$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) သခင်ကြီး၏ သြဝါဒ ဟဒီးစ်တော်များ အချို့

  • News Code : 777843
  • Source : ABNA
Brief


ယနေ့ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ တော် တွင် ဇိလ်ဟဂ်ျလ (၇) ရက် နေ့ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) သခင်ကြီး၏ ရှဟာဒသ်နေ့ ဖြစ်ပါတယ်။ထိုအတွက်ကြောင့် အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) သခင်ကြီး၏ သြဝါဒ ဟဒီးစ်တော်များအချို့ ကို လက်တွေ့ လိုက်နာ ကျင့်သုံး နိုင်ရန် တင်ပြအပ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၁။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) မိန့်ကြားတော်မူသည်။
(( မုသာစကား ပြောဆိုခြင်း အီမာန် မခိုင်မြဲသေးသည့် အမှတ်အသား လက္ခဏာ ဖြစ်ပါသည်။ ))
ဟဒီးစ်တော်မှ ပေးသည့် မက်ဆေ့ဂ်ျများ
၁။ မိမိ၏ အီမာန် ခိုင် မခိုင်  ကိုယ်တိုင်စိစစ် သိနိုင်ပါတယ်။
၂။ မိမိအရှေ့ တွင် လိမ်ပြောနေသူများကို တွေ့ လျှင် ၎င်း ၏ အီမာန် အခြေအနေကို သိနိုင်ပါတယ်။
၃။မိမိကိုယ့်ကို အီမာန် ရှင်ဟုလည်း ညာသံပေး ပြီး လိမ်လိမ်ပြောနေသူများ သတိရှိသင့်ပါပြီး။

၂။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) မိန့်ကြားတော်မူသည်။
((မိုအ်မင်သည် သူရဲဘော်ကြောင်သူ ၊ လောဘ ကြီးသူ ၊ ကပ်စေးနည်းသူ မဟုတ်ချေ။ ))
ဟဒီးစ်တော်မှ ပေးသည့် မက်ဆေ့ဂ်ျများ
၁။ သတ္တိရှိခြင်းဆိုတာ ကွယ်ယာတွင် ၊ fbပေါ်တွင် ရှိခြင်းကို မခေါ်ဆိုချေ။ တိုက်ရိုက် ရင်ဆိုင် ဖြေရှင်းခြင်း ကို ခေါ်ဆိုပါတယ်။ အမှန်တရားကိုသေချာသိပြီး သတ္တိရှိတာနှင့် မြှောက်ပင့်သူ ကြောင့် ၊ တစ်ခုခုရ၍ သတ္တိရှိပြတာလည်း မတူချေ။
၂။ လောဘ ကြီးရာတွင် ပညာသင်ယူခြင်း ၊လှူဒါန်းခြင်း ၊ ကောင်းမှု ပြုခြင်းတို့ ဆိုလျှင် ကောင်းပေသည်။
၃။ ကပ်စေးနည်းတာ နှင့် ငွေ မဖြုန်းတာ မတူ ချေ။ တစ်ချို့ က မိမိကပ်စေးနည်းသည်ကို ငွေမဖြုန်းတာဆို၍လည်း ဖုံးဖိကြပေသည်။ ရှရီအသ် တရားတော် အရ သုံးရမည့် နေရာများ ၊ သုံးသင့်သိသည့်နေရာများ အတွက်မသုံးခြင်းသည် ကို ကပ်စေးနည်းခြင်း ဖြစ်ပါတယ်။
၃။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) မိန့်ကြားတော်မူသည်။
((လောကကိုမက်မော လောဘကြီးသူမည်သူမဆို  ပိုးချည်ထုတ်ပေးသည့် ပိုးကောင်နှင့်ပမာ တူပါတယ်။ ။ ပိုးချည်ထုတ်ပေးသည့် ပိုးကောင်သည် မိမိ တံတွေးကို ထုတ်လေလေ မိမိကိုယ့်ကို အပြင် ထွက်မရအောင်လုပ်လေလေ ဖြစ်သကဲ့သို့ ဖြစ်ပါသည်။ ))
ဟဒီးစ်တော်မှ ပေးသည့် မက်ဆေ့ဂ်ျများ
၁။ လောက ကိုမက်မော လျှင် ထွက်ပေါက်ရမည် မဟုတ်ကြောင်း သိထားရပေမည်။
၂။ ပိုးချည်ထုတ်ပေးသည့် ပိုးကောင်သည်  ပိုးချည်ထုတ်ထုတ်ပေးပြီး သူများ အတွက် ဖြစ်သွား ရသကဲ့သို့ လောကမက်မောသူ လောဘကြီးသူ သည်လည်း  ရှာရှာ ပြီးနောက်ဆုံး သူများ အတွက် ဖြစ်ရပေမည်။
၃။ လောကီ လောကုတ္တရာ လွတ်မြောက်လိုလျှင် လောက ကို မမက်မောဖို့ လောဘ မကြီး ဖို့ လိုအပ်ပေသည်။

