$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဒါအေရှ် (ခ) IS အစွန်းရောက် များမှ နမာဇ်ဝတ်ပြုနေသည့် ဘင်္ဂလားဒေရှ့် ရှီအာ များကို တိုက်ခိုက် / photos

  • News Code : 721879
  • Source : ABNA
လက်ရှိခေတ်သစ် အစွန်းရောက် အဖွဲ့ အစ္စလာမ်ခုတုံးလုပ် ဂိုဏ်း အကြမ်းဖက် သမား ဒါအေရှ် (ခ) IS အဖွဲ့ ဝင်များမှ ဘင်္ဂလားဒေရှ့် နိုင်ငံ ဟာရီပူးရ် ကျေးရွာ ရှိ အလ်ဟိုစိုင်းအမည်ရှိ ရှီအာ ဗလီ အတွင်းနမာဇ် ဝတ်ပြုနေချိန် ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ ပတ်ခတ်မှုကြောင့် ရှဟီးဒ်ဖြစ်သူ နှင့် ဒဏ်ရာရသူ ရှီအာ ၄ဦး ရှိကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြီးခဲ့သည့် ကြာသပတေးနေ့ တွင် ဘင်္ဂလားဒေရှ့် နိုင်ငံ မြောက်ပိုင်း ရှိ ဟာရီပူးရ် ကျေးရွာ ရှိ အလ်ဟိုစိုင်း အမည်ရှိ ရှီအာ ဗလီ အတွင်းနမာဇ် ဝတ်ပြုနေချိန် ဒါအေရှ် (ခ) IS အစွန်းရောက် များမှ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပါတယ်။ဤပစ်ခတ်မှု ကြောင့် ရှီအာ မွတ်စလင်မ် တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ၃ ဦး ဒဏ်ရာ ရ ရှိခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက် အရ ပစ်ခတ် သူများမှာ အနည်းဆုံး ၅ ဦး အဖွဲ့ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံ ဟာရီပူးရ် ကျေးရွာ ရှိ အလ်ဟိုစိုင်းအမည်ရှိ ရှီအာ ဗလီ အတွင်း မဂ်ရေဗ် နမာဇ် ဝတ်ပြုနေချိန် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၊တိုက်ခိုက်ပြီး ချက်ချင်း ထွက်ပြေး သွားကြကြောင်း သိရပါတယ်။

ဤတိုက်ခိုက်မှု ကြောင့် ဗလီ ဂေါပက လူကြီး တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ ရပါတယ်။ အခင်းဖြစ်ပွားမှု မတိုင်မီ တစ်ရက် အရင် လည်း စစ်ဝတ် ဝတ်ထားသည့် အကြမ်းဖက်သမား တစ်ဦး ကို ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ မှ သေနတ်နှင့် ၎င်း ခြေကို ပစ် ခဲ့ပြီး ဖြစ်ပါတယ်။

၎င်းအပစ်ခဲ့ရသူမှာ ဘင်္ဂလားဒေရှ့် နိုင်ငံ ၏ မြို့တော် ဒါကာ ရှိ ရှီအာ မွတ်စလင်မ်များ အထွတ်အမြတ် ထားသည့် အဆောက်အဦးများ မှ တစ်ခု ကို လက်ပစ်ဗုံး ဖြင့် ပစ်ခဲ့ကြောင်း ၊ ဤတိုက်ခိုက်မှု ကြောင့် ၂ဦး ရှဟီးဒ် ဖြစ်ခဲ့ ပါတယ်။

အခင်းဖြစ်ပွားသည့် ဧရိယာ မှ ထင်ရှား ကျော်ကြားသည့် ရှီအာ မွတ်စလင်မ်များမှ တစ်ဦး ဖြစ်သူ (မီးရ်ဇိုလ်ဖေကာအလီ) မှ ဤတိုက်ခိုက်မှု များသည် ရှီအာ အသိုင်းအဝိုင်း အတွက် စိုးရိမ်မှု ကိုကြီးထွား စေလာကြောင်း ထုတ်ဖော် ကြေငြာခဲ့ပါတယ်။

၎င်း မှဆက်လက်ပြီးပြောကြားပါတယ်။ ကျနော်တို့ အထူးစိုးရိမ် ပူပင်နေပါတယ်။ ဒါ ဒုတိယအကြိမ် ရှီအာ အသိုင်း အဝိုင်း ကို တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။ ကျနော်တို့တတ်နိုင်တာကတော့ ဤကဲ့သို့ တိုက်ခိုက်မှု များကိုပြစ်တင်ရှုံ့ ချမှုနှင့် ဘင်္ဂလားဒေရှ့် အစိုးရ အနေဖြင့် ငြိမ်ဝပ်ပိပြားမှုအတွက် ရှီအာ အထိတ်အမြတ်ထားသည့် အဆောက်အဦးများ ဗလီများ ကို အစောင့်တပ်များ ချထားပေးရန် မေတ္တာရပ်ခံ စာတင်ခြင်းသာဖြစ်ပါတယ်။

ရဲတက်ဖွဲ့ကလည်း ဤကဲ့သို့ တိုက်ခိုက်မှုများ ဆက်ပြီး မဖြစ်ပွား ရန် လုံခြုံမှု ရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ ဟာရီပူးရ် ကျေးရွာ ရှိ အလ်ဟိုစိုင်းအမည်ရှိ ရှီအာ ဗလီ အတွင်းနမာဇ် ဝတ်ပြုနေချိန် ဝင်ရောက် ပစ်ခတ်ခဲ့မှု ဟာ ၎င်းတို့အဖွဲ့ မှ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ဒါအေရှ် (ခ) IS အစွန်းရောက် အဖွဲ့ မှ မနေ့ က သောကြာနေ့ တွင် ဝင်ခံ ပြောဆိုခဲ့ပါတယ်။

အခြားတစ်ဖက်တွင်လည်း အာရှုရာနေ့တွင် ဒါကာမြို့ တွင် အေမာမ် ဟိုစိန် (အ.စ) အဇါဒါရီ လုပ်နေသူများ ကို တိုက်ခိုက်ခဲ့သည့် (ဂျမာအသ်သိုလ်မိုဂျာဟေဒီးန် - ဘင်္ဂလားဒေရှ့် ) အဖွဲ့ ဝင် ၆ ဦး ကို ဘင်္ဂလားဒေရှ့် ရဲ မှ ဖမ်းချုပ်ထားပါတယ်။၎င်းတိုက်ခိုက်မှု တွင်လည်း ရှီအာ မွတ်စလင်မ် လူငယ်တစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ရာနှင့်ချီ ၍ ဒဏ်ရာရခဲ့ပါတယ်။

ဤတိုက်ခိုက်မှု ဟာ ဘင်္ဂလားဒေရှ့် တာဝန်ရှိ လူကြီးများ အနေဖြင့် ဘင်္ဂလားဒေရှ့် နိုင်ငံတွင် ဒါအေရှ် (ခ) IS အစွန်းရောက် အဖွဲ့ မရှိဟု ပြောဆိုထားချိန် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

===========================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*