• အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံး

    အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ အရုဏ်တက်ချိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ၄ ရက်ကြာ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၈၅ ယောက် ရှိသွားပါပြီ။ ပါလက်စတိုင်းဒုံးကျည်တွေက အစ္စရေးနယ်မြေထဲ ထဲထဲဝင်ဝင် တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ အစ္စရေးခေါင်းဆောင်တွေက ဆုံးဖြတ်ထားပြီး ၅ နှစ်အတွင်း ပထမဆုံးအနေနဲ့ ဂါဇာ ကမ်းမြောင်အတွင်း မြေပြင်ကျူးကျော်မှုကို လုပ်ဖို့ အမိန့်ပေးနိုင်တယ်လို့ အရိပ်အမြွက် ပြလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • သမ္မတကို မီဒီယာသမားတွေ ဆန္ဒပြ

    ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဆဲဗင်းဒေးသတင်းစာရဲ့ သတင်းထောက်ချုပ် ဦးအောင်သူရက သူတို့ ဆန္ဒပြခဲ့ကြပုံကို အခုလို ပြောပါတယ်။ “ပထမအစီအစဉ်ကတော့ ကျနော်တို့ အထဲကို သတင်းဝင်ယူမယ်၊ ပြီးတော့ အသံတိတ် ဆန္ဒထုတ်ဖော်မယ်ပေါ့။ အခမ်းအနား စတဲ့အချိန်မှာ ကင်မရာတွေ အသံဖမ်းစက်တွေကို ချပြီးတော့ သတင်းမယူပဲနဲ့ ထိုင်နေမယ်။ အဲဒီလို နေပြီး ပြန်မယ်လို့ အစီအစဉ်လုပ်ထားတာ။ အစီအစဉ်က ဘယ်လိုပြောင်းသွားလဲဆိုတော့ အထဲတွေ ဘာတွေ တချို့တ၀က်က ၀င်ပြီးပြီ။ တချို့ သတင်းထောက်တွေက မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ တီရှပ်ဝတ် လာတဲ့ သတင်းထောက်တွေကို ဦးဝိစာရလမ်းထိပ်က ပိတ်ပြီး အထဲကို ပေးမ၀င်ဘူး။ သူတို့ကိုပေးမ၀င်လည်း ငါတို့လည်း မ၀င်ဘူးဆိုပြီး ပြန်ထွက်လာတာ။ ပြန်ထွက်ပြီးတော့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဆိုင်းဘုတ်ရှေ့မှာပဲ ကျနော်တို့ အသံဖမ်းစက်တွေ ကင်မရာတွေချပြီးတော့ ဒါကို သတင်းမယူဘူးဆိုတဲ့ ဆန္ဒပြ ပြီး ပြန်လာခဲ့တယ်။” ဆန္ဒပြခဲ့ကြတဲ့ သတင်းသမားတွေဟာ နိုင်ငံခြားသတင်းဌာနနဲ့ ပြည်တွင်းသတင်းစာ ဂျာနယ်တိုက်တွေက သတင်းသမားတွေ ဖြစ်ကြတယ်လို့လည်း သူက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ကန်ထရိုက်တိုက် ပြန်ဆောက်ပေးရန် သင်္ကန်းကျွန်းဒေသခံများ တောင်းဆို

    ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်က စည်ပင်ကရပ်ဆိုင်းထားတဲ့ ကန်ထရိုက်တိုက်တွေ ပြန်ဆောက်ခွင့်ပေးဖို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။ သင်္ဃန်းကျွန်း (င၊က) ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၈ လလောက်က ရပ်ကွက်နေပြည်သူ ၁၀၀ ကျော်က ကန်ထရိုက်ဆောက်ဖို့ သဘောတူညီချက်နဲ့ တိုက်တွေကို စတင်ဆောက်ခဲ့တာဖြစ်ပြီး ဇွန်လမှာတော့ ရပ်ကွက်နေသူတချို့က အဲဒီတိုက်တွေဟာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်တယ်လို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် စည်ပင်သာယာရေးကော်မတီက စာကပ်ပြီး ရပ်ဆိုင်းခိုင်း ထားတာဖြစ်ပါတယ်။ ဆောက်လုပ်ဆဲ နေအိမ် ၁၂၆ လုံးက အိမ်ရှင်တွေက ပြန်ဆောက်ခွင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာပါ။ သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေသူ ဒေါ်စန်းမြင့်ကတော့ သူ့အိမ်မှာ စည်ပင်က ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အနီဖြုတ်ပြီး တိုက်ဆက်ဆောက်စေချင်တယ်လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • မဲရလဒ်ကြေညာမှု စိတ်ရှည်ကြရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

    လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနိုက သမ္မတလောင်းနှစ်ဦးကို သီးခြားစီတွေ့ဆုံပြီး တရားဝင်မဲရလဒ်တွေကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြဖို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို အရပ်ဘက်အေဂျင်စီတွေရဲ့ မဲရလဒ်တွေယူပြီး သမ္မတနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာနေကြတာဖြစ်ပါတယ်။ မဲရေတွက်ကြတဲ့ အရပ်ဘက် အေဂျင်စီအများစုကတော့ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို က ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုထက် မဲ နှာတဖျားအသာစီးရနေတယ်လို့ ဆိုကြပါတယ်။

    ဆက်ဖတ် ရန် ...
  • အီရတ်တွင် ကားဗုံးကွဲ၊ ၈ ဦး ဒဏ်ရာရ

    အီရတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ ရောထွေးနေတဲ့ ကာကတ်မြို့တောင်ပိုင်းမှာ ကားဗုံးခွဲမှုတခုကြောင့် အနည်းဆုံးလူ ၈ ဦး ဒဏ်ရာရပါတယ်။ အယ်လ်ဝါစစ်တီရပ်ကွက်ထဲက ကားဗုံးကြောင့် အနားက အိမ်တွေပျက်စီးပြီး ရဲကားတချို့ မီးလောင်ပျက်စီးပါတယ်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ အကြီဆုံး ကင်ဆာ အကြိတ် ကို ခွဲစိတ်ခဲ့

    ပုံမှာ မြင်တွေ့ နေရတဲ့ တရုတ် အမျိုးသား Yang Jianbin ဟာ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိတ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး မွေးကတည်းက တင်ပါးမှာ အကြိတ်ပါလာသူ ဖြစ်ပါတယ်။ အသက် ၁၂ နှစ်မှာ ကြီးမားတဲ့ ခွဲစိတ်မှု တစ်ခု ပြုလုပ်ပြီး အနည်းငယ်သာ ကျန်ခဲ့ ပါတယ်။ ဒါပေမယ့် အမြစ်မပျက်ပဲ ဆက်လက် ပွားများ လာတာကြောင့် ၂၀၁၄ ခုနှစ် မှာ ပုံတွင် မြင်ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာခဲ့ ပါတယ်။

    ဆက်ဖတ် ရန် ...
  • မလေးရှားမှာ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရ

    မလေးရှားနိုင်ငံမှာ ၃ ရက်အတွင်း မြန်မာနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတလောင်း ဂျိုကိုဝီ မဲအသာရနေ

    ဒီနေ့ ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို နေ့ချင်းပြီး ရေတွက်ပြီးချိန်မှာ ပြိုင်ဘက်ထက် ၅ ရာခိုင်နှုန်း ၀န်းကျင်နဲ့ မဲပိုရတယ်လို့ သမ္မတလာင်း ဂျာကာတာမြို့တော်ဝန် ဂျိုကိုဝီက ကြေညာပါတယ်။ “အခုအထိ ရလဒ်တွေကို ကြည့်ရင် ဂျိုကိုဝီနဲ့ ဂျေကေ (ဂျိုကိုဝီရဲ့ တွဲဖက် ဒုတိယသမ္မတလောင်း) တို့ အနိုင်ရနေပါတယ်” လို့ ဂျိုကိုဝီက ဂျာကာတာမှာ သတင်းထောက်တွေကို ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျပန်တွင် တိုက်ဖုန်းမုန်တိုင်းကြောင့် ၂ ဦး သေဆုံး

