$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အာယာသွလ္လာဟ် ဘာကဲရ် ရွလ်နမေရ် နှင့် ကြိုးမိန့်

  • News Code : 717487
  • Source : ABNA
Brief


ဆော်ဒီဘုရင် မလစ်က် စလ်မန် ဖက်မှ ဟဇရသ် အာယာသွလ္လာဟ် ဘာကဲရ် ရွလ်ေနမေရ် အား ကြိုးမိန့် ပေးရန်အတွက် လက်မှတ်ထိုးဖို့ ရာခိုင်နှုန်းများနေကြောင်း သိရှိရပါတယ်။ ရစာ သတင်းဌာန၏ သတင်း အထောက်အထား အရ အာယာသွလ္လာဟ် ဘာကဲရ် ရွလ်နေမေရ် အားကြိုးပေးခဲ့မည်ဆိုလျှင် ဆော်ဒီအတွင်း ဆူပူ တော်လှန်မှုများ ဖြစ်လာအောင် လုပ်မည် ဖြစ်ကြောင်းပြီးနောက် ပဋိပက မတည်မငြိမ် မှု ဖြစ်လာမည် ဖြစ်ကြောင်း အာယာသွလ္လာဟ် ၏ ညီမှ ပြောကြား အသိပေးခဲ့ကြောင်းကြား သိရပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ နိုင်ငံ သား ရှီအာ သာသနာ့ ပညာရှင် ဟဇရသ် အာယာသွလ္လာဟ် ဘာကဲရ် ရွလ်နေမေရ် အား ကြိုးမိန့် နှင့်ပတ်သက်ပြီး ၎င်း ၏ ညီ မိုဟမ္မဒ် နေမေရ်နှင့် စကားအပြောအဆို ပြုရာတွင် ဤကြိုးမိန့်ကြောင့် စိုးရိမ် ပူပန်မှု ကို ဖြစ်စေ မည် ဖြစ်ပြီး ယခု ဤအမိန့်ကို ပြန်ပြင်ဖို့လည်း မဖြစ်နိုင်တော့ ကြောင်း မပြင်ပဲ ထားလျှင်လည်းအန္တရာယ် ကို ဖိတ်ခေါ် ရ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

၎င်းမှဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် ဘာကဲရ် ရွလ်နေမေရ် အား ကြိုးမိန့်ပေးရန်နောက်ဆုံး ဆော်ဒီဘုရင် မလစ်က် စလ်မန် လက်မှတ်ထိုးဖို့ သာ လိုတော့ ကြောင်း ၎င်း လက်မှတ်ထိုးလျှင် ကြိုး မိန့်ကို အတည်ပြုရာ ရောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတာယ်။

ဤအမိန့်အတည်ဖြစ်သွားလျှင် ဆော်ဒီ နိုင်ငံ အတွင်း ဆူပူ တော်လှန်မှုများ၊ ပဋိပက မတည်မငြိမ် မှု ဖြစ်လာမည် ဖြစ်ကြောင်း ၎င်းမှဆက်ပြီး ပြောကြားခဲ့ပါတယ်။

မိုဟမ္မဒ် နေမေရ် မှ ဆော်ဒီ အရှေ့ပိုင်းဒေသမှာ ရှီအာ အများစု နေထိုင်ရာ ဖြစ်ပြီး ဆော်ဒီ အစိုးရ မှ ရဲများ ကို သုံးပြီး ရှီအာများ ကို နှိမ်ကွပ် ရက်စက် ခဲ့ကြောင်း ရှီအာအများစု နေထိုင်ရာ ၎င်းဒေသ မှ မကျေနပ်မှုများ ဒေါသထွက်မှုများ ရှိနေကြောင်း နိုးဆော် အသိပေး ပြောကြားခဲ့ပါတယ်။

သူအနေဖြင့် ဆက်လက်ပြီး အာယာသွလ္လာဟ် ကို ကြိုးမိန့် ပေး မှုကြောင့် ဆော်ဒီ အစိုးရ ၏ အုပ်ချုပ်မှု အာဏာ ကို အပြင်းအထန် ဆုံှးုံးမှု နှင့် အားပျော့ မှု ကို ဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီ ဘုရင် အနေဖြင့် ကြိုးမိန့်ကို လက်မှတ် မထိုးမည်ဆိုလျှင် အခြေအနေ တစ်ခု အထိ မဇ်ဟဗ်ဘီ ပဋိပက္ခ ကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှု ကို ဖြစ်စေမှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ဘာကဲရ် ရွလ်နေမေရ် ၏ညီ မိုဟမ္မဒ် နေမေရ် အနေဖြင့် နောက်ဆုံး တင်ပြမှု ကို ပြုခဲ့ပါတယ်။ ဆော်ဒီ နန်းတွင်း အခြေအနေ အရ ဆော်ဒီ ဘုရင် ဖက်မှ ကြိုးမိန့် အတွက် လက်မှတ်ထိုးဖို့ ရာခိုင်နှုန်း များနေကြောင်း ဤကြိုးမိန့် ဟာ ဆော်ဒီ အရှေ့ ပိုင်း ရှိ ရှီအာ မွတ်စလင်မ် များကို ဖိနှိပ် ချုပ်ကိုင်းထားဖို့ ၊ဘေးချိတ်ထားဖို့ အတွက် ထင်ရှား သည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း တင်ပြ ပြောကြားခဲ့ပါတယ်။

======================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*