IS(ခ)ဒါအေရှ် တို့၏ သမိုင်းဝင် ဆီးရီးယားမြို့ တစ်မြို့ တွင် ကြောက်မက်ဖွယ် ရာဇဝတ်မှု

  • News Code : 691998
  • Source : abna
Brief

အကြမ်းဖက်သမားများ အုပ်စု IS(ခ)ဒါအေရှ် တို့အနေဖြင့် သမိုင်းဝင် ဆီးရီးယားမြို့ တစ်မြို့ ဖြစ်သည့် (သဒ်မိုရ်) မြို့ တွင် ၎င်းမြို့ သား အယောက် ၄၀၀ ကို ရက်စက်စွာ ခေါင်းဖြတ် ကွပ်မျက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အာလန်မ် သတင်းဌာန၏ သတင်းအထောက်အထားအရ အကြမ်းဖက်သမားများ အုပ်စု IS(ခ) ဒါအေရှ် တို့အနေဖြင့် သမိုင်းဝင် ဆီးရီးယားမြို့ တစ်မြို့ ဖြစ်သည့် (သဒ်မိုရ်) မြို့ တွင် ၎င်းမြို့ သား အယောက် ၄၀၀ ကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ပါတယ်။ ၎င်းကွပ်မျက်ခံရသူများအတွင်း အများစုမှာ အမျိုးသမီးများ ၊ ကလေးများနှင့် သက်ကြီး ရွယ်အိုများပါဝင်နေကြောင်းတင်ပြထားပါတယ်။
ဆီးရီးယား အစိုးရ၏တရားဝင် ရုပ်မြင်သံကြားမှ တနင်္ဂနွေနေ့ တွင် ထုတ်လွှင့်ခဲ့ပါတယ်။ ထုတ်လွှင့်ခဲ့ သည့် သတင်းကတော့ (သဒ်မိုရ်) မြို့ အတွင်းရှိ သတင်းဌာနတစ်ခု၏ သတင်းထုတ်ပြန်ကြေညာ ချက် အရ အကြမ်းဖက်သမားများ အုပ်စု IS(ခ)ဒါအေရှ် တို့အနေဖြင့် (သဒ်မိုရ်) မြို့ သား အနည်းဆုံး အ ယောက် ၄၀၀ ကို အစိုးရ နှင့်ပူပေါင်းမှုဆိုသည့် ပြစ်ချက်ဖြင့် လူမဆန်စွာ ခေါင်းဖြတ် ကွပ်မျက် ခဲ့ ကြောင်း သိခဲ့ရပါ တယ်။
ဤသတင်းဌာန၏ သတင်းဖော်ပြချက်အရ (သဒ်မိုရ်) မြို့ အထွေထွေဆေးရုံးကြီး ကိုအုပ်ထိန်းသူနှင့် ၎င်း၏ မိသားစု ဝင်များ အားလုံးကို လက်ရှိ ဆီးရီးယား အစိုးရ၏ ဝန်ထမ်းလုပ်ရမလားဆိုသည့် အကြောင်းပြချက်ဖြင့် ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပါတယ်။
စာနာသတင်းဌာနမှ ဦးစားပေး တင်ပြထားတဲ့အချက်ရှိပါတယ်။ ၎င်း အချက်ကတော့ အကြမ်းဖက် သမား များ အုပ်စု IS(ခ)ဒါအေရှ် တို့အနေဖြင့် ထွက်ပြေးကြတဲ့ ထောင်ပေါင်းများစွာသော် (သဒ်မိုရ်) မြို့ သူ ၊မြို့ သားများကို တားဆီးပိတ်ဆို့ခဲ့ကြပြီး ၎င်းတို့၏ ပစ္စည်း ဥစ္စာများ ကို မတရား သိမ်းယူခဲ့ကြ ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မိမိတို့၏ အစီရင်ခံစာ တစ်ခု တွင် လက်ကျန် (သဒ်မိုရ်) မြို့ သူ ၊မြို့ သားများ၏ ကံကြမ္မာ နှင့်ပတ်သက်ပြီး စိုးရိမ် နေရကြောင်းတင်ပြထားပါတယ်။
အကြမ်းဖက်သမားများ အုပ်စု IS(ခ) ဒါအေရှ် တို့အနေဖြင့် သမိုင်းဝင် ဆီးရီးယားမြို့ တစ်မြို့ ဖြစ်သည့် (သဒ်မိုရ်) မြို့ အားပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျူးကျော်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
++++++++++
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century