$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာများသည် ပတ်ဝန်းကျင်ကို တစ်ကိုယ်ကောင်းဆန် မှု မှ အလ္လာဟ် အရှင်မြတ် တစ်ပါးတည်း ကို ခဝပ်ကိုးကွယ်မှု ဘက်သို

  • News Code : 788264
  • Source : ABNA
Brief


အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ ၏ အကျော်အမော် အာလင်မ်များမှ တစ်ပါး ဖြစ်သူ H.I မိုဟမ္မဒ် ဆွာဒစ် ကဖီးလ်မှ အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာများသည် ပတ်ဝန်းကျင်ကို တစ်ကိုယ်ကောင်းဆန် မှု မှ အလ္လာဟ် အရှင်မြတ် တစ်ပါးတည်း ကို ခဝပ်ကိုးကွယ်မှု ဘက်သို့ လမ်းညွှန် ပေးနေ ကြောင်း ဟောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှက်ဗ်ဗစ်သန် သတင်းဌာန မှ တဆင့် တင်ပြထားသည်မှာ H.I  မိုဟမ္မဒ် ဆွာဒစ် ကဖီးလ် အနေဖြင့် အစ္စလာမ် သာသနာ့ ညီလာခံ တစ်ခု အတွင်း စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) ကို မီးမောင်းထိုးတင်ပြခြင်း သည် သာသနာ့ အတွက် တိုးတက်မှု ကို ဖြစ်စေ ကြောင်း ဟော ကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး ဟောကြားသည်မှာ ပတ်ဝန်းကျင် တိုးတက်ဖို့ အတွက် အကောင်း တကာအကောင်းဆုံး လမ်း မှာ စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) ကို အသုံးပြု ခြင်း ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။
စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) သည် ပတ်ဝန်းကျင်၏ ပညာ အဆင့်အတန်း ကို တိုးတက်စေသည့် အကြောင်းခံလည်း ဖြစ်ကြောင်း H.I  မိုဟမ္မဒ် ဆွာဒစ် ကဖီးလ် အနေဖြင့် ပြောကြားခဲ့ပါတယ်။
H.I  မိုဟမ္မဒ် ဆွာဒစ် ကဖီးလ် အနေဖြင့် စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) နှင့် အလှမ်း ဝေးနေသည့် ပတ်ဝန်းကျင် ၊အသိုင်းအဝိုင်း သည် မိခင်နှင့် နှစ်အတော်များများ အလှမ်းဝေးနေသည့် ကလေး ငယ် ၊မိခင်မရှိဘဲ ဘဝတည်ဆောက်နေရသည့် ကလေး ငယ် နှင့် ပမာတူ ဖြစ်ကြောင်း ၊ ဤကဲ့သို့သော် ပတ်ဝန်းကျင် ၊အသိုင်းအဝိုင်းသည် ပျက်စီး ဆုံးရှုံးမှု နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး အစ္စလာမ် သာသနာ့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ရန် မအ်စူမ်များ (အ.စ) ၏ သမိုင်းပေး တာဝန် ဖြစ်ပါတယ်။ စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) သည် သောင်းဟီးဒ် တရားတော် ကို အပြည့် အဝ ဖော်ပြထားပြီး အေမာမ်စဂျာဒ် (အ.စ) ၏ အစ္စလာမ် သာသနာ့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် နေသည့် ကြိုးစား မှု တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး အေမာမ်စဂျာဒ် (အ.စ) မိန့်တော်မူထားသည့်  ( မနုဿလူသား အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် နှင့် ဆက်သွယ်မိလျှင် အင်အား ရှိ လာ ကြောင်း  )ကို တင်ပြခဲ့ပါတယ်။  အစ္စလာမ်သာသနာ့ တော်ကို ထိန်းသိမ်း ကာကွယ်ရန် အလ္လာဟ် ဟို အရှင်မြတ် သခင်နှင့် ရင်းနှီး ဖို့ လိုအပ်ကြောင်း ကိုလည်း  ပြောကြားခဲ့ပါတယ်။
စဟီးဖွာယေစဂျာဒ်ဒီယာ  (အေမာမ် စဂျာဒ် (အ.စ) ၏ ဒိုအာ တော်များ) ကို အပြည့်အဝ အသုံးချ အသုံးပြု နိုင်ဖို့ အရေးကြီးလိုအပ်ကြောင်း ထိုမှသာ ပတ်ဝန်းကျင် တွင် ရှိနေသည့် ဒုစရိုက်မကောင်း မှု မှန် သမျှ ကိုတားဆီး နိုင်မှာ ဖြစ်ကြောင်း ပတ်ဝန်းကျင် တိုးတက်အောင်မြင်မှာ ဖြစ်ကြောင်း ကိုပါ ပြောကြားခဲ့ပါတယ်။
==============
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*