$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

နိုင်ဂျီရီးယား ဖက်ဒရယ် တရားရုံးချုပ်မှ ရှိက်္ခ ဇက်ဇကီ နှင့် ၎င်း၏ဇနီး အားလွှတ်ပေးရန် အမိန့်ချမှတ်

  • News Code : 795636
  • Source : ABNA
Brief


နိုင်ဂျီရီးယား ဖက်ဒရယ် တရားရုံးချုပ်မှ ယနေ့ နိုင်ဂျီရီးယား အစ္စလာမ်မီ လှုပ်ရှားမှု ၏ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ အားချက်ချင်းလွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန


အဗ်နာနိုင်ဂျီရီးယား ဖက်ဒရယ် တရားရုံးချုပ်မှ ယနေ့ နိုင်ဂျီရီးယား အစ္စလာမ်မီ လှုပ်ရှားမှု ၏ ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ အားချက်ချင်းလွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။
ဤတရားရုံးချုပ်မှ ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ အား ဖမ်းဆီးခြင်းကို တရားမဝင် သတ်မှတ်ခဲ့ပြီး ချက်ချင်းလွှတ်ပေးရန်အမိန့်ချမှတ်ခဲ့ပါတယ်။


တရားသူကြီးအနေဖြင့် အစိုးရ အား ၄၅ရက်အချိန်ပေးလိုက်ပြီး ၄၅ရက်အတွင်း ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ နှင့် ၎င်း၏ ဇနီး ကို လွှတ်ပေးပြီး လုံခြုံစိတ်ချရသည့်နေရာ သို့ ပို့ဆောင်ပေးရန် ရဲလက်သို့အပ်ရန် အမိန့်ပေးခဲ့ပါတယ်။


တရားရုံးမှ နိုင်ဂျီရီးယား လုံခြုံရေး အဖွဲ့များ၏ အဆိုတင်ပြမှုများကို ပယ်ချခဲ့ပြီး အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ အား ဖမ်းဆီးခြင်းကို လုံးဝတရားမဝင် သတ်မှတ်ခဲ့ ပါတယ်။

တရားရုံးမှ အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ နှင့်ပတ်သက်ပြီး ဆန့်ကျင် သည့် တင်ပြမှု အဆိုမှန် သမျှကို အခြေအမြစ်မရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။၎င်း ကိုဆက် လက်ပြီး ဖမ်းချုပ်ထားခြင်းသည် နိုင်ငံ အတွင်း မလုံခြုံမှု မတည်ငြိမ် မှုအတွက် အကြောင်းခံ ဖြစ်စေမည်ဖြစ်ကြောင်း ဆက်လက်ပြီးအပြစ်မဲ့ ပုဂ္ဂိုလ် များ ပါ သေဆုံး နေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


မေ့မရမည့်အချက်မှာ နိုင်ဂျီရီးယား စစ်တပ်အနေဖြင့် ပြီးခဲ့သည့် နှစ် အတွင်း ဗကီးယသွလ္လာဟ် အမည် ရှိ အေမာမ်ဘာရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရှီအာမွတ်စလင်မ် အယောက် ၂၀၀၀ ကို ရှဟီးဒ် နှင့် ဒဏ်ရာ ရအောင်  ပြုခဲ့ပါတယ်။ ရှီအာ မွတ်စလင်မ်များ၏ ခေါင်းဆောင် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ အား  နှင့် ၎င်း ၏ ဇနီးကိုလည်း ဒဏ်ရာ ရအောင်ပြုခဲ့ပြီး လူမသိသည့်အရပ်သို့ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။

 
နိုင်ဂျီရီးယား စစ်တပ်၏ ရက်စက်ယုတ်မာ လူမဆန်မှု  ကြောင့် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇကီ ၏မျက်လုံးတစ်ဖက် ဖျက်စီးသွားပြီး  လုံးဝ မမြင်နိုင်တော့ ချေ။  ကျန်တစ်ဖက် ၏မြင်နိုင်စွမ်းအားမှာ  လည်း အလွန်တရာ နည်း သွားပြီး ဖြစ်ပါတယ်။

========================
251 / END


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*