• သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းသွပ်အမျှဝေ

    သမ္မတတို့ ကာချုပ်တို့အနေနဲ့တော့ အာဇာနည်ကုန်းပေါ် မရောက်သေးပေမယ့်လည်း ကျနော်မြင်တဲ့အမြင်ပြောရမယ်ဆိုရင် တိုးတတ်လာတယ်လို့လည်း မြင်တယ်။ ဒီလိုမျိုးလုပ်လာတာ အကောင်းဘက်ကို မြင်တယ်။ ဖြစ်သင့်တာတော့ ကြာပြီ။” ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့က ၀န်ကြီးများရုံးကို ဒီနှစ်အာဇာနည်နေ့မှာ အများပြည်သူကို ပထမဆုံး ၀င်ရောက်လေ့လာခွင့်ပြုခဲ့တာလည်း ထူးခြားပါတယ်။ နေပြည်တော် အာဇာနည်ကြီးများ ရည်စူးလှူဒါန်းတဲ့ ဆွမ်းကပ်လှူပွဲတက်ခဲ့တဲ့ ဥတ္တရသီရိ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ညီညွတ်မှုနဲ့ နိုင်ငံတည်ဆောက်ဖို့ မျှော်လင့်ပါတယ်။

    ဆက်ဖတ် ရန် ...
  • အဲမန္တလေး မစ်ဆူဘီရှီကနေ လေယာဉ် ၆ စင်း ၀ယ်မည်

    ပြည်တွင်းခရီးစဉ်တွေမှာ ပြေးဆွဲ အောင်မြင်မှုရနေတဲ့ အဲမန္တလေးလေကြောင်းဟာ ဂျပန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ မစ်ဆူဘီရှီ အဲခရပ်ဖ် ကော်ပိုရေးရှင်းကနေ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော် တန်ဖိုးရှိ လေယာဉ် ၆ စင်း ၀ယ်ယူ ဖြည့်တင်းသွားမယ် ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • နိုင်ငံရေးပြဿ နာကို အကြမ်းဘက်နည်းနှင့် မဖြေရှင်းသင့်ဘူးလို့ ဒေါ်စု ပြော

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ပုဂ္ဂိုလ်တွေကို တကယ်ပဲကျေးဇူးတင်တယ်ဆိုရင် နိုင်ငံရေးပြဿ နာတွေကို ဘယ်တော့မှလက်နက်နည်းနဲ့ မဖြေရှင်းသင့်ပဲ မှန်ကန်တဲ့နည်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ အခုလိုပြောပါတယ်။ “ကျမတို့ဟာ အာဇာနည်ကြီးတွေကို တကယ်ပဲ ကျေးဇူးတင်တယ်၊ တကယ်ပဲ စိတ်ထဲမှာ အမှတ်တရ ရှိနေတယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿ နာတွေကို ဘယ်တော့မှ လက်နက်နည်းနဲ့ မဖြေရှင်းသင့်ဘူး။ မှန်ကန်တဲ့ နည်းတွေနဲ့ ဖြေရှင်းသင့်တယ်ဆိုတာ ကျမတို့ သဘောပေါက်ရမှာပါ။ မှန်ကန်တဲ့ နည်းတွေဟာ ဘာလဲဆိုရင် အခုဆိုရင် ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့နိုင်ငံက ကျိုးပမ်းခဲ့ကြတာ ဆယ်စုနှစ် ၃ စုလောက် ရှိသွားပါပြီ။ အဲဒါဘာကို လိုချင်လို့လဲဆိုတော့ ပြည်သူပြည်သားတွေကို တန်ဖိုးထားတဲ့ စနစ်တခုကို ကျမတို့နိုင်ငံမှာ အခြေခိုင်ချင်လို့ပါ။” ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့မှာ မျက်ရည်ကျဖို့ မဟုတ်ပဲ အာဇာနည် ခေါင်းဆောင်တွေ လိုလားတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ ကြိုးစားသွားရမယ့် သံန္နိဋ္ဌာန်ချသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • လားရှိုးမြို့နယ်တွင် လူကုန်ကူးသူများကို ဖမ်းဆီးရမိ

