အကြမ်းဖက် အစွန်းရောက် IS (ခ) ဒါအေရှ် မှ လူ ၆ ဦး အား ရှီအာ ဆိုသည့် ပုဒ်မ ဖြင့် ကွပ် မျက် / ဓာတ်ပုံများ

  • News Code : 707250
  • Source : abna
ရှဖက္က်နာ သတင်းဌာန ၏ သတင်း အထောက်အထား အရ အကြမ်းဖက် သောင်းကြမ်းသူ အဖျက်သမား အစွန်းရောက် အစ္စလာမ့် အမည်ခံ IS (ခ) ဒါအေရှ် မှ ကရ်ကူက် မြို့သား ၆ ဦး အား ရှီအာ ဆိုသည့် စွဲချက် ဖြင့် ကွပ် မျက်ခဲ့ပြီး ဓာတ်ပုံများ ကို ထုတ်လွှင့် ပြခဲ့ပါတယ် ။ ၎င်းတို့ထုတ်လွှင့် ပြသ ထားသည့် ဓာတ်ပုံများ ကိုကြည့် ခြင်းဖြင့် ၎င်းတို့ရဲ့ ရက်စက်ယုတ်မာ မှု ကို တိုက်ရိုက် သိရှိ နိုင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရှဖက္က်နာ သတင်းဌာန မှ အလ်ဒက်္စသူရ် သတင်းဌာန မှ သတင်း အထောက်အထား ကို ဖော်ပြထားပါတယ် ။ဖော်ပြချက်ကတော့ အကြမ်းဖက် သောင်းကြမ်းသူ အဖျက်သမား အစွန်းရောက် အစ္စလာမ့် အမည်ခံ IS (ခ) ဒါအေရှ် မှ ကရ်ကူက် မြို့သား ၆ ဦး အား ရှီအာ ဆိုသည့် စွဲချက် ဖြင့် ရက်စက် ယုတ်မာစွာ ကွပ် မျက်ခဲ့ပါတယ်။

ကွပ်မျက်ပြီး အလောင်းတွေကို လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲ ပြထားပါတယ် ။

ချိတ်ဆွဲထားသူ ၏ အောက်မှာ (( ပြည်သူ့တပ်မတော် နှင့် လက်တွဲခဲ့သည့် မိုရ်ဒသ်(ရှီအာ) ၆ ဦး အား ကွပ်မျက်ခြင်း )) လို့ရေးထားတာကိုတွေ့ခဲ့ ရပါတယ် ။

အကြမ်းဖက် သောင်းကြမ်းသူ အဖျက်သမား အစွန်းရောက် IS (ခ) ဒါအေရှ် အနေဖြင့် အီရတ် ပြည်သူ ၊ပြည်သားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားများကို ခြောက်လန့် ထားနိုင်ရန် ၎င်းတို့ အုပ်စု ကို မတော်လှန်နိုင်ရဲ ရန် အတွက် ရက်စက်လူမဆန်စွာသတ်ဖြတ် သည့် ဓာတ်ပုံများ ၊ ဗီဒီယို ကလစ်များ ၊ မိန့်ခွန်းများ ကို မကြာ မကြာထုတ် လွှင့် လျက် ရှိနေတာ ကို တွေ့နေရပါတယ် ။

အစ္စလာမ့် အမည်ခံ IS (ခ) ဒါအေရှ် မှ ထုတ်လွှင့်ပြသ ထားသည် ဓာတ်ပုံများ ကို ကြည့်ပြီး ၎င်းတို့ ဆရာကြီးများ မှ ကိုယ်တိုင် ရေးဆွဲထားသည့် ရှရီအသ် အတု အမိန့်ကို ဖတ်ကြပြီး ရက်ရက် စက်စက်လူမဆန်စွာ ကွပ်မျက်ခဲ့ကြောင်း သုံးသပ်နိုင်ပါတယ် ။

==============================================

251 / End

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century