အေမာမ် (အ.စ) ကအမြဲတမ်းတည်ရှိနေမှု

  • News Code : 693374
  • Source : abna
Brief

ဟွဂ်ျဂျ သွလ် အစ္စလာမ်ဝလ်မွတ်စလေမီး(န) အလီအစ္စဂဲရ်ရေဇ်ဝါနီ (အီရန်) ရေးသားသီးကုံးထားသည့် အေမာမ်ဇမာန် (အ.ဂျ) ၏ ဟဒီးစ်တော် အပါး ၄၀ထဲမှာ တစ်ပါးအား အေမာမ် (အ.ဂျ) ၏ မွေးနေ့ မင်္ဂလာ အထိမ်းအမှတ်အဖြစ် တင်ပြ အပ်ပါတယ်။

အေမာမ်ဇမာန် (အ.ဂျ) မိန့်တော်မူသည်။ 
اَنَّ الْأَضَ لَا تَخْلُوْ مِنْ حُجَّةٍ ، إِمّٰاظٰاهِرًا وَإمَّامَغْمُوْرًا
စကားပြေအဓိပ္ပာယ်
ဧကန်မုချမြေပထ၀ီကြီးသည် မြတ်အလ္လာဟ်၏ ဟွဂ်ျဂျသ်ဖြစ်ကင်းမဲ့ကင်းလွတ် နိုင် မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ (ထိုဟွဂ်ျဂျသ်သည်) အထင်အရှားပင်ရှိရှိ (သို့မဟုတ်) ဂိုက်ဗ်အကွယ်တွင်ရှိရှိဖြစ်ပေသည်။
ကာမာလွန်ဒ်ဒီးကျမ်း အတွဲ ၂ ၊စာမျက်နှာ၄၂
ရှင်းလင်းချက်
ဤစကားစုသည်အေမာမ်မဟ်ဒီ(အ.ဂျ)၏ သောင်းကီး(အ်)စာ၏ အစိတ်အပိုင်းဖြစ်ပြီး အွစ်မန်ဗင်စအီးဒ် အုမရ်ရီနှင့် ၎င်းသားတော်မိုဟမ္မဒ်တို့အား ရေးပေးခဲ့သည့် အဖြေမှ ဖြစ် ပေသည်။
ကိုယ်တော်အနေဖြင့် မြောက်များစွာသော တိုက်တွန်းမှုများကို ပြုတော်မူပြီးနောက် ဆိုလိုချက် အဓိပ္ပာယ် တစ်ခုဖက်သို့ လမ်းညွှန်မိန့်တော်မူလေသည်။
မလွဲမသွေအမြဲတန်း မြေပထ၀ီကြီး၌ မြတ်အလ္လာဟ်၏ ဟွဂ်ျဂျသ်ရှိဖို့လိုအပ် ပေသည်။ ယုတ်စွအဆုံး တခဏတာလေးပင် အေမာမ်မေအမ်စူးမ်ပြစ်မဲ့အေမာမ်မရှိ ဟု ပင်မထင်နိုင်ချေ။
မနုဿလူသားနှင့် အခြားသက်ရှိ သတ္တ၀ါများအတွက် ရစူလ်လေခိုဒါ မဟာ တမန်တော်မြတ်ကြီး (ဆွ) အရေးကြီးလိုအပ်သကဲ့သို့ အေမာမ်(အ.စ) သည်လည်းပဲ အရေးကြီးလို အပ်ပါသည်။ အပြစ်မဲ့ (မအ်စူးမ်)ဇာတိပညာရှင် တမန်တော်ဖြစ်စေ၊ အေမာမ်ဖြစ်စေ အရေးကြီး လိုအပ်ကြောင်း အမြင်စုံရှုထောင့်စုံမှစိစစ်သုတေသနပြုနိုင်ပေသည်။
၎င်းအမြင်စုံ၊ ရှုထောင့်စုံမှ တစ်ခုသည်ကား ဥပဒေသများမြတ် အလ္လာဟ်ဖက်မှဖြစ်ဖို့ နှင့်၎င်းကိုအကျယ်ဖွင့်တင်ပြသူမှာ မအ်စူးမ်(အပြစ်မဲ့(ရစူလ်)ဖြစ်ဖို့အရေးကြီးပေသည်။