    တရုတ်နိုင်ငံမှာ လူကုန်ကူးရောင်းစားခံရတဲ့ ဖြစ်စဉ်တွေမှာ မိဘတွေကိုယ်တိုင်က လူကုန်ကူးမှုအဖြစ် မမှတ်ယူဘဲ ရိုးအပြီး နို့ဖိုးအဖြစ် ငွေကြေးလက်ခံကြတာလို့ ဒုရဲအုပ် ချစ်ထူးက ပြောပါတယ်။ “မအေးခမ်းစာအမေ ဒေါ်အေးညွန့်က ၂၇ သိန်း၊ သူ့မိဘတွေကလည်း တဖက်နိုင်ငံဆီ ပို့အပ်ပြီးမှ အသီးသီးအကျိုးအမြတ်ယူခဲ့ကြတာ၊ မိဘတွေကတော့ ရိုးသားတယ်။ နောက်ပြီးတော့ ဘ၀မှာ ဆင်းရဲချို့တဲ့တော့ တဖက်နိုင်ငံမှာ ယောက်ျားပေးစားတာ နိုးဖိုးဆိုပြီးတော့ ယူတာဗျ၊ နန်းကြည်ဦးနဲ့ အမည်မသိ အဒေါ်တော်စပ်သူတော့ မမိသေးဘူး။ လိုက်ပို့တဲ့ မိဘတွေတော့ ကျတော်တို့ အရေးယူဆောင်ရွက်ထားပါတယ်။”

    ဆက်ဖတ် ရန် ...
  • ကမ္ဘောဒီးယားတွင် ဆန္ဒပြသူများနှင့်ရဲ ပဋိပက္ခဖြစ်၊ ၃၀ ခန့် ဒဏ်ရာရ

    ကမ္ဘောဒီးယားနိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲလုံခြုံရေးတို့ ဖနွိုင်းပင်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးအများစုဖြစ်တဲ့ လူ ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဖနွိုင်းပင်မြို့တော်က အဓိက ဆန္ဒပြရင်ပြင် ပြန်ဖွင့်ပေးရေးအတွက် ဆန္ဒပြတဲ့ အတိုက်အခံပါတီကို ထောက်ခံသူ အယောက် ၃၀၀ လောက်က ဆန္ဒပြရင်းကနေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အယောက် ၃၀ လောက် ဒဏ်ရာရရှိခဲ့ကြပြီး အများစုက ရဲတွေ ဖြစ်တယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ချန် ဆိုဗက် (Chan Soveth)က ပြောဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • သြဂုတ် ၁၃ ကစပြီး နယ်စပ်ဖြတ်ဗီဇာသက်တမ်းတိုးသူများကို ပြန်ဝင်ခွင့် ထိုင်းပိတ်

    သြဂုတ် ၁၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ နယ်စပ်ဖြတ်ပြီး ဗီဇာသက်တမ်းတိုးသူတွေကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်ထားကြောင်း ဒီနေ့ထုတ် သည်နေးရှင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ သက်ညှာမှုအနေနဲ့ သြဂုဏ် ၁၂ ရက်နေ့ နောက်ထားပြီး လေယာဉ်နဲ့ ရောက်လာသူတွေကို ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ အခု ဗီဇာ သက်တမ်းတိုးသူတွေဟာ နောက်ဆုံးထုတဲ့ တံဆိပ်နားမှာ O,I ( အောက် အင်) ၀င်ထွက်လက်မှတ်ကလေးတွေ့မှာဖြစ်ပြီး သူတို့တွေကိုသာ ပြန်ဝင်ဖို့ခွင့်ပြုမှာဖြစ်ပါတယ်။ တကယ်လို့ သင့်လျော်တဲ့ ဗီဇာကို မပြနိုင်ဘူးဆိုရင် သြဂုဏ်လ ၁၃ ရက်နေ့ကစပြီး ပတ်စ်ပို့မှာ O I ဝင်ထွက် လက်မှတ်နဲ့ ဘယ်သူမှ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ နယ်စပ်ဂိတ်တွေမှာလည်း သြဂုတ် ၁၃ ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို ပြန်ဝင်လိုတဲ့ ဗီဇာလုပ်သူတွေကို ထားဆီးဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဓာတ်အားလိုင်း များကြောင့် လူသေဆုံးမှု ဖြစ်လာပါက မြို့နယ်လျှပ်စစ်ကို အရေးယူမည်

