H.I အာဂါယေ မိုအ်စင် ကရာအ်သီ နှင့် ဝဟာဘီ တစ်ဦး ၏ ဖြစ်ရပ်မှန် တစ်ခု

  • News Code : 687071
  • Source : abna
Brief

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အကျော်မော် ရှီအာ အေမာမ် မီယာ အာလင်မ် တစ်ပါး ဖြစ်သူ H.I အာဂါယေ မိုအ်စင် ကရာအ်သီ နှင့် ဝဟာဘီ တစ်ဦး ၏ ဖြစ်ရပ်မှန် လေး တစ်ခု ကို အဗ်နာ သတင်းဌာန မှ တဆင့် တင်ပြအပ်ပါတယ် ။

အဲဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ


ဝဟာဘီ တစ်ဦး က ဂျန္နတ်သိုလ် ဗကီးအ် ကဗဲရ်စတန်မှာ H.I အာဂါယေ မိုအ်စင် ကရာအ်သီကို ပြောလေ တယ်။
ဘာလို့ ဖွာတွေမာ ၊ ဟစန် ၊ ဟိုစိန် ဆိုပြီး တမ်းတနေရတာလဲ ?!
တကယ်တော့ သူတို့တွေ ဟာ သေကုန်ကြပီလေ …. မြေကြီးတွေ ဖြစ်ကုန်ပီလေ……!
အဲဒီအချိန်မှာပဲ ဝဟာဘီ က မြေကြီးပေါ်ကို ဘော်ပင်တစ်ချောင်း ကို ပစ်ချလိုက်တယ်။
ပြီးတော့ အို ..ဟစန် ….
အို ..ဇိုင်နွလ်အာဗေဒီးန် ….
အိုအေမာမ်ဘာကေရ် ….
ဒီဘော်ပင်ကို ကျနော်မျိုးကို ကောက်ပေးပါလို့ တမ်းတာ ဟစ်အော်ပြတယ် …..
ပြီးတော့ပြောရှာတယ် …. တွေ့လား ဘာမှ အဖြေမလားဘူး ?
ဒါကြောင့်ပြောတာပေါ့…. သူတို့တွေ အားလုံး ဟာသေကုန်ကြပြီး၊ ဘာ စွမ်းအားမှ မရှိကြတော့ဘူးလေ….
ထိုအချိန် H.I အာဂါယေ မိုအ်စင် ကရာအ်သီ က မြေကြီးပေါ် ကျနေတဲ့ ဘော်ပင် ကို ကောက်ယူ လိုက်ပြီး ပြန် ပစ်ချလိုက်တယ် ။ ပြီးတော့ …..
ယာအလ္လာဟ် … ကျနော်မျိုးကို ဘော်ပင် ကောက်ပေးတော်မူပါလို့ တမ်းတပြလေတယ် ….
ပြီးတော့ ဝဟာဘီဖက်သို့ မျက်နှာမူပြီး ပြောလေတယ်။
… တွေ့လား အလ္လာဟ် ဟိုအရှင်မြတ် သခင်လည်းပဲ မကောက်ပေးဘူး ….!
ဒါကြောင့်ခင်ဗျား လော်ဂျစ်အရဆို အလ္လာဟ် ဟို အရှင်မြတ် သခင်လည်းပဲ သေသွားပြီးပဲ …..!
ဘာလဲ ဘယ်သူမဆို ရှင်နေတာနဲ့ မဖြစ်မနေ ခင်ဗျားရဲ့ အခိုင်းစေ ဖြစ်ရတော့မှာလား ? လို့ပြောလိုက်လေတယ်။

တင်ပြသူ - H.I အာဂါယေ ဟမီးဒ်ရဇာ ရဇာရီ(QOM)
----------------------
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century