်ခဲ့မှု ကို ဝန်ခံ ပြီး ဆက်လက်ပြီး တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် အုပ်စု တစ်စု ဖြစ်တဲ့ ( အန်စွာရို ဖိုရ်ကန် ) မှ ပြည်ထောင် စု အစ္စလာမ် မစ် အီရန် နိုင်ငံ ၏ အရှေ့ ဖက်ပိုင်း ရှိ နယ်စပ်စောင့် လုံခြုံတပ်သား ၈ဦး အားတိုက်ခိုက် သတ်ဖြတ်ခဲ့မှု ကို ဝန်ခံ ခဲ့ပါတယ်။


အဗူဟဖ်ဆွ် ဗလူဂျီ အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် အုပ်စု တစ်စု ဖြစ်တဲ့ ( အန်စွာရို ဖိုရ်ကန် ) ၏ ပြောရေး ဆိုခွင့် ရှိသူမှ ဓာတ်ပုံ နှင့်တကွကြေငြာ ထားတဲ့ ကိစ္စ ကို တာဝန်ယူပြီး အီရန် နယ်စပ်စောင့် လုံခြုံတပ်သား ၈ဦးအား တနင်းလာ နေ့ ည က တိုက်ခိုက်ခဲ့မှု ကို ဝန်ခံ ပြီး ဆက်လက်ပြီး တိုက်ခိုက် သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြော ခဲ့ပါတယ်။


ဒီ သက္က်ဖီးရီး ဝဟာဘီခေါင်းဆောင် မှ ဆက်လက်ပြီး ဤလုပ်ရပ်ကို ကျေနပ်ကြောင်း ဤ ဂျေဟဒ် ကို ဆက်လက်ပြီး ဆင်နွဲသွားမည် ဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် အုပ်စု တစ်စု ဖြစ်တဲ့ ( အန်စွာရို ဖိုရ်ကန် ) အဖွဲ့ဟာ အကြမ်းဖက် သောင်းကြမ်းသူ အစွန်းရောက် အုပ်စု နှစ် စု ဖြစ်တဲ့ ဂျစ်ရှ်ရှို အန်စွာ နဲ့ ဖိုရ်ကန်တို့ ကို ပူပေါင်းပြီး ဖွဲ့ထား ခြင်း ဖြစ်ပါတယ်။
ဖိုရ်ကန်အဖွဲ့ ခေါင်းဆောင် ကတော့ မော်လဝီ ဆွလာဟွဒ်ဒီး(န်) ပြီး ဂျစ်ရှ်ရှို အန်စွာရဲ့ခေါင်းဆောင်ကတော့ အဗူဟဖ်ဆွ် ဗလူဂျီ ဖြစ်ပါတယ်။
အစွန်းရောက် သောင်းကြမ်းသူ အဖွဲ့ ((ဂျစ်ရှ်ရှိဒ်အဲဒ်လ်)) အဖွဲ့ မှ အီရန် နယ်စပ်စောင့် လုံခြုံတပ်သားများအား တိုက်ခိုက်ခဲ့မှု ကို တာဝန်ယူ၊ဝင်ခံ မှု ကြေငြာထားချိန် ဤ အဖွဲ့ မှလည်းကြေငြာဝင်ခံ ချိန် ၊အချိန်တူ ဖြစ်နေပါတယ်။.


စစ်သာန်၊ဗလိုဂျစ်စတန်ပြည်နယ် စစ်ဌာန နှင့် လုံခြုံရေး လက်ထောက် အလီ အစ္စဂဲရ် မီးရှေကာရ် မှ တနင်းလာ နေ့ ည အချိန်တွင် စစ်သာန်၊ဗလိုဂျစ်စတန်ပြည်နယ် မြောက်ပိုင်း ရှိ နေဂူရ် နှင့် ဂျန်ဂီဂူရ် အကြား တွင် လုံခြုံရေး တပ်သား များ နှင့် အစွန်းရောက် အဖွဲ့တို့ ၏ ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ပြီးနောက် ၊ လုံခြုံရေး တပ်သား ၈ ဦး ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။


၎င်းမှ ဆက်လက်ပြီး ဒီ အစွန်းရောက် သောင်းကြမ်းသူ အဖွဲ့ ဟာပါကစ္စတန် နိုင်ငံဖက် မှ ဝင်ရောက်လာပြီး တိုက်ခိုက်တာ ဖြစ်ကြောင်း ၊ပါကစ္စတန် နိုင်ငံ အနေဖြင့် မိမိနိုင်ငံ ကို အသုံး ပြုပြီး အိမ်နီးချင်နိုင်ငံ ကို တိုက်ခိုက်ဖို့ ခွင့်မပေးဖို့ လည်း မေတ္တာ ရပ်ခံ ပြောကြား ခဲ့ပါတယ်။


အလီ အစ္စဂဲရ် မီးရှေကာရ် မှ ပါကစ္စတန် နိုင်ငံမှ အစွန်းရောက် သောင်းကြမ်းသူ အဖွဲ့ ကို အလေးအနက် တိုက်ထုတ်ပြီး ဖမ်းဆီးပြီး မိမိတို့အား ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ် ။


ဤတိုက်ခိုက်ပစ်ခတ်မှု တွင် ပြည်ထောင် စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ဝန်ထမ်း ၃ ဦး စစ်သား ၅ဦး ရှဟီးဒ် ဖြစ်ခဲ့ ရပါတယ်။
ရှဟီးဒ်သည်များ၏ အမည် များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။မဲဟ်ရန်အေက်ရာအ်
၂။ အလီအေမာမ် ဒါဒ်ဒီ ရဇာဝီး
၃။ရဇာ ဟိုစိန်နီ
၎။ အီစ်မာအီးလ် ဇာဒေ
၅။ ဟစန်ဘီယာသီ
၆။ မိုဟမၼဒ္အဲဟ္မဒ္ဒီ
၇။ အဘာစ်မဲဟ်ရန်သူးစ် တို့ ဖြစ်ပါတယ်။


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century