    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “လျော်ကြေးပေးတယ် ဆိုတာက သတ်သတ်စီပဲ။ ဒီလို မဖြစ်အောင် လုပ်ရမှာက သူတို့မှာ တာဝန်ရှိတယ်။ လူ့အသက်က ပိုက်ဆံနဲ့ လဲလို့ ရတာမှ မဟုတ်တာ။ ပြဿနာရှိတယ် ဆိုရင် မြို့နယ်လျှပ်စစ်ကို ခေါင်းခံခိုင်းတာက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ တာဝန်အရှိဆုံးက သမ္မတပြီးရင် ဝန်ကြီးကနေ အဆင့်ဆင့် တာဝန်ယူသွားရမှာ။ ကျွန်တော်တို့ဘက်က ဖြစ်စဉ်တွေ အမှုတွဲတွေ စုပြီး တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးဖို့ အစီအစဉ် ရှိတယ်” ဟု ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးတွင် မတော်တဆ ဓာတ်လိုက်သေဆုံးမှုနှင့် လေပြင်းတိုက်ချိန်တွင် ဓာတ်ကြိုးများ လျော့ကျမှုကြောင့် ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။ ရန်ကုန်မြို့တော်တွင် ဇွန်လမှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ထိုင်းက မြန်မာဒုက္ခသည်များကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့မည်ဟုဆို

    “ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောတူညီမှုနဲ့အတူ လူသားချင်းစာနာမှု စံနှုန်းတွေကို လိုက်နာရမှာပါ။ ဒါပေမယ့် အလုပ်သမား စည်းမျဉ်း စည်းကမ်းတွေအပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးထိခိုက်တဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပြဿ နာတခုဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ဟာ အချိန်ယူရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ် ကြာမယ်။” ထိုင်းအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကတော့ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကိစ္စဆွေးနွေးခဲ့ကြောင်း၊ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အာင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂါဇာအား မြေပြင်မှ အစ္စရေးတို့ ၀င်ရောက်ကျူးကျော်ပြီ

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုများကို လက်တုံ့ပြန်တိုက်ခိုက်သည်ဟုဆိုကာ ဂါဇာအား အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ ၆ ရက်မြောက်ရှိလာခဲ့ပြီး ယမန်နေ့ညတွင် အစ္စရေး မရိန်းတပ်များမှ ဂါဇာသို့ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဂါဇာမြောက်ပိုင်းဒေသသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ဟားမက်စ် အဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရကာ အစ္စရေးစစ်သားလေးဦးမှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု အစ္စရေးက သတင်းထုတ်ပြန်ခဲ့သည်။ ဟားမက်စ်ကလည်း အစ္စရေးစစ်တပ်နှင့် ရင်ဆိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အစ္စရေးတို့ ဂါဇာနယ်မြေထဲသို့ ကျူးကျော်ခွင့်မရရန် တိုက်ခိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘောဒီးယား ဘုရင်ကြီးသီဟာနု၏ ရုပ်ကြွင်းကို ဖနွမ်းပင်မြို့တွင် ဂူသွင်းဋ္ဌာပနာ

    နတ်ရွာစံသွားပြီဖြစ်တဲ့ ကမ္ဘောဒီးယား ဘုရင်ကြီး သီဟာနုရဲ့ ရုပ်ကြွင်းတွေကို ဖနွမ်းပင်မြို့မှာ ရှိတဲ့ ဘုရားဝင်းတခုမှာ ဇူလိုင်လ ၁၂ ရက်နေ့က ဂူသွင်းဋ္ဌာပနာပါတယ်။သီဟာနုရဲ့ မိဖုရားနဲ့ သီဟာနုရဲ့သား လက်ရှိ ဘုရင် သီဟာမိုနီ တို့က ပြာအိုးကို သယ်ပြီး ဂူသွင်းဋ္ဌာပနာမယ့် အရိုးပြာအိုး စေတီကို သုံးပတ်လှည့်လည်ပါတယ်။ ကွယ်လွန်သူ ဘုရင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ သေနတ် ၁၀၁ ချက်လည်း ပစ်ဖောက်ပါတယ်။ နယ်ခံတွေ၊ နိုင်ငံခြားသားတွေလည်း အခမ်းအနားကို တက်ရောက်ကြပြီး နောက်ဆုံးအနေနဲ့ ဂါရ၀ပြုကြပါတယ်။

    ဆက်ဖတ် ရန် ...
  • တာချီလိတ် မိုးကြီးမြေပြိုမှု ကလေး ၃ ဦး အပါအ၀င် ၇ ဦး သေဆုံး

    တာချီလိတ်မြို့နယ် ၀ါကောင်းအုပ်စု ကချင်ရွာမှာ ဇူလိုင် ၁၃ ရက်နေ့ မနက် ၁ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားလို့ ကလေး ၃ ဦး အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ဖြစ်ပွားခဲ့ပုံကို တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးလှမိုး က“ည ၁ နာရီဝန်းကျင်လောက် တာချီလိတ်မှာ မိုးပြင်းထန်စွာ ရွာပါတယ်။ ရာသီဥတု တအားဆိုးသွားပြီး တောင်ကိုဖြိုထားတဲ့မြေတွေက အပေါ်ကနေပြီး မြေကပြိုပြီး အိမ်ခန်း ၄ ခန်းကို ဖိချလိုက်တယ်။ မိသားစု ၂ ပေါ့။ ၁ စုက ၄ ယောက်။ နောက် ၁ စု ၃ ယောက် အားလုံးပေါင်း ၇ ယောက် ဆုံးတယ်”လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ရိုဟင်ဂျာ ဒုက္ခသည်များနှင့် လက်ထပ်ခြင်းကို မှတ်ပုံတင်ပေးသူနှင့် ပါဝင်ပတ်သက်သူများအား အရေးယူမည်ဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးပြောဆို

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရား ရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်က ပြုလုပ်သော နယ်မြေအုပ်ချုပ်ရေး အရာရှိများနှင့် တွေ့ဆုံပွဲအပြီး တွင် မီဒီယာများအား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။ ‘‘ရိုဟင်ဂျာတွေနဲ့ လက်ထက်ခြင်း မှတ်ပုံတင်တာ ဒီမှာတရားမ၀င်ပါဘူး။ မှတ်ပုံတင်ရာမှာ ပါဝင်ပတ်သက်တဲ့ မှတ်ပုံတင်အရာရှိတွေကို အရေးယူဖို့ နယ်မြေအုပ်ချုပ်ရေးအရာရှိတွေကို ညွှန်ကြားထားပါတယ်’’ ဟု တရားရေးဝန်ကြီးက ပြောသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း များဖြင့် ဒေသခံများနှင့် ရိုဟင် ဂျာဒုက္ခသည်များ လက်ထပ်ခြင်း များကို လျှော့ချနိုင်မည်ဟု မျှော် လင့်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

    ဆက်ဖတ် ရန် ...
  • အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံး

    အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ အရုဏ်တက်ချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ၄ ရက်ကြာ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၈၅ ယောက် ရှိသွားပါပြီ။ ပါလက်စတိုင်းဒုံးကျည်တွေက အစ္စရေးနယ်မြေထဲ ထဲထဲဝင်ဝင် တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ အစ္စရေးခေါင်းဆောင်တွေက ဆုံးဖြတ်ထားပြီး ၅ နှစ်အတွင်း ပထမဆုံးအနေနဲ့ ဂါဇာ ကမ်းမြောင်အတွင်း မြေပြင်ကျူးကျော်မှုကို လုပ်ဖို့ အမိန့်ပေးနိုင်တယ်လို့ အရိပ်အမြွက် ပြလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • သမ္မတကို မီဒီယာသမားတွေ ဆန္ဒပြ

    ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဆဲဗင်းဒေးသတင်းစာရဲ့ သတင်းထောက်ချုပ် ဦးအောင်သူရက သူတို့ ဆန္ဒပြခဲ့ကြပုံကို အခုလို ပြောပါတယ်။ “ပထမအစီအစဉ်ကတော့ ကျနော်တို့ အထဲကို သတင်းဝင်ယူမယ်၊ ပြီးတော့ အသံတိတ် ဆန္ဒထုတ်ဖော်မယ်ပေါ့။ အခမ်းအနား စတဲ့အချိန်မှာ ကင်မရာတွေ အသံဖမ်းစက်တွေကို ချပြီးတော့ သတင်းမယူပဲနဲ့ ထိုင်နေမယ်။ အဲဒီလို နေပြီး ပြန်မယ်လို့ အစီအစဉ်လုပ်ထားတာ။ အစီအစဉ်က ဘယ်လိုပြောင်းသွားလဲဆိုတော့ အထဲတွေ ဘာတွေ တချို့တ၀က်က ၀င်ပြီးပြီ။ တချို့ သတင်းထောက်တွေက မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ တီရှပ်ဝတ် လာတဲ့ သတင်းထောက်တွေကို ဦးဝိစာရလမ်းထိပ်က ပိတ်ပြီး အထဲကို ပေးမ၀င်ဘူး။ သူတို့ကိုပေးမ၀င်လည်း ငါတို့လည်း မ၀င်ဘူးဆိုပြီး ပြန်ထွက်လာတာ။ ပြန်ထွက်ပြီးတော့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဆိုင်းဘုတ်ရှေ့မှာပဲ ကျနော်တို့ အသံဖမ်းစက်တွေ ကင်မရာတွေချပြီးတော့ ဒါကို သတင်းမယူဘူးဆိုတဲ့ ဆန္ဒပြ ပြီး ပြန်လာခဲ့တယ်။” ဆန္ဒပြခဲ့ကြတဲ့ သတင်းသမားတွေဟာ နိုင်ငံခြားသတင်းဌာနနဲ့ ပြည်တွင်းသတင်းစာ ဂျာနယ်တိုက်တွေက သတင်းသမားတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ကန်ထရိုက်တိုက် ပြန်ဆောက်ပေးရန် သင်္ကန်းကျွန်းဒေသခံများ တောင်းဆို

    ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်က စည်ပင်ကရပ်ဆိုင်းထားတဲ့ ကန်ထရိုက်တိုက်တွေ ပြန်ဆောက်ခွင့်ပေးဖို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။ သင်္ဃန်းကျွန်း (င၊က) ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၈ လလောက်က ရပ်ကွက်နေပြည်သူ ၁၀၀ ကျော်က ကန်ထရိုက်ဆောက်ဖို့ သဘောတူညီချက်နဲ့ တိုက်တွေကို စတင်ဆောက်ခဲ့တာဖြစ်ပြီး ဇွန်လမှာတော့ ရပ်ကွက်နေသူတချို့က အဲဒီတိုက်တွေဟာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်တယ်လို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် စည်ပင်သာယာရေးကော်မတီက စာကပ်ပြီး ရပ်ဆိုင်းခိုင်း ထားတာဖြစ်ပါတယ်။ ဆောက်လုပ်ဆဲ နေအိမ် ၁၂၆ လုံးက အိမ်ရှင်တွေက ပြန်ဆောက်ခွင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာပါ။ သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေသူ ဒေါ်စန်းမြင့်ကတော့ သူ့အိမ်မှာ စည်ပင်က ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အနီဖြုတ်ပြီး တိုက်ဆက်ဆောက်စေချင်တယ်လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • မဲရလဒ်ကြေညာမှု စိတ်ရှည်ကြရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

    လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနိုက သမ္မတလောင်းနှစ်ဦးကို သီးခြားစီတွေ့ဆုံပြီး တရားဝင်မဲရလဒ်တွေကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြဖို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို အရပ်ဘက်အေဂျင်စီတွေရဲ့ မဲရလဒ်တွေယူပြီး သမ္မတနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာနေကြတာဖြစ်ပါတယ်။ မဲရေတွက်ကြတဲ့ အရပ်ဘက် အေဂျင်စီအများစုကတော့ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို က ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုထက် မဲ နှာတဖျားအသာစီးရနေတယ်လို့ ဆိုကြပါတယ်။

    ဆက်ဖတ် ရန် ...
  • အီရတ်တွင် ကားဗုံးကွဲ၊ ၈ ဦး ဒဏ်ရာရ

    အီရတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ ရောထွေးနေတဲ့ ကာကတ်မြို့တောင်ပိုင်းမှာ ကားဗုံးခွဲမှုတခုကြောင့် အနည်းဆုံးလူ ၈ ဦး ဒဏ်ရာရပါတယ်။ အယ်လ်ဝါစစ်တီရပ်ကွက်ထဲက ကားဗုံးကြောင့် အနားက အိမ်တွေပျက်စီးပြီး ရဲကားတချို့ မီးလောင်ပျက်စီးပါတယ်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ အကြီဆုံး ကင်ဆာ အကြိတ် ကို ခွဲစိတ်ခဲ့