အေလ်မေကလာမ်ကျမ်းများ၌ အကလီ(အသိဥာဏ်၊ ဦးနှာက်၏ အထောက်အထား (မဆိုချက်)များအရ ထောက်ခံပြီးသား ခိုင်လုံပြီးသား အချက်မှာ လူသားအတွက်မိမိ၏ လောကီဘဘ၀၏ ပြင်ဆင်နေထိုင်ဖို့ (အောင်မြင်ဖို့)နှင့်လောကုတ္တရာတွင် အောင်ပန်း ဆွတ်ခူးနိုင်ရန် လက်တွေ့လမ်းညွှန်ပေးမည့် ရစူလ်လိုအပ်ပေသည်။
မနုဿလူသား၏ ဒီး(န်)(ခ)သာသနာနှင့် ၎င်းကို မှန်ကန်စွာဖွင့်ဆိုတင်ပြထားသည့် အကျယ် ဖွင့်ဆိုချက်သည် အမြဲတမ်းလိုအပ် အရေးပါနေပေသည်။
အစ္စလာမ့်တမန်တော် မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် အစ္စလာမ်သာသနာ့ တော်ကို နောက်ဆုံးမြတ်အလ္လာဟ်၏ သာသနာတော်အဖြစ် ယူဆောင်လာပြီးအဟ်ကမ် အားလုံးနှင့် မစ်အလာများ အားလုံးကို ရှင်းလင်းတင်ပြပြီး ဖြစ်တော်မူလေသည်။
တမန်တော်မြတ်ကြီး ၀ဖသ်ဖြစ်တော်မူပြီး နောက်ပိုင်းတွင် မလွဲမသွေ တမန်တော် မြတ်ကြီးကဲ့သို့ ပညာအပြစ်မဲ့မှုစသည်တို့၌ တူနေသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုယ်စားလှယ် အဖြစ်) ရှိနေရမည်အကီလီ အထောက်အထားသက်သေများ ဖြစ်သိနိုင်သဘော ပေါက် ပေသည်။
ဤကဲ့သို့ ပုဂ္ဂိုလ်များအေမာမ်များ (၁၂ပါး) (အ.စ) မှ အပမည်သူမျှမရှိကြချေ။
အေမာမ်ဇမာန်(အ.ဂျ)အနေဖြင့် အေမာမ်များအားလုံး(၁၂ပါး)စလုံးသည် အမိန့်အာဏာ ရှင်အစိုးမင်းများဖြစ်ကြမည်(သို့) လူထုအကြား အထင်အရှားရှိရမည် ဆိုသည်ကို အကြောင်းပြု၍ လူထုအနေဖြင့် အက်ခ်(ခ)အမှန်တရားကို လက်ခံရာ၌ အားနည်း ပျင်းရိခဲ့ကြောင်း၊ ဂရုစိုက်မှုနည်းခဲ့ကြောင်း ဆိုသည့် ပွိုင့်ကို ညွှန်ပြတော်မူခဲ့လေသည်။
(အမှန်မှာ လူထုထင်ထားသည့်) အတိုင်းမဟုတ်ချေ။ အတိတ်က တမန်တော်များ အားလုံးနှင့် အလ္လာဟ်အချစ်တော်များ အားလုံးသည် အမိန့်၊ သြဇာအာဏာရှင် အစိုးရ များ မဟုတ်ကြသည့် အပြင် အချို့ဆိုလျှင်ကာလတစ်ခုအတိုင်းအတာအထိဂိုက်ဗ်သ်(ခ)အကွယ်တွင်ဘ၀တည်ဆောက်ခဲ့ကြလေ သည်။
တင်ပြသူ - ဟွဂ်ျဂျ သွလ် အစ္စလာမ်ဝလ်မွတ်စလေမီး(န) အလီအစ္စဂဲရ်ရေဇ်ဝါနီ (အီရန်)
=================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky