$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အဇါဒါရီ ၏ အကျိုး စဝါးဗ် ကိုလျော့စေသည့် အချို့ လုပ်ရပ်များ

  • News Code : 717878
  • Source : ABNA
Brief


အဇါဒါရီ ၏ အကျိုး စဝါးဗ် ကိုလျော့စေသည့် အချို့ လုပ်ရပ်များ ကိုပါကစ္စတန် နိုင်ငံ ကရာချီမြို့ ရှိ ကမ္ဘာ့တရားဝင် ရှီအာ အာလင်မ်များ လက်ခံအတည်ပြုထားသည့် ကျောင်း မဒဲရ်စာသိုလ်ကာအေမ် (အ.ဂျ) ဖက်မှ အခု လက်တလော ရက်ပိုင်း အတွင်း ထုတ်ဝေကြေငြာခဲ့ပါသည်။ မြန်မာစာတတ်ပရိသတ်များ အတွက် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ မိမိတို့နီးစပ်ရာ မိုအ်မေနီ မိုအ်မေနသ်များ ကို လက်ဆင့်ကမ်း ပေါက်သည်ချ ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။

၁။ ခွမ်းစ်ထုတ်ရန် ဝါဂျစ်ဗ် ထိုက်နေသည့် ငွေ ဖြင့် ခွမ်းစ်မထုတ်သေးပဲ အဇါဒါရီ ပြုလုပ်ခြင်း

(ဟရာမ်ငွေ ၊အတိုးချေးရသည့်ငွေ များနှင့်အဇါဒါရီ ပြုမည်ဆိုလျင် စဝါးဗ်မရပဲ အဇါးဗ်သာ ရမည်ဖြစ်ပါတယ်။ )

၂။ အိုလမာ (တရားဝင်သာသနာ့ ပညာရှင်များ ) ကို ဘေးဖယ်ထားပြီး သာသနာ့ပညာ နည်းသူများ ကို ဦးစားပေးကာ မင်ဗဲရ် ပေါ်တက်စေခြင်း ၊တရားဟောစေခြင်း

၃။ မဂျလစ် တွင် နားထောင်သူ တက်ရောက်လာသူများ၏ စာရိတ္တကို ကောင်းသည် ထက်ကောင်းစေသည့် အကြောင်းအရာများ မပါသည့် တရားများ (ဝါဇ်များ ) ကို ဟောကြားခြင်း

၎ ။ဝါဂျစ်ဗ် အလုပ်များ ကို ထိခိုက်စေမည့် မွတ်စ်စဟဗ် အလုပ်များကို အလေးပေးခြင်း (ဥပမာ မာတမ် လုပ်နေ၍ (သို့) နောင်ဟာ ဖတ်နေ၍ နမာဇ် ကာဇာဖြစ်သွားခြင်း )

၅ ။ အဇါခါနာ (သို့) အေမာမ်ဘာရာ တွင် မဂျလစ် ကျင်းပစဉ် ဟေဂျာဗ် နှင့် မဲဟ်ရာမ်နာမဲဟ်ရာမ် နှင့်ပတ်သက်ပြီး ဂရုမပြု ခြင်း အလေးမထားခြင်း

၆။ မဂျလစ်မှ ရရှိလာသည့်သဗာရွခ်က် (ဖာတေဟာပစ္စည်းများ)ကို အလကား ဖြစ်အောင် ပြုခြင်း ၊ ပုတ်သွားသိုးသွားအောင်ထားခြင်း (မစားနိုင်ပဲ (သို့) မစားပဲလောဘတက်ပြီး ယူခြင်း )

၇ ။ အဇါန်အချိန် (သို့) အောင်ဝဲလ်လေ ဝက်သ်နမာဇ် အချိန် တွင် မဂျလစ် ကို ပြုလုပ်ခြင်း

၈ ။(ရှရီအသ်အမြင်အရ) သွေးစည်းမှုကို ပျက်စေသည့် တရား အငြိုးအတေး နှင့်အစွန်းရောက်မှုကိုဖြစ်စေသည့်တရားများ ၊ပြဿနာ ကိုဖြစ်သည့်တရားများ ကို ဟောကြားခြင်း

=================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*