• အီရန် နိုင်ငံ ၏ ၂၁ ကြိမ် မြောက် စာနယ်ဇင်း နှင့် သတင်းအေဂျင်စီများ ပြပွဲ / ဓာတ်ပုံများ

    အီရန် နိုင်ငံ သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည့် အီရန် နိုင်ငံ ၏ ၂၁ ကြိမ် မြောက် စာနယ်ဇင်း နှင့် သတင်းအေဂျင်စီများ ပြပွဲ ၏ ပုံရိပ်များ ဖြစ်ပါတယ်။ ဤဖွင့်ပွဲကို မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ က ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ မှ စာနယ်ဇင်း နှင့် သတင်းအေဂျင်စီများ ၏ သက်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • အစ္စလာမ်ဘာသာကို ကြောက်ရွံ့အောင် လုပ်ဆောင်ချက် အီရန် ရှုတ်ချ

    အစ္စလာမ်ဘာသာကို ကြောက်ရွံ့အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာကို အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က ရှုတ်ချလိုက်ပါတယ်။ အစ္စလာမ္မစ်(အိုင်အက်စ်)စစ်သွေးကြွတွေရဲ့ အင်တာနက်ပေါ်က ဝါဒဖြန့်ချီရေး ရုပ်သံတွေကို ရည်ညွှန်းပြီး မတ် ၂ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားအရေးတွင် ရုရှားမပါဝင်ခဲ့ပါက ဒေသတစ်ခုလုံးကို ထိခိုက်နိုင်ဟု အာဆက်ဒ် မှတ်ချက်ပြု

    ဆီးရီးယား အရေးတွင် ရုရှားသာ ပါဝင်မလာပါက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားနိုင်ကြောင်း ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်က ပြောကြားလိုက်သည်။ ရုရှားသည် ၎င်းတို့၏ မဟာမိတ် ဆီးရီးယား အစိုးရကို စစ်ရေး အကူအညီပေးကာ ပြည်တွင်းစစ်တွင် ပါဝင်လာခဲ့သည်။ ရုရှားသည် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လာသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ အပါအဝင် အာဆက်ဒ်၏ ရန်သူတော် သူပုန်တပ်များကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရန် အရှိန်မြှင့် လုပ်ဆောင်နေသည်။

    ဆက်ဖတ် ရန် ...
  • အာဖဂန်ရှိ တာလီဘန်တို့ သိမ်းပိုက်ထားရာ ကွန်ဒုဇ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေ

    အာဖဂန် နစ္စတန်အထူးတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် အာဖဂန် နစ္စတန်ရှိ တာလီဘန်တို့ သိမ်းပိုက်ထားရာ ကွန်ဒုဇ်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

    ဆက်ဖတ် ရန် ...
  • ဘဏ္ဍာရေး အကျပ်အတည်းများ ကြုံတွေ့လာရသည့် အိုင်အက်စ်

    အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ဘဏ္ဍာငွေကြေး ပြတ်လပ်မှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို ထိန်းသိမ်းထားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များက အိုင်အက်စ်တို့၏ ဘဏ္ဍာရေး ရင်းမြစ်နေရာများကို ပိုမိုပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လာသည့်နောက် ကမ္ဘာကျော် စစ်သွေးကြွ အဖွဲ့သည် အကျပ်အတည်းများစွာ ကြုံတွေ့နေရပြီ ဖြစ်သည်။ ယခုအခါ ပုံမှန်လုပ်ခလစာ ပေးချေနိုင်မှု မရှိသည့်အတွက် အိုင်အက်စ်လက်အောက်ခံ တပ်သား ၂၀၀ ကျော်မျှ ၎င်းတို့ကို စွန့်ခွာသွားပြီ ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • တာလီဘန်တို့ လက်ထဲမှ ကွန်ဒုဇ်မြို့ကို ပြန်သိမ်းရန် အာဖဂန် စစ်တပ် အားဖြည့် ပြင်ဆင်