၎။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) မိန့်ကြားတော်မူသည်။
((မိုအ်မင် အပေါ် မည်သည့်အခါမှ လအ်နသ် ပို့ခြင်း ၊နာမည် ပျက်ခြင်း မပြုပါနှင့် ။))
ဟဒီးစ်တော်မှ ပေးသည့် မက်ဆေ့ဂ်ျများ
၁။ ယနေ့ ဝမ်းနည်းလေစွ ၊ မိုအ်မင်အချင်းချင်းအပြန်အလှန် လအ်နသ်ပို့ နာမည်ဖျက်ယုံသာမက ဟိုတိုင် ဒီတိုင် ၊ဟို ဖွ ၊ဒီဖွ လုပ်နေကြပေသည်။ယုတ်စွ တရား စွဲသည့်အထိ ဖြစ်နေပါသည်။
၂။ငါကို မကောင်းမပြောရင် ၊ နာမည်မဖျက်ရင်ပြီးရော ကျန်တဲ့မိုအ်မင်ကို ဘာပြောပြောဟု လွတ်ထားသူများ လည်း အထူးသတိ ပြု သင့်ပါတယ်။
၃။ကိုယ့်က အခြား မိုအ်မင်ကို မကောင်းပြောနာမည်ဖျက်လျှင်ရပြီး ကိုယ့် ကို တစ်ဦးဦးက ပြောလာလျှင် သူတော်စင်ကြီး ဖြစ်သွားသူများ လည်း သတိပြုသင့်ပါတယ်။ မိုအ်မင်ဆိုတာ ကိုယ့် နှင့် အဆင်ပြေ သူ မှ မိုအ်မင်မဟုတ်ပါ။ ကိုယ့်နှင့် အခြေအနေအမျိုးမျိုးကြောင့် အဆင်မပြေလည်း ကိုယ့်ထက် ပို၍ မိုအ်စစ်သူများ ကိုယ့်နှစ် သက်သူများထက် ပို၍ မိုအ်မင် စစ်သူများလည်း ဖြစ်နိုင်ပါသည်။ စံသည် ကိုယ့်မဟုတ်ကြောင်း သိထားရပေမည်။

၅။ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်းဟေစ်္စလာမ် ) မိန့်ကြားတော်မူသည်။
((မိမိ၏ မွတ်စလင်မ် ညီနှောင်များ ကို နှစ်သက်ချစ်ခင် ပါလေ။ မိမိနှစ်သက်သည့်အရာ ကို ၎င်း အတွက် လည်း နှစ်သက်ပေးပါ။  မိမိမနှစ်သက်သည့်အရာ ကို မိမိ မိတ်ဆွေ အတွက်လည်း မဖြစ်ပါစေ နှင့်။ ))
ဟဒီးစ်တော်မှ ပေးသည့် မက်ဆေ့ဂ်ျများ
၁။ အေမာမ် (အ.စ) မှ မွတ်စလင်မ် ကိုတောင် နှစ်သက်ချစ်ခင်ဖို့မိန့်တော်မူထားလျှင် ရှီအာ အချင်းချင်း မိမိလိုဖတ်မပြည့်တာနှင့်အပုတ်လိက်ချနေသူများ မည်သို့ အေမာမ် (အ.စ ) ကို အဖြေပေး၊မျက်နှာပြကြမည်နည်း?
၂။ မိမိကိုယ့် ကို ကောင်းတာ ပြောမှ ချီးမွမ်းမှ  ကြိုက်လျှင် သူများကိုလည်း အကောင်း ပြောပါ။ချီးမွမ်းပါ။  
၃။မိမိကိုယ့် ကို အပုတ်ချတာ အမည်ဖျက်တာ ၊ဆဲတာဆိုတာ ၊  မကောင်းပြောတာ  မကြိုက်လျှင်သူတစ်ပါးကိုလည်း အပုတ်ချတာ အမည်ဖျက်တာ ၊ဆဲတာဆိုတာ ၊  မကောင်းပြောတာ မပြုလုပ်မိပါစေနှင့် ။

ကျမ်းကိုး - ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၂ စာမျက်နှာ ၂၃၃
==========================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*