အေဗ်နေသိုင်းမီယေ ဖက်မှ အပြင်းအထန် အကာ အကွယ်ပေးသည့် ဝဟာဘီ သာသနာပြု

  • News Code : 684921
  • Source : abna+alalam
အီဂျစ်နိုင်ငံ ရုပ်မြင်သံကြား များမှ တစ်ခု ဖြစ်တဲ့ (အစ္စလာမ်ဗဟိုင်ရီ)ဆိုတဲ့ အစီအစဉ်ကို စီမံခန့်ခွဲပေးသူ တစ်ဦးက အေဗ်နေသိုင်းမီယေ ၏ အတွေးအခေါ်များ သည် အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS တို့ ၏ အရင်းအမြစ် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီစကားကို တုံ့ပြန်တဲ့အနေဖြင့် ဝဟာဘီ သာသနာပြု နှင့် ဓမ္မ ကတိက တစ်ဦးဖြစ်သူ အလီအလ်ဂျဖ်ရီ မှအေဗ်နေသိုင်းမီယေ သည် ပြိုင်ဖက်မဲ့ အာလင်မ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီဂျစ်နိုင်ငံ ရုပ်မြင်သံကြား များမှ တစ်ခု ဖြစ်တဲ့ (အစ္စလာမ်ဗဟိုင်ရီ)ဆိုတဲ့ အစီအစဉ်ကို စီမံခန့်ခွဲပေးသူ တစ်ဦးက အေဗ်နေသိုင်းမီယေ ၏ အတွေးအခေါ်များ သည် အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS တို့၏ အရင်းအမြစ် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝဟာဘီများ အကိုးအကား ပြုသည့် ကျမ်းများ မှာ အဗ်နေသိုင်းမီယေ ၏ စာအုပ်များ ဖြစ်ပြီး ၊ အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS ပေါ် ပေါက်လာ ရသည့် အရင်းအမြစ်မှာလည်း အဗ်နေသိုင်းမီယေ ၏ အတွေး အခေါ်များ ကြောင့် ဖြစ်ကြောင်း ၎င်း (အစ္စလာမ်ဗဟိုင်ရီ)ဆိုတဲ့ အစီအစဉ်ကို စီမံခန့်ခွဲပေးသူ က ပြောဆို ခဲ့ပါ တယ်။

ဝဟာဘီ သာသနာပြု နှင့် ဓမ္မ ကတိက အလီအလ်ဂျဖ်ရီ

ဆက်လက်ပြီး ၎င်း မှ အဗ်နေသိုင်းမီယေ ကို ကာဖေရ် အဖြစ်လက်ခံကြောင်း ၊ အဗ်နေသိုင်းမီယေ ရဲ့ဖေကာဟ် ဟာ ဖေကာဟ်မဟုတ်ဘဲ လအ်နသ်သီဖေကာဟ် ဖြစ်ကြောင်း၊ အကြောင်းမှာ အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဒါအေရှ် (ခ) IS ပေါ်ပေါက်လာဖို့ အရင်း အမြစ် ကို ဖြစ်စေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ဆော်ဒီနေ့စဉ်ထုတ် သတင်းစာ (المرصد) site မှ လည်း ဝဟာဘီ သာသနာပြု နှင့် ဓမ္မ ကတိက တစ်ဦးဖြစ်သူ အလီအလ်ဂျဖ်ရီ ၏တုံပြန်မှုကို ရေးသားတင်ပြထားပါတယ် ။ ၎င်းဝဟာဘီ သာသနာပြုမှ (( မင်းရဲ့ ကြီးမှားတဲ့ မှားယွင်းမှု အတွက် ငါရဲ့ လအ်နသ် ထိုပြင် နောင်အနာဂတ်လာမည့် မျိုးဆက်သစ်များဖက်မှလည်း လအ်နင်ပြုခြင်းခံရလိမ့်မည် )) ဟု ပြောကြားခဲ့ပါတယ်။

ဤ ဝဟာဘီ သာသနာပြု နှင့် ဓမ္မ ကတိက မှ ဒါအေရှ် (ခ) IS ကိုထောက်ခံအားပေးသူဟု အပြောမခံရလေ အောင် ဒါအေရှ် (ခ) IS အဖွဲ့ ဟာ အဲဟ်လေ့စွန္နသ်ဝ ဂျမအသ် အမြင်အရနှင့် မဇ်ဟဗ်ကြီး လေးပါး ၏ သဘောတူညီမှု အရ ဗာသွေလ် (လမ်းမှားသွားနေတဲ့ အဖွဲအစည်း) ဖြစ်ကြောင်း ၊အကြောင်းမှာ မိမိကိုယ့်ကို အစိုးရလို့ကြေငြာပြီး ၊ ခေလာဖသ် ကိုခံထိုက်သူလို့ ကြွေးကြော်နေတဲ့အတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလီအလ်ဂျဖ်ရီ က အခြားတဖက်မှ လည်း အေဗ်နေသိုင်းမီယေ ဖက်မှ အပြင်းအထန် အကာ အကွယ်ပေးပြီး အေဗ်နေသိုင်းမီယေ ဟာ ရှားပါးတဲ့ ၊ ပြိုင်ဖက်မဲ့အာလင်မ် ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
-------------------------------------------


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century