    ပုံမှာ မြင်တွေ့ နေရတဲ့ တရုတ် အမျိုးသား Yang Jianbin ဟာ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိတ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး မွေးကတည်းက တင်ပါးမှာ အကြိတ်ပါလာသူ ဖြစ်ပါတယ်။ အသက် ၁၂ နှစ်မှာ ကြီးမားတဲ့ ခွဲစိတ်မှု တစ်ခု ပြုလုပ်ပြီး အနည်းငယ်သာ ကျန်ခဲ့ ပါတယ်။ ဒါပေမယ့် အမြစ်မပျက်ပဲ ဆက်လက် ပွားများ လာတာကြောင့် ၂၀၁၄ ခုနှစ် မှာ ပုံတွင် မြင်ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာခဲ့ ပါတယ်။

    ဆက်ဖတ် ရန် ...
  • မလေးရှားမှာ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ

    မလေးရှားနိုင်ငံမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတလောင်း ဂျိုကိုဝီ မဲအသာရနေ

    ဒီနေ့ ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို နေ့ချင်းပြီး ရေတွက်ပြီးချိန်မှာ ပြိုင်ဘက်ထက် ၅ ရာခိုင်နှုန်း ၀န်းကျင်နဲ့ မဲပိုရတယ်လို့ သမ္မတလာင်း ဂျာကာတာမြို့တော်ဝန် ဂျိုကိုဝီက ကြေညာပါတယ်။ “အခုအထိ ရလဒ်တွေကို ကြည့်ရင် ဂျိုကိုဝီနဲ့ ဂျေကေ (ဂျိုကိုဝီရဲ့ တွဲဖက် ဒုတိယသမ္မတလောင်း) တို့ အနိုင်ရနေပါတယ်” လို့ ဂျိုကိုဝီက ဂျာကာတာမှာ သတင်းထောက်တွေကို ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျပန်တွင် တိုက်ဖုန်းမုန်တိုင်းကြောင့် ၂ ဦး သေဆုံး

    နီအိုဂူရီလို့ နာမည်ပေးထားတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မှာ ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ တရုတ်ပင်မကျွန်းပေါ်ကို ဦးတည်နေပြီး မိုးသည်းထန်တာက အဓိက စိုးရိမ်စရာကိစ္စ ဖြစ်တယ်လို့ မိုးလေ၀သခန့်မှန်းချက်တွေက ဆိုပါတယ်။ အိုကီနာဝါမှာ မကြုံဖူးတဲ့ မိုးသည်းထန်မှုအတွက် သတိပေးထားပြီး မြစ်တွေရဲ့ တချို့ အစိတ်အပိုင်းတွေလည်း မြစ်ရေလျှံနေပါတယ်။ လူပေါင်း ၂ သိန်းလောက် အိုးအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွှတ်ရာမှာ နေကြဖို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကတော့ လူ ၅ သိန်းအထိ ဘေးလွှတ်ရာမှာ ရှောင်ကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်

    မြန်မာနိုင်ငံမြေပုံ အမှတ်အသားသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် အမှတ်အသားတစ်ခုဖြစ်၍ အဆိုပါ အမှတ်အသားကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးလျှင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေဖြင့် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံး တိုင်းဒေသကြီးဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

    ဆက်ဖတ် ရန် ...
  • မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ

    အသက် ၄၀ ကျော် အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်ပြီး တရားမဝင် လာရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်ရာတွင် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး ဇူလိုင် ၇ ရက်ညက မလေးရှားရင်း ဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူ ထံမှ အကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ် ကာငွေ အားလုံးကိုလည်း ယူဆောင် သွားကြသည်။

    ဆက်ဖတ် ရန် ...
  • ထိုင်း စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမွမ်း

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ချစ်ကြည်ရေး ခရီး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုင်းဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ိုရာပေါင် က လေဆိပ်တွင် ကြိုဆိုရေး အခမ်း အနားနှင့်တကွ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

    ဆက်ဖတ် ရန် ...
  • နိုင်ငံရေး လှည့်ကွက်ထဲတွင် အစ္စလာမ် ဘာသာဝင်များ စတေးခံဖြစ်နေရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်ပြော

    မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုသည် တည်ငြိမ်မှုမရှိဘဲ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ၎င်းမှာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး ထိုလှည့်ကွက်ထဲတွင် အစ္စလာမ်ဘာသာဝင်များမှာ စတေးခံများဖြစ်နေ ရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်က အမ်မီဒီယာကို ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမုန်းတရား ပြောဆိုရေးသားလှုံ့ဆော်မှုများ ရှောင်ရှားရန် သမ္မတ တိုက်တွန်း

    မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း စုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသား အားလုံး တဦးနဲ့ တဦး သဟဇာတ ရှိရှိ နေထိုင် ပူးပေါင်းဆောင်ရွက်မှ သာ တိုင်းပြည်တွင်း တည်ငြိမ်အေး ချမ်းမယ့်အကြောင်းနဲ့ မုန်းတီးမှု ဖြစ်စေမယ့် လှုံ့ဆော်မှုတွေ မလုပ်ကြဖို့ နိုင်ငံတ၀န်းလုံးကို ပုံမှန်လစဉ် ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ သမ္မတက ပြောကြားသွားတာပါ။ နိုင်ငံသားတွေအကြား အမုန်းတရားပွားစေမယ့် အပြုအမူ အပြောအဆို အရေးအသားတွေကိုလည်း လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • သွေးချို ရောဂါပျေက်ရန် ကိုယ်တိုင်လုပ် ဖျော်ရည်

    ဒါကြောင့် သွေးချိုဓာတ် လျော့ကျစေမယ့် ဖျော်ရည် ကိုယ်တိုင် ဖျော်သောက် နည်းကို မျှဝေ လိုက်ရ ပါတယ်။ 'ပန်းသီး စိမ်း၊ ကြက်ဟင်းခါးသီး တစ်တောင့်၊ သခွားသီး တစ်ပိုင်း၊ နံနံပင် နှစ်ပင် နဲ့ သံပရာသီ တစ်ခြမ်း' အစရှိတဲ့ အသီးအနှံများကို ကြိတ်လို့ ဖျော်ရည် အဖြစ် ဖျော်သောက် ရမှာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • မန္တလေးတိုင်း ၆ မြိ့နယ်တွင် ညမထွက်ရအမိန့်ထုတ်

    မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအမိန့် ကာဖျူးကို ဒီညနေ ထုတ်လိုက်တယ်လို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ကြက်သားစိမ်း ဆေးခြင်းက အစာအဆိပ်သင့်နိုင်ခြေကို မြင့်တက်စေ

    ကြက်သားကို မချက်ပြုတ်ခင်မှာ ဆေးကြောခြင်းကို လူအတော် များများ ပြုလုပ်ကြ ပါတယ်။ သို့သော်လည်း သုတေသီ များဟာ ဆေးကြောခြင်း အလေ့ အထက အစာအဆိပ် သင့်နိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထား ပါတယ်။ Campylobacter ဗက်တီးရီးယားဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။lmitable Vowel Syndrome သာမက ပြင်းထန်သော အရိုးအဆစ် ရောင်ရောဂါကို ဖြစ်စေပါတယ်။ အချို့သော လူများတွင် ခြေ၊လက်များကို ဖြတ်ပစ် ရသည်အထိ အခြေအနေ ဆိုးဝါးနိုင်ကြောင်း သုတေသနပြ ချက်များ အရ သိရှိရပါတယ်။

    ဆက်ဖတ် ရန် ...
  • မန္တလေးမြို့ ပြန်လည်တည်ငြိမ်

    ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဈေးချိုအနီး တစ်ဝိုက်တွင် ရပ်နား ထားသော မော်တော်ကား (၁၀)စီး ကားမှန် များရိုက်ခွဲခံ ရခြင်းနှင့် ဟိုင်းလတ်ကား တစ်စီး၏ ခေါင်းခန်း မီးရှို့ခံခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ပဋိပက္ခဖြစ်စဉ် များကြောင့် ဇူလိုင် ၁ ရက် ည ၁၁ နာရီခွဲက ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်တွင် လူနှစ်ရာခန့်က လူနေအိမ်များ၊ ကားများအား ဖျက်ဆီး ခဲ့သဖြင့်ရာဘာကျည်ဖြင့် မိုးပေါ်ထောင်ပစ် ဖောက်ခဲ့ ရကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
Prophet's birthday celebrations
We are All Zakzaky