    တာလီဘန်တို့ သိမ်းပိုက်ထားသည့် ကွန်ဒုဇ်မြို့ကို တန်ပြန် ထိုးစစ်ဆင်နွှဲရန် အာဖဂန် နစ္စတန် အစိုးရ စစ်တပ်များ စုရုံးပြင်ဆင်နေပြီဟု သတင်းရရှိသည်။ တာလီဘန်တို့၏ လျှပ်တပြက် ထိုးစစ်ကြောင့် စက်တင်ဘာ ၂၈ ရက်တွင် ကွန်ဒုဇ်မြို့ကို လက်လွှတ်လိုက်ရသော်လည်း ယခုအခါ တပ်ကူများ အားဖြည့်စေလွှတ်ပြီး တန်ပြန်တိုက်ခိုက်ရန် အသင့်ရှိနေပြီဟု အစိုးရက ကြေညာသည်။ အာဖဂန် တပ်များသည် မြို့၏ လေဆိပ်တွင် တဖွဲဖွဲ ဆိုက်ရောက်လာပြီး ထိုးစစ်အတွက် ဗျူဟာရေးဆွဲနေပြီ ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • မော်လ်ဒိုက်ဗ် သမ္မတ စီးနင်းလာသည့် လှေပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွား

    မော်လ်ဒိုက်ဗ်နိုင်ငံ သမ္မတ စီးနင်းလိုက်ပါလာသည့် လှေတစ်စီး မီးလောင်မှု ဖြစ်ပွားသဖြင့် သမ္မတကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။ ဆော်ဒီအာရေးဗီးယားသို့ ဟာ့ဂ်ျဝတ်ပြုခရီးစဉ် သွားရောက်ပြီး ပြန်လာသည့် သမ္မတ အက်ဘ်ဒူလာ ယာမင်းသည် လှေပေါ်တွင် ပေါက်ကွဲမှု တစ်ခုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်။ စက်တင်ဘာ ၂၈ ရက်တွင် မော်လ်ဒိုက်ဗ်မြို့တော် မယ်လီရှိ နိုင်ငံတကာ လေဆိပ်မှ ထွက်ခွာလာစဉ် ရေလမ်းခရီးတွင် ယခုဖြစ်ရပ်နှင့် ကြုံရခြင်း ဖြစ်သည်။ ပေါက်ကွဲမှု၏ အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။

    ဆက်ဖတ် ရန် ...
  • ဂိုလန်ကုန်းမြင့်ဒေသရှိ ဆီးရီးယားစစ်တပ်ကို အစ္စရေး တိုက်ခိုက်

    ဂိုလန်ကုန်းမြင့်ဒေသ အစ္စရေးနိုင်ငံနှင့်နယ်စပ် ဆီးရီးယားဘက်ခြမ်း ဂျူဘာတာအယ်လ်ကာရှက်ဘ်ကျေးရွာမှ မီးခိုးလုံးများ တက်လာသည်ကို တွေ့ရစဉ် အစ္စရေးအစိုးရသည် ဂိုလန်ကုန်းမြင့်ဒေသရှိ ဆီးရီး ယားစစ်တပ် ပစ်မှတ်များကို စက်တင်ဘာ ၂၇ ရက်က ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု နှစ်ဖက်သ တင်းရင်းမြစ်များက ပြောသည်။ ဆီးရီးယားစစ်ပွဲဘက်မှ နယ် စပ်ဖြတ်ကျော်၍ ဒုံးကျည်ကျ ရောက်မှုကို အစ္စရေးက လက်တုံ့ ပြန်ခြင်းဖြစ်သည်ဟု ပြောသည်။

    ဆက်ဖတ် ရန် ...
  • လူ ၇၀၀ ကျော် သေဆုံးသည့် လူနင်းမှုအပြီး ဟာ့ဂ်ျခရီးစဉ် လုံခြုံရေး ပြန်လည်စစ်ဆေးရန် ဆော်ဒီဘုရင် အမိန့်ထုတ်

    လူနင်းမှုများကြောင့် လူ ၇၀၀ ကျော် သေဆုံးသည့် ဖြစ်ရပ်အပြီးတွင် မက္ကာ၌ ဟာ့ဂ်ျဝတ်ပြု ခရီးသည်များအတွက် လုံခြုံရေး စံနှုန်းများကို ပြန်လည် စစ်ဆေးရန် ဆော်ဒီအာရေဗျ ဘုရင်က အမိန့်ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် မက္ကာမြို့တော် အနီး၌ ဟာ့ဂ်ျကာလ ဝတ်ပြုခရီးသည်များ စုပြုံတိုးဝှေ့ရာ လူနင်းမှုများကြောင့် ၇၁၇ ဦး သေဆုံးကာ ၈၆၃ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဟာ့ဂ်ျဝတ်ပြု ပွဲတော်တွင် ယခင်ကလည်း လူနင်းမှုကြောင့် အသေအပျောက် ဖြစ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ရပ်ကမူ ၂၅ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ဖြစ်လာသည်။

