ဆော်ဒီ အစိုးရ မှ အခိုင်အမာ ပြောဆို

ဒါအေရှ် (ခ) IS အဖွဲ့ဝင်များ မက္ကာဟ်မြို့အား ဝိုင်းရံခဲ့ ၊၎င်းတို့၏ ကြိုးပမ်းမှုကို ဖျက်စီး နိုင်ခဲ့ + ဓာတ်ပုံများ

  • News Code : 752431
  • Source : ABNA
Brief

ဆော်ဒီ အစိုးရ မှ အခိုင်အမာ ကြေငြာပြောဆိုခဲ့ပါတယ်။ ဒါအေရှ် (ခ) IS အဖွဲ့နှင့် ဆက်နွယ်နေသည့် အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ မှ မက္ကာဟ်မြို့တော် တောင်ဖက်ပိုင်းကို ချုပ်ကိုင်ဖို့ ကြိုးစားရာ လုံခြုံရေး တပ်သားများ မှ ၎င်းတို့၏ ကြိုးပမ်းမှု ကို ဖျက်စီးနိုင် ခဲ့ကြောင်း ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

သတင်း အထောက်အထားများအရ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနမှ ဒါအေရှ် (ခ) IS အဖွဲ့နှင့် ဆက်နွယ်နေသည့် အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ မှ မက္ကာဟ်မြို့တော် တောင်ဖက် ပိုင်း ကိုချုပ်ကိုင်ဖို့ ကြိုးစားရာ လုံခြုံရေး တပ်သားများ မှ ၎င်းတို့၏ ကြိုးပမ်းမှု ကို ဖျက်စီးနိုင်ခဲ့ ကြောင်း ကြေငြာခဲ့ပါတယ် ။ ဆော်ဒီ သတင်းဌာနများမှ ဤ စစ်ဆင်ရေး လှုပ်ရှား မှု ကို ကြီးမားသည့် ဒါအေရှ် (ခ) IS အဖွဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် အမည် ပေး ပြောကြားခဲ့ပါတယ်။

ဒါအေရှ် (ခ) IS အဖွဲ့နှင့် ဆက်နွယ်နေသည့် အကြမ်းဖက် အဖွဲ့ မှ မက္ကာဟ်မြို့ ၏ တောင်များရှိရာဒေသ ကို ချုပ်ကိုင်ထားပြီး ဖြစ်ပါတယ်။ ဤ ချုပ်ကိုင်မှု ကို ဆော်ဒီ လုပ်ခြုံရေးတပ်ဖွဲ့မှ ဖျက်စီး နိုင်ခဲ့ပါတယ်။

ဤ စစ်ဆင်ရေး လှုပ်ရှားမှု သည် မက္ကာဟ်မြို့ ၏ တောင်ပိုင်း (အလ်နော်အ်မန် တောင်ကြား )ဒေသတွင် ဖြစ်ပွားခဲ့ပြီး ၊ အစွန်းရောက် ၄ဦးသေဆုံးခဲ့ပြီး ၁ဦးကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။

မှတ်သား ထားရမည့်အချက်မှာ - ဆော်ဒီ အနေဖြင့် အာရှအရှေ့ အလယ်ပိုင်းတွင် ပထမဆုံး အစွန်းရောက် အကြမ်းဖက် မှု ကို အားပေး အားမြောက်ပြုမှု တွင် အဓိက အကျ ဆုံး နိုင်ငံ ဖြစ်ပါတယ် ။ သက္က်ဖီးရီး အတွေးအခေါ် ကို လူငယ်များ ဦးခေါင်း တွင် ရိုက်သွင်း ပေးပြီး ၊အစွန်းရောက် အောင်ပြုလုပ်ရာတွင် ရှေ့ဆုံး မှ ဖြစ်ပါတယ်။ ဆီးရီး ယား နိုင်ငံ အစိုးရ ကို ဆန့်ကျင်ရန် အကြမ်းဖက်သမား များကို သွန်သင်ပေးခြင်း ၊ အီရတ် တွင် ငြိမ်ဝပ်ပိပြားရေး ဖျက်စီးအောင် ပြုခြင်း ၊ ဒါအေရှ် (ခ) IS အဖွဲ့ ကို တည်ထောင်ပေး ခြင်း ၊ ဤ အဖွဲ့ကို အတင်းအလင်း အကူအညီပေးခြင်း တို့သည် ဆော်ဒီ အစိုးရ ၏ အရေးကြီး လှုပ်ရှားမှုများတွင်ပါဝင်ပါတယ်။

အမှန်တကယ်တော့ ဆော်ဒီ သတင်းဌာနများ အနေဖြင့် ဤကဲ့သို့သော် သတင်းများ ကိုထုတ်လွှင့်ပေးခြင်း ၊နိုင်ငံအတွင်း ဤကဲ့သို့သော် အဖြစ်အပျက်များကို တင်ပြခြင်း ဟာ ၎င်းတို့၏ အကွက်ကျကျလုပ်ထားသည့်အစီအစဉ်များ ဖြစ်ပါတယ်။ ကမ္ဘာကို ဆော်ဒီ နိုင်ငံ ဟာ အစွန်းရောက် အကြမ်းဖက်ကို အားပေးတဲ့နိုင်ငံ မဟုတ်ပဲ ဆန့်ကျင် တဲ့နိုင်ငံဖြစ် ကြောင်း ကို ယုံအောင် ဆင်ထားတဲ့ အကွက်ပဲ ဖြစ်ပါတယ်။

 

==============

251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Qods
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် سلیمانی
We are All Zakzaky
No to deal of the century