$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မအ်စူမာယေကွမ်း (စ.အ) ၏ ဇေယာရသ် ပြုသူများ သည် ကျွန်ုပ်၏ ဇေယာရသ် ပြုခြင်း မည် လေ၏ / အေမာမ်ရေဇာ (အ.စ)

  • News Code : 769662
  • Source : ABNA
Brief


ဟဇရသ် မအ်စူမာယေကွမ်း (စလာမ်မွန်လ္လာဟ်အလိုင်ဟာ) ကို သခင်မကြီး၏ နောင်တော် အေမာမ် ရေဇာ (အလိုင်ဟေစ်စလာမ် ) ကိုယ်တော် တိုင် မအ်စူမာ ဆို သည် ဘွဲ့တော် ကို ချီး မြှင့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးနောက် အေမာမ် ရေဇာ (အလိုင်ဟေစ်စလာမ် ) အနေဖြင့် မိမိနှမတော် သခင်မကြီး ၏ ဇေယာရသ် ပြုခြင်း ၏ ကြီးကျယ်မြင့်မြတ် မှုကို မိန့်ကြား ရင်း مَن زارالمعصومہ بقم کمن زارنیအဓိပ္ပာယ် - အကြင် မည်သူမဆို ကွမ်းမြို့တော် တွင် မအ်စူမာ (စ.အ) ၏ ဇေယာရသ်ပြု မည်ဆိုလျှင် တစ်နည်းအားဖြင့် ကျွန်ုပ်၏ ဇေယာရသ်ပြု ခြင်း မည်လေ၏။ )) ဟု မိန့်ကြားခဲ့ပါတယ်။ ယနေ့သခင်မကြီးမွေးနေ့ ဖြစ်၍ အဗ်နာ ပရိတ်သတ်အားလုံးကို မိုဘာရတ်က် ဟု ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သခင်မကြီး (စလာမ်မွန်လ္လာဟ်အလိုင်ဟာ) ၏အမည်မှာ ဖွာတွေမာကုဗ်ရဟ်ဖြစ်ပြီး ၊ ထင်ရှားသည့် လကဗ်တော်များမှာ မအ်စူမာ ၊ အိုခ်သိုရ်ရေဇာ ၊ကရီမာယေ အဲဟ်လေ့ဘိုက်(သ) ၊ဂိုင်ရေမိုအလေမာ၊ဝလီယာသွလ္လာဟ်၊ အာဗေဒဟ်၊ဇာဟေဒါဟ် ၊အကီးလဟ်၊ မွတ်သကီယဟ် ၊ အာရေဖာ ကာမေလာ ၊ မစ်သူရဟ် ၊အကီးလာ ဟေလ် ဟာရှေမီးယဟ်၊ မိုဟဒေစာ၊ ရှဖီးအအ်ဟ် ၊ ရိုဇေ ဂျဇာ ၊ သွာဟေရဟ် ၊ ရာဇီးယဟ် ၊ မရ်ဇီယာ ၊သကီးယဟ် ၊ နကီးယဟ် ၊ ရာရှီဒဟ် ၊ ဟမီးဒဟ်ဖြစ်ပါတယ်။

အေမာမ်ရေဇာ (အလိုင်ဟေစ်စလာမ် ) နှင့် သခင်မကြီး မအ်စူမာယေကွမ်း (စလာမ်မွန် လ္လာဟ်အလိုင်ဟာ) တို့သည်အမေတူ များ ဖြစ်ကြပြီး ၊ မိခင်မွန်၏ အမည်မှာ ဟဇရသ် နဂ်ျမာ ခါတွန်န် ဖြစ်ပါတယ်။ မအ်စူမာယေကွမ်း (စလာမ်မွန် လ္လာဟ်အလိုင်ဟာ) အား ပထမ ဇီးကအ်ဒါဟ် ဟီဂျရီ ၁၇၃ ခုနှစ် တွင်မဒီနာ ရွှေမြို့တော်တွင် ဖွားမြင်တော် မူခဲ့ပါတယ်။

