ဆော်ဒီ လေဆိပ်ရှိ တာဝန်ရှိရဲ ၂ဦး၏ မရိုမသေပြု လူမဆန်မှု(ယောက်ကျားခြင်း မုဒိမ်းကျင့်မှု) ကို တုံ့ပြန်

တီဟီရန် ရှိ ပြည်သူလူထု မှ ဆော်ဒီသံရုံး ရှေ့ တွင် သပိတ်မှောက် ဆန္ဒပြမှု ပြုလုပ် + ဓာတ်ပုံများ

  • News Code : 683184
  • Source : ABNA
အီရန်ရှိ ပြည်သူလူထုများမှ မတ်လ၁၁ရက်နေ့ မနက်တွင် ဆော်ဒီသံရုံး ရှေ့ တွင် သပိတ်မှောက် ဆန္ဒပြမှု ပြု လုပ်ခဲ့ကြ ပါတယ်။ ပြီးနောက် ဆော်ဒီအာရေဗျ ဂျစ်ဒဟ် လေဆိပ်ရှိ တာဝန်ကျ ရဲ ၂ဦး၏ အီရန် နိုင်ငံသားလူငယ် ၂ ဦးအပေါ် မရိုမသေပြု လူမဆန်မှု(ယောက်ကျားခြင်း မုဒိမ်းကျင့်မှု) ပြုခဲ့ခြင်း ကိုပြင်းပြင်း ထန်ထန် အရေးယူ ဆောက်ရွက်မှု ပြုပေးဖို့ တောင်းခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ဆော်ဒီ အာရေဗျ နိုင်ငံ၏ ဂျစ်ဒဟ်လေဆိပ်ရှိ တာဝန်ရှိကျ ရဲ ၂ ဦး ၏ အီရန်နိုင်ငံသား ဇေယာရသ်ပြု သူ၂ဦး အား မရိုမသေပြု လူမဆန်မှု နှင့်စပ်လျဉ်းပြီး ဆော်ဒီသံရုံး ရှေ့ တွင် သပိတ်မှောက် ဆန္ဒပြ မှုပြု လုပ်ခဲ့ကြ ပါ တယ်။


အီရန်ရှိ ပြည်သူလူထုများမှ မတ်လ၁၁ရက်နေ့ မနက်တွင် ဆော်ဒီသံရုံး ရှေ့ တွင် သပိတ်မှောက် ဆန္ဒပြမှု ပြု လုပ်ခဲ့ကြ ပါတယ်။ ပြီးနောက် ဆော်ဒီအာရေဗျ ဂျစ်ဒဟ် လေဆိပ်ရှိ တာဝန်ကျ ရဲ ၂ဦး၏ အီရန် နိုင်ငံသားလူငယ် ၂ ဦးအပေါ် မရိုမသေပြု လူမဆန်မှု(ယောက်ကျားခြင်း မုဒိမ်းကျင့်မှု) ပြုခဲ့ခြင်း ကိုပြင်းပြင်း ထန်ထန် အရေးယူ ဆောက်ရွက်မှု ပြုပေးဖို့ တောင်းခဲ့ကြပါတယ်။


သပိတ်မှောက်ဆန္ဒပြုလူထုကြီး အနေဖြင့် ညာသံများဖြစ်ကြတဲ့ ((ဝမ်းနည်းကြေကွဲတယ်..ဝမ်းနည်းကြေကွဲတယ် …ဒီနေ့ဟာ ဝမ်းနည်းကြေကွဲတဲ့နေ့ဘဲ … ))၊ ((သိက္ခာရှိတဲ့ အီရန်လူမျိုးတွေ အတွက် ဒီနေ့ဟာ ဝမ်းနည်းကြေကွဲတဲ့နေ့ဘဲ )) ၊ ((သမ္မတရူဟာနီ ၊ထောက်ခံတယ်ထောက်ခံတယ်))၊ ((IS တွေ့ရဲ့သံရုံး ဆော်ဒီ သံရုံး ၊မဖြစ်မနေပိတ် ))၊ ((ဆော်ဒီကျဆုံးပါစေ))၊ ((အီရန်တပ်မတော်ကို ထောက်ခံတယ် ထောက်ခံ တယ်)) ၊ ((သိက္ခာရှိတဲ့ အီရန်လူမျိုး အစော်ကားခံရတဲ့ ဟဂ်ျမလုပ်နဲ့ )) ၊ (( အမေအမ၊သမီးပျိုမရှိတဲ့ဝဟာဘီတွေကို ကြိုးစင်တင် )) စသည်ဖြင့် ဟစ်ကြွေး ခဲ့ကြပါတယ်။
ထိုနည်းတူစွာဆော်ဒီ သံရုံးရှိသည့်လမ်းကိုကားများဖြင့်ယာဉ်ကြောပိတ်အောင်ပြုလုပ်ကြပြီး (( ဝဟာဘီကို မဖြစ်မနေကြိုးပေးပါ)) ဆိုပြီး ညာသံပေးနေကြပါတယ်။


ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ H.I .Dr ဟစန်ရှုဟာနီမှလည်း ဤလူမဆန်သည့်ကိစ္စ ကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ် နိုင်ဖို့ သက်ဆိုင်ရာ အီရန် အရာရှိများကို တာဝန်ပေးထားပြီး ဖြစ်ပါတယ်။


ရှီအာအေမာမ်မီယာတို့၏ မရ်ဂျာများမှ ထိပ်တန်း မရ်ဂျာ တစ်ပါး ဖြစ်သည့် ဟဇရသ် အယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီး အနေဖြင့်လည်း ဤရာဇဝတ်မှုကို သက်ဆိုင်ရာ အီရန် အစိုးရ တာဝန်ခံများ အနေဖြင့် ပေါ့သေးသေးမတွက်ဖို့ တိုက်တွန်းပြီး လူမဆန်သည့် ဤလုပ်ရပ်ကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century