    ဆက်ဖတ် ရန် ...
  • မက္ကာတွင် လူနင်းခံရမှုများကြောင့် ဝတ်ပြုခရီးသည် ၇၁၇ ဦးခန့် သေဆုံး

    အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ မက္ကာမြို့ပြင်ပ မီနာဒေသ၌ တွန်းထိုးမှုကြောင့် လူအများလဲပြိုမှုဖြစ်ပွားပြီးနောက် ဘုရားဖူးများကို ဆော်ဒီအရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရန် ကြိုးပမ်းနေကြစဉ် (AP) ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့ပြင်တွင် လူအများ စုပြုံတိုးဝှေ့မှုများမှ လူနင်းခံရမှု များ ဖြစ်ပွားပြီး အနည်းဆုံး ၇၁၇ ဦးခန့် သေဆုံးခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ပယ်လ်မိုင်ရာရှိ အိုင်အက်စ်တို့ကို ဆီးရီးယားလေတပ် အပြင်းအထန် တိုက်ခိုက်

    ဆီးရီးယား အစိုးရ လေတပ်သည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပယ်လ်မိုင်ရာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်း လေတပ်၏ စစ်ဆင်ရေးတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်မျှ ပြုလုပ်ခဲ့ပြီး ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းသေဆုံးသူများတွင် စစ်သွေးကြွ ၁၂ ဦးလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိသည်။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား

    ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။

    ဆက်ဖတ် ရန် ...
  • မက္ကာ ကရိန်းပြိုကျမှုအတွက် သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီကို ဆော်ဒီအစိုးရ အရေးယူ

    မက္ကာတွင် ဖြစ်ပွားခဲ့သည့် ကရိန်းပြိုကျမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီကို ဆော်ဒီ အာရေးဗီးယား အစိုးရက လုပ်ငန်းများ ဆိုင်းငံ့ထားစေရန် တားမြစ် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စလာမ် ဘာသာရေး၏ အထွဋ်အမြတ် နေရာဖြစ်သည့် မက္ကာမြို့မှ နိုင်ငံတော် ဗလီကြီးတွင် ကရိန်းကြီးတစ်ခု ပြိုကျမှု ဖြစ်ပွားရာ ဝတ်ပြုခရီးသည် ၁၀၇ ဦး သေဆုံးခဲ့သည်။ အဆိုပါ ဗလီရှိ ကရိန်းများကို ဆော်ဒီဘင်လာဒင်အုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီကြီးက တပ်ဆင်ထားခြင်းဖြစ်ရာ အစိုးရက ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားတွင် အိုင်အက်စ်တို့ကို ဩစတြေးလျလေတပ်က ပထမဆုံးအကြိမ် တိုက်ခိုက်

    အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ဩစတြေးလျ လေတပ်က ဆီးရီးယားတွင် ပထမဆုံးအကြိမ် ပါဝင်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေးဝန်ကြီး ကီဗင်အင်ဒရူးစ်က ဩစတြေးလျ၏ F-18 Hornet တိုက်လေယာဉ် တစ်စီးသည် အိုင်အက်စ် တပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ယာဉ်တစ်စီးကို ချေမှုန်း ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို လွန်ခဲ့သည့် နှစ်ရက်က အကောင်အထည် ဖော်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟုလည်း ဆိုသည်။

    ဆက်ဖတ် ရန် ...
  • အာကာသထဲ ဒုံးကျည်လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း မြောက်ကိုရီးယား ကြေညာ

    တာဝေးပစ် ဒုံးကျည်အသစ်တစ်စင်း လွှတ်တင်နိုင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။ လာမည့်လတွင် ကျရောက်မည့် အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တုတစ်လုံးနှင့် တာဝေးပစ် ဒုံးကျည်တို့ လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း ပါတီက ကြေညာသည်။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားရှိ အိုင်အက်စ်များကို ပြင်သစ် လေကြောင်းထိုးစစ် စတင်မည်

    ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို ပြင်သစ်နိုင်ငံက လေကြောင်းထိုးစစ်တွေ စတင်တော့မှာဖြစ်ပြီး ပြင်ဆင်မှုတွေလုပ်ဖို့ ပြင်သစ်သမ္မတ ဟော်လန်ဒီက စက်တင်ဘာ ၇ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • စက္ကူဖြင့်လုပ်သည့်ဆန်တု တရုတ်တွင် တွေ့ရှိ

    စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ဆန်တု တွေကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်မှာ ခုသီတင်းပတ် အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှန်ဟိုင်းရစ် (Shanghaiist) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ချီအမည်ရ အဲဒီအမျိုးသမီးဟာ နေ့လယ်စာ စားချိန်မှာ ထမင်းဟာ သာမန်နဲ့မတူဘဲ အနည်းငယ်မာနေတာကို စပြီး သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ရုပ်ထုကိုးကွယ်မှုကို ဝေဖန်ခဲ့သည့် ဟိန္ဒူပညာရှင်တစ်ဦး အသတ်ခံရ

    ရုပ်တုဆင်းတု ကိုးကွယ်မှုများနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သော အိန္ဒိယ နာမည်ကျော် သမိုင်းနှင့်ဒဿနပညာရှင် အမ်အမ် ကာလ်ဘာဂီမှာ နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ဘရွတ်မှ ပါလက်စတိုင်းဒုက္ခသည် သားအဖအတွက် အလှူငွေ ၂ ရက်အတွင်း ဒေါ်လာ ၁ သိန်းကျော်ရ

    အိပ်နေတဲ့သမီးငယ်လေးကို ကျောပိုးလို့ ဘေရွတ်မြို့လမ်းမတွေပေါ်မှာ တစ်ဝမ်းတစ်ခါးအတွက် ဘောပင်လိုက်ရောင်းနေရတဲ့ ပါလက်စတိုင်းဒုက္ခသည် သားအဖနှစ်ဦးရဲ့ ဂရုဏာသက်ဖွယ် ဓာတ်ပုံတစ်ခု အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် သူတို့ ဘ၀သစ်စတင်ဖို့အတွက် စေတနာရှင်တွေရဲ့ လှူဒါန်းငွေဟာ ၂ ရက်အတွင်း ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းကို အဂတိလိုက်စားမှုဖြင့် ဖမ်းဝရမ်းထုတ်

    ပါကစ္စတန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးဟာ သြဂုတ် ၂၇ ရက်နေ့က ဝန်ကြီးချုပ်ဟောင်း ယူဆဲ့ဖ် ရာဇာ ဂီလာနီကို အဂတိလိုက်စားမှု စွဲချက်နဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ခရီးသည် ၅၄ ဦးပါ အင်ဒိုနီးရှားလေယာဉ် ပျောက်ဆုံးနေ

    ခရီးသည် ၅၄ ဦးတင်ဆောင်လာတဲ့ အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်တစီးဟာ နိုင်ငံအရှေ့ပိုင်း ပါပူအာပြည်နယ်တွင်းမှာ လေကြောင်းဆိုင်ရာဆက်သွယ်မှု ပြတ်တောက်ပြီး သြဂုတ်လ ၁၆ ရက်နေ့လယ်မှာ ပျောက်ဆုံးခဲ့တယ်လို့ အမျိုးသားရှာဖွေကယ်ဆယ် ရေးအေဂျင်စီ(ဘာဆာနက်စ်)ကပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • လူမဆန်စွာ မော်စူလ် မြို့ သား လူငယ် တစ်ဦး IS မှ ကွပ်မျက် / ဓာတ်ပုံများ

    IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်းဖက် သမားများအနေဖြင့် မော်စူလ် မြို့ သား လူငယ် တစ်ဦး အား လိင်တူခြင်း ဆက်ဆံသည်ဆိုသည့် စွဲချက်ဖြင့် လူမဆန်စွာ လူအများ ရှေ့ မှောက် ဝယ် ကွပ်မျက် ခဲ့ပါတယ် ။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယား နိုင်ငံအပေါ် တူရကီ နိုင်ငံက တိုက်ရခြင်းမှာ IS (ခ) ဒါအေရှ် ရှုံးနှိမ့်ရခြင်း၏ ရလာဒ် ကြောင့် ဖြစ်ပါတယ်

    ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ပါလီမန် ဆိုင်ရာ အမျိုးလုံခြုံရေး နှင့် နိုင်ငံခြား မူဝါဒ ကော်မရှင် အဖွဲ့ ၏ အကြီးအကဲ မှ ဆီးရီးယား နိုင်ငံ နှင့် အီရတ် နိုင်ငံ တောင်ပိုင်း အပေါ် တူရကီ နိုင်ငံ က တိုက်ရခြင်းမှာ ဆီးရီးယား နိုင်ငံ နှင့် အီရတ် နိုင်ငံ နှစ်နိုင်ငံ တွင် IS (ခ) ဒါအေရှ် အစွန်းရောက် အကြမ်းဖက် များ ရှုံးနှိမ့်ရလာခြင်း၏ ရလာဒ် ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • မှော်ပညာ လေ့ကျင်သည်ဟု စွပ်စွဲ၍ အိန္ဒိယအမျိုးသမီးကို ခေါင်းဖြတ်သူ ၁၆ ဦးကို ဖမ်းဆီး

    အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ မှော်ပညာ လေ့ကျင်တယ်လို့ စွပ်စွဲပြီး အိန္ဒိယ အမျိုးသမီးကို ခေါင်းဖြတ်သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး ဇူလိုင် ၂၂ ရက်နေ့အထိ ဖမ်းဆီးထားသူ ၁၆ ဦး ရှိပြီ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • အီရန် နှင့် ဆီးရီးယား နှစ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးတွေ့ ဆုံ

    အီရန် နှင့် ဆီးရီးယား နှစ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးတွေ့ ဆုံ ခဲ့ ကြပါတယ် ။အရေး ကြီးကိစ္စများကို ဆွေးနွေး တွေ့ ခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဌာန ဆင့်ခေါ်အသိပေး

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မူဟာမတ် ဆူဖီ ရာမာန်ကို ဆင့်ခေါ် အသိပေး ရှင်းလင်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ဇွန် ၂၀ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဆော်ဒီ ဘုရင် ရှီအာအာဇာနည်တို့၏ မိသားစု ဝင်များကို ဘာကြောင့်ဝမ်းနည်းကြောင်း မပြော ရပါ သနည်း ?

    ဆော်ဒီ ဘုရင် အနေဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် ရှီအာအာဇာနည်တို့၏ မိသားစု ဝင်များကို ဘာကြောင့်ဝမ်းနည်းကြောင်း မပြောရပါသနည်း ? ဆိုသည်အမေးအတွက် အဖြေမှာ ရှင်းနေပါတယ်။

    ဆက်ဖတ် ရန် ...
  • လျက်တဗြက် သတင်း

    ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ ရှိ ရှီအာ မစ်ဂျစ်ဒ်တစ်လုံး ဖြစ်သည့် အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ်တွင် အသေခံ ဗုံးကွဲမှု ဖြစ်ပွား +

    ဝဟာဘီ သက္က်ဖီးရီး အသေခံဗုံးခွဲသမား လူသားမဆန်သူ တစ်ဦး မှာ ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ ရှိ ရှီအာ မစ်ဂျစ်ဒ် များမှ တစ်လုံး ဖြစ်သည့် အေမာမ် ဟိုစိန် (အ.စ) မစ်ဂျစ်ဒ်တွင် အသေခံ ဗုံးကွဲမှု တစ်ခု ကို ယနေ့ ရက်စက်စွာ ပြုလုပ်ခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ၂၉ ကြိမ်မြောက် ထိုင်းမြန်မာနယ်ခြားကော်မတီအစည်းအဝေး ကျင်းပ

    ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြားကော်မတီ ရဲ့ ၂၉ ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနီုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ အမ်ပီရီရယ်မယ့်ပင်းဟိုတယ်မှာ မေလ ၂၁ ရက်နေ့က ကျင်းပပါတယ်။

    ဆက်ဖတ် ရန် ...
  • ဆော်ဒီအိမ်ရှေ့ မင်းသား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုပြော

    ရှိက်္ခနေမေရ် အားနောက် ၄ ရက်နေလျင် ကြိုးပေးမည်

    မိုဟမ္မဒ်ဗင်နာယေဖ် (ဆော်ဒီအိမ်ရှေ့ မင်းသား ) မှ ဂျောန်ကယ်ရီ (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး) ကို ပြောကြားခဲ့ပါတယ်။ ((ရှိက်္ခနေမေရ် အား မေလ၁၄ရက်နေ့တွင် ကြိုးစင်တင်မည်ဖြစ်ပါတယ်။ဒါကျွန်ုပ်တို့ ပြည်တွင်းရေး ကိစ္စပါ၊ဒါပေမဲ့ဒီကိစ္စခင်ဗျားကိုအသိပေးထားရမှာကို သဘောကျမိလို့ အသိပေးခြင်းဖြစ်ပါတယ်။)) ဟုအရှက်မဲ့စွာ ပြောကြားခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century