ناسخ التواریخအရ ဟဇရသ် မအ်စူမာယေကွမ်း (စလာမ်မွန်လ္လာဟ်အလိုင်ဟာ) ကို သခင်မကြီး၏ နောင်တော် အေမာမ် ရေဇာ (အလိုင်ဟေစ်စလာမ် ) ကိုယ်တော် တိုင် မအ်စူမာ ဆို သည် ဘွဲ့တော် ကို ချီး မြှင့်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။

သခင်မကြီး (စ.အ) ၏ ဘွဲ့တော်များကို ကြည့်ပြီး သခင်မကြီး၏ ကြီးကျယ်မြင့်မြတ် မှု ကို ခန့်မှန်း နိုင်ပါတယ်။

ပြီးနောက် အေမာမ် ရေဇာ (အလိုင်ဟေစ်စလာမ် ) အနေဖြင့် မိမိနှမတော် သခင်မကြီး ၏ ဇေယာရသ် ပြုခြင်း ၏ ကြီးကျယ်မြင့်မြတ် မှုကို မိန့်ကြား ရင်း مَن زارالمعصومہ بقم کمن زارنیအဓိပ္ပာယ် - အကြင် မည်သူမဆို ကွမ်းမြို့တော် တွင် မအ်စူမာ (စ.အ) ၏ ဇေယာရသ်ပြု မည်ဆိုလျှင် တစ်နည်းအားဖြင့် ကျွန်ုပ်၏ ဇေယာရသ်ပြု ခြင်း မည်လေ၏။ )) ဟုမိန့်တော်မူခဲ့ပါတယ်။

ဟဇရသ် အေမာမ် မိုဟမ္မဒ် သကီ (အလိုင်ဟေစ်စလာမ် ) မှလည်း မိန့်ကြား ထားပါ တယ်။" من زار قبر عمّتی بقم فلہ الجنۃ"အဓိပ္ပာယ် ((အကြင်မည်သူ မဆို ကွမ်းမြို့ တွင် ရှိ ကျွန်ုပ်၏ အဒေါ် (ဖခင်၏ညီမ)၏ ဇေယာရသ် ပြုမည်ဆိုလျှင် ၎င်းအတွက် ဂျန္နသ် ဝါဂျစ်ဗ် ဖြစ်သွားပေသည်။ ))

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မဲဟ်မူဒ် မရ်အရှီ (ဟီဂျရီ ၁၃၃၈ ကွယ်လွန်) အနေဖြင့် သခင်မကြီး ဟဇရသ် ဇဲဟ်ရာဟ် (စလာမ်မွန်လ္လာဟ်အလိုင်ဟာ ) ၏ ကဗဲရ်တော် အစစ်တည်နေရာ ကို သိရှိစေရန် အတွက် ရက်ပေါင်း ၄၀ တိုင်တိုင် အထူးသဝစ်စိုလ် ပြုခဲ့ပါတယ်။

ရက်၄၀ တိုင်တိုင် သဝစ်စိုလ် ဆိုင်ရာ ကျင့်စဉ်များ ကို ပြု လုပ်ပြီးနောက် အိပ်ပျော်သွားလေ၏။ အိမ်မက်တွင် အေမာမ် မိုဟမ္မဒ် ဘာကေဲရ် (အလိုင်ဟေစ်စလာမ်) သို့မဟုတ် ဟဇရသ် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အလိုင်ဟေစ်စလာမ် ) ၏ ဇေယာရသ် ပြု ရလေ၏။ အေမာမ်မအ်စူမ် (အ.စ) မှမိန့်ကြားလေ၏။

علیک بکریمۃ اہل البیتအဓိပ္ပာယ် - ((အသင်အနေဖြင့် ကရီမေအဲဟ်လေ့ဘိုက်(သ) (စ.အ) ကိုမြဲမြံစွာ ဆုပ်ကိုင်ထားပါလေ။သခင်မနှင့် သဈစ်စိုလ်ရှိပါလေ။ )) အာယာသွလ္လာဟ် နေဖြင့် ကရီမေ အဲဟ် လေ့ဘိုက်(သ) (စ.အ ) ဆိုသည်မှာ ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ဟုသာ ထင်နေ လေ၏။ အာယာသွလ္လာဟ်မှ အေမာမ်ကို လျှောက်လေ၏။ မောင်လာ ကျနော် ညပေါင်း ၄၀ တိုင်တိုင် သခင်မကြီး (စ.အ) ၏ ကဗဲရ်၏ နေရာမှန် ကို သိရန် နှင့် ဇေယာရသ်ပြုနိုင်ရန် အတွက် သဝစ်စိုလ် ပြုခဲ့ပါတယ်။ အေမာမ် (အ.စ) မိန့်လေ၏။

