ခင်ပွန်းသည် အနေဖြင့် မိမိဇနီးသည် ၏ အသားကို စား နိုင်ပါတယ် / ဆော်ဒီ ဖွဖ်သီ

  • News Code : 682346
  • Source : ABNA
Brief


အဗ်ဒိုလ်အဇီးဇ် အာလေ့ ရှိက်္ခ ၊မွဖ်ဒီ ဆော်ဒီ အာရေဗျအနေဖြင့် မကြသေမီ လတ်တလော အချိန်တွင် အံ့သြဖွယ် ဖသ်ဝါ တစ်ခုကို ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ဖသ်ဝါကတော့ ခင်ပွန်းသည် အနေဖြင့် အသက်သေရတော့မဲ့ အခြေအနေ အထိ ဆာလောင်နေပြီး အခြား စားစရာတစ်ခုခုကို ရှာဖွေ မတွေ့ နိုင်တော့ သည့် အခါ မိမိဇနီးသည် ၏ အသား တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ (သို့မဟုတ် ) ဇနီးသည်၏ ကိုယ်ခန္ဓာ တစ်ခုလုံး ကို ဖြစ်စေ စားခွင့် ရှိပါတယ်ဆိုပြီး ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အလ်အာလန်မ် သတင်းဌာန မှ ဒေသဆိုင်ရာသတင်းစာ (( အလ်ကိုဒ်စ် စိလ်အရဘီ )) မှ တဆင့် သတင်းတစ်ခု ကို တင်ပြခဲ့ပါတယ်။ သတင်းမှာ အဗ်ဒိုလ်အဇီးဇ် အာလေ့ ရှိက်္ခ ၊မွဖ်ဒီ ဆော်ဒီ အာရေဗျ ၏ အံ့သြဖွယ် ဖသ်ဝါ တစ်ခုကို ဖြစ်ပါတယ်။ ဖသ်ဝါကတော့ ခင်ပွန်းသည် အနေဖြင့် အသက်သေရတော့မဲ့ အခြေအနေ အထိ ဆာလောင်နေပြီး အခြား စားစရာတစ်ခုခုကို ရှာဖွေ မတွေ့ နိုင်တော့ သည့် အခါ မိမိဇနီးသည် ၏ အသား တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ (သို့မဟုတ် ) ဇနီးသည်၏ ကိုယ်ခန္ဓာ တစ်ခုလုံး ကို ဖြစ်စေ စားခွင့် ရှိပါတယ်ဆိုပြီး ဖြစ်ပါတယ်။


၎င်းမွဖ်သီ မှ ဤဖသ်ဝါ ၏သက်သေ အဖြစ် တင်ပြပုံကတော့ ဇနီးသည် ဖက်မှ စတေးမှု ၊ ဇနီးသည်မှ ယောက်ကျား ၏ အမိန့်နာခံမှု ဖြစ်ပြီး ဇနီးသည်အနေဖြင့် နောက်ဆုံး နှစ်ဦးပေါင်း ခန္ဓာကိုယ် တစ်ခုတည်း ဖြစ်တယ်လို့ခံစားရတယ်လို့ မည် ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီလိုအံ့သြ အငြင်းပွားဖွယ် ၊ပြဿနာ ဖသ်ဝါကို လူမှုကွန်ယက်များတွင် အထူးသဖြင့် တွစ်တာ ပေါ်တွင် ကျယ်ပြန့်စွာ ဖော်ပြ ထားပါတယ်။ သိရသူ၊ကြည့်ရသူများကို စိတ်လှုပ်ရှားဖွယ်နဲ့ ကြောက်လန့် စရာ ဖြစ်စေခဲ့ပါတယ် ။


အာလေ့ ရှိက်္ခ ၊မွဖ်ဒီ ဆော်ဒီ အာရေဗျမှ တစ်လ မပြည့်ခင် အလျင်ကလည်း အသက် ၁၅နှစ်အောက် မိန်းကလေးများကို လည်း အိမ်ထောင်ပြုခွင့် ဖသ်ဝါ ကိုလည်း ပေးခဲ့ပါတယ်။


ဆော်ဒီအာရေဗျ တွင် အသက်ငယ် မိန်းကလေးများနဲ့ ဥပဒေကပြဋ္ဌာန်းထားသည့်အသက်ထက် ငယ်သူမိန်း ကလေးများ ၏ လက်ထပ်ထိမ်းမြားမှု ကို လူမှုရေး၊လူ့အခွင့်အရေး နှင့် ဥပဒေအရ ပြဿနာအဖြစ် တည်ရှိနေတဲ့ အချိန် ဖြစ်ပါတယ်။


ပြီးခဲ့သည့်လအချို့ အရင်ကလည်း ဆော်ဒီ ဒေသဆိုင်ရာ သတင်းစာများ မှ အဖေအရွယ် နှင့် အဖိုးအရွယ် ယောက်ကျားများနဲ့ အတင်းအဓမ္မ လက်ထပ်နေရတဲ့ အသက်ငယ်မိန်းကလေး များ၏ မင်္ဂ လာကိစ္စ ကို စိစစ် သုံးသပ်ရန် တင်ပြမှုများ ပါရှိခဲ့ပါတယ်။


==========================


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century