ကျွန်ုပ် (အေမာမ် ) ဆိုလိုသည်မှာ ဟဇရသ် မာစူမာ (စ.အ) ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် သခင်အနေဖြင့် မိမိ ၏ မစ်လဟသ် (ဆင်ခြင်တုံတရား) အရ ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ ကဗဲရ်တော် ကို ဝှက်ထားတော်မူလေ၏။ သခင်မကြီး၏ သဂျလီဂါဟ်(နူးရ်တောက်ပသည့်နေရာ) အဖြစ် ဟဇရသ် မအ်စူမာ (စ.အ) ၏ကဗဲရ် တော်နေရာကို သတ်မှတ်ပေးတော်မူသည်။

အာယာသွလ္လာဟ်မရ်အရှီအနေဖြင့် အိမ်မက်မှ နိုးထပြီး ဟဇရသ် မာစူမာ ကွမ်း (စ.အ) ၏ ဇေယာရသ် အတွက် ထွက်သွားလေ၏။ ဤလုပ်ရပ်ဖြစ် ဟဇရသ် မာစူမာ ကွမ်း (စ.အ) ၏ ဇေယာရသ် ပြုခြင်းဖြစ် ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ ဇေယာရသ်ပြုသည့် စဝါးဗ် ရကြောင်း သက်သေ ပြနေပေသည်။

ကွမ်းမြို့ ရှိ ဟဇရသ် မာစူမာ (စ.အ) ၏ ရောင်ဇာတော် ၏ ကြီးကျယ် မြင့်မြတ် မှု ကို အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ အောက်ဖော်ပြမည့် ဟဒီးစ်တော် ဖြင့် သိ နိုင်ပါ တယ်။

အေမာမ် (အ.စ) မိန့်တော်မူသည်။ (( သတိရှိပါလေ ။ အလ္လာဟ် ဟို အရှင်မြတ် အတွက် ဟရမ် (သန့်ရှင်းသည့်ဌာန ) တစ်ခု ရှိပါသည်။ ၎င်းမှာ မက္ကာဟ် ရွှေမြို့တော် ဖြစ်ပါသည်။ ဟဇရသ်ရစူလ် ခိုဒါ (ဆွလ္လာဟ် ဟို အလိုင်ဟေ ဝအာလေဟ် ) အတွက်လည်းပဲ ဟရမ် (သန့်ရှင်းသည့်ဌာန ) တစ်ခုရှိပါသည်။ ၎င်းမှာ မဒီနာ ရွှေမြို့တော် ဖြစ်ပါသည်။ဟဇရသ် အလီ (အလိုင်ဟေစ်စလာမ် ) အတွက်လည်း ဟရမ် (သန့်ရှင်းသည့်ဌာန ) တစ်ခု ရှိပါသည်။ ၎င်း မှာ ကူဖာ မြို့ ဖြစ်ပါသည်။ ကျွန်ုပ် ၏ အိမ်တော်သူအိမ်တော်သားများ ၏ ဟရမ် (သန့်ရှင်းသည့်ဌာန ) မှာ ကွမ်းမြို့ ဖြစ်ပါသည်။ ဂျန္နသ်သုခဘုံ၏ တံခါးဝ ၈ပေါက်ရှိသည့်အနက် ၃ပေါက်မှာ ကွမ်းဘက် သို့ ဖွင့်ထားပေးပါသည်။ ကျွန်ုပ်၏ အိမ်တော်သူအိမ်တော်သားများမှ ဖွာတွေမာဗင်သေ ကာစင်းမ် (စ.အ) သည် ကွမ်းမြို့တွင် အလ္လာဟ် အမိန့် ခံတော်မူပေမည်။သူမ၏ ရှေဖာအသ် အသနားခံပေးမှုကြောင့် ကျွန်ုပ်၏ ရှီအာ ဂျန္နသ် အမတသုခဘုံ တွင် ဝင် ရောက်တော်မူမည်။ ))

===========

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*