    နီအိုဂူရီလို့ နာမည်ပေးထားတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မှာ ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ တရုတ်ပင်မကျွန်းပေါ်ကို ဦးတည်နေပြီး မိုးသည်းထန်တာက အဓိက စိုးရိမ်စရာကိစ္စ ဖြစ်တယ်လို့ မိုးလေ၀သခန့်မှန်းချက်တွေက ဆိုပါတယ်။ အိုကီနာဝါမှာ မကြုံဖူးတဲ့ မိုးသည်းထန်မှုအတွက် သတိပေးထားပြီး မြစ်တွေရဲ့ တချို့ အစိတ်အပိုင်းတွေလည်း မြစ်ရေလျှံနေပါတယ်။ လူပေါင်း ၂ သိန်းလောက် အိုးအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွှတ်ရာမှာ နေကြဖို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကတော့ လူ ၅ သိန်းအထိ ဘေးလွှတ်ရာမှာ ရှောင်ကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်

    မြန်မာနိုင်ငံမြေပုံ အမှတ်အသားသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် အမှတ်အသားတစ်ခုဖြစ်၍ အဆိုပါ အမှတ်အသားကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးလျှင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေဖြင့် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံး တိုင်းဒေသကြီးဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

    ဆက်ဖတ် ရန် ...
  • မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ

    အသက် ၄၀ ကျော် အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်ပြီး တရားမဝင် လာရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်ရာတွင် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး ဇူလိုင် ၇ ရက်ညက မလေးရှားရင်း ဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူ ထံမှ အကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ် ကာငွေ အားလုံးကိုလည်း ယူဆောင် သွားကြသည်။

    ဆက်ဖတ် ရန် ...
  • ထိုင်း စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမွမ်း

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ချစ်ကြည်ရေး ခရီး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုင်းဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ိုရာပေါင် က လေဆိပ်တွင် ကြိုဆိုရေး အခမ်း အနားနှင့်တကွ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

    ဆက်ဖတ် ရန် ...
  • နိုင်ငံရေး လှည့်ကွက်ထဲတွင် အစ္စလာမ် ဘာသာဝင်များ စတေးခံဖြစ်နေရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်ပြော

    မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုသည် တည်ငြိမ်မှုမရှိဘဲ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ၎င်းမှာ နိုင်ငံရေး လှည့်ကွက်ဖြစ်ပြီး ထိုလှည့်ကွက်ထဲတွင် အစ္စလာမ်ဘာသာဝင်များမှာ စတေးခံများဖြစ်နေ ရကြောင်း ခလီဖွှဟ် ဦးသိန်းဝင်းအောင်က အမ်မီဒီယာကို ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမုန်းတရား ပြောဆိုရေးသားလှုံ့ဆော်မှုများ ရှောင်ရှားရန် သမ္မတ တိုက်တွန်း

    မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း စုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသား အားလုံး တဦးနဲ့ တဦး သဟဇာတ ရှိရှိ နေထိုင် ပူးပေါင်းဆောင်ရွက်မှ သာ တိုင်းပြည်တွင်း တည်ငြိမ်အေး ချမ်းမယ့်အကြောင်းနဲ့ မုန်းတီးမှု ဖြစ်စေမယ့် လှုံ့ဆော်မှုတွေ မလုပ်ကြဖို့ နိုင်ငံတ၀န်းလုံးကို ပုံမှန်လစဉ် ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ သမ္မတက ပြောကြားသွားတာပါ။ နိုင်ငံသားတွေအကြား အမုန်းတရားပွားစေမယ့် အပြုအမူ အပြောအဆို အရေးအသားတွေကိုလည်း လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • သွေးချို ရောဂါပျေက်ရန် ကိုယ်တိုင်လုပ် ဖျော်ရည်

    ဒါကြောင့် သွေးချိုဓာတ် လျော့ကျစေမယ့် ဖျော်ရည် ကိုယ်တိုင် ဖျော်သောက် နည်းကို မျှဝေ လိုက်ရ ပါတယ်။ 'ပန်းသီး စိမ်း၊ ကြက်ဟင်းခါးသီး တစ်တောင့်၊ သခွားသီး တစ်ပိုင်း၊ နံနံပင် နှစ်ပင် နဲ့ သံပရာသီ တစ်ခြမ်း' အစရှိတဲ့ အသီးအနှံများကို ကြိတ်လို့ ဖျော်ရည် အဖြစ် ဖျော်သောက် ရမှာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • မန္တလေးတိုင်း ၆ မြိ့နယ်တွင် ညမထွက်ရအမိန့်ထုတ်

    မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအမိန့် ကာဖျူးကို ဒီညနေ ထုတ်လိုက်တယ်လို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ကြက်သားစိမ်း ဆေးခြင်းက အစာအဆိပ်သင့်နိုင်ခြေကို မြင့်တက်စေ

    ကြက်သားကို မချက်ပြုတ်ခင်မှာ ဆေးကြောခြင်းကို လူအတော် များများ ပြုလုပ်ကြ ပါတယ်။ သို့သော်လည်း သုတေသီ များဟာ ဆေးကြောခြင်း အလေ့ အထက အစာအဆိပ် သင့်နိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထား ပါတယ်။ Campylobacter ဗက်တီးရီးယားဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။lmitable Vowel Syndrome သာမက ပြင်းထန်သော အရိုးအဆစ် ရောင်ရောဂါကို ဖြစ်စေပါတယ်။ အချို့သော လူများတွင် ခြေ၊လက်များကို ဖြတ်ပစ် ရသည်အထိ အခြေအနေ ဆိုးဝါးနိုင်ကြောင်း သုတေသနပြ ချက်များ အရ သိရှိရပါတယ်။

    ဆက်ဖတ် ရန် ...
  • မန္တလေးမြို့ ပြန်လည်တည်ငြိမ်

    ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဈေးချိုအနီး တစ်ဝိုက်တွင် ရပ်နား ထားသော မော်တော်ကား (၁၀)စီး ကားမှန် များရိုက်ခွဲခံ ရခြင်းနှင့် ဟိုင်းလတ်ကား တစ်စီး၏ ခေါင်းခန်း မီးရှို့ခံခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ပဋိပက္ခဖြစ်စဉ် များကြောင့် ဇူလိုင် ၁ ရက် ည ၁၁ နာရီခွဲက ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်တွင် လူနှစ်ရာခန့်က လူနေအိမ်များ၊ ကားများအား ဖျက်ဆီး ခဲ့သဖြင့်ရာဘာကျည်ဖြင့် မိုးပေါ်ထောင်ပစ် ဖောက်ခဲ့ ရကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • ဂျပန်အစိုးရ၏ စစ်ရေးပေါ်လစီကို မကျေနပ်သူတစ်ဦး တိုကျိုတွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြ

    ဂျပန်အစိုးရက စစ်အင်အား တိုးချဲ့ကာ နိုင်ငံတကာ မျက်နှာစာတွင် စစ်ရေးအရ ပိုမို ပါဝင်တော့မည့် အစီအစဉ် အပေါ် လူတစ်ဦးက ကန့်ကွက်ကြောင်း လူသွား လူလာများရာ တိုကျိုမြို့တော် ရှင်ဂျူကု ရထား ဘူတာရုံ နေရာတွင် ပြောကြား ခဲ့ကာ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့သဖြင့် ယနေ့ခေတ် ဂျပန်တွင် ရှားရှားပါးပါး အကြမ်းပ တမ်းနည်းဖြင့် ဆန္ဒပြခဲ့မှု တစ်ရပ် အဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း CBC သတင်း တစ်ရပ်က ဖော်ပြထားသည်။ အသက် ၅၀ နှင့် ၆၀ ကြား ရှိနိုင်သော အဆိုပါ အမျိုးသားသည် အလွန်ပြင်း ထန်သော ဒဏ်ရာများ ရရှိသွား ခဲ့ပြီး ယခုအခါ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း ရှင်ဂျူကု ရဲစခန်းမှ အရာရှိ ဒိုင်ဂျီကူဘိုတာက ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင် လက်မှတ်ထုတ်ပေးနေရာ မြန်မာလုပ်သား သုံးပုံ တစ်ပုံသာ လာလုပ်သေး

    မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက စမွတ်စခွန်(မဟာချိုင်)တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးနေရာ ဇွန်လ ၃ဝရက်က အလုပ်သမား ၁၈ဝဝ ကျော်နှင့် ဇူလိုင်လ ၁ ရက်တွင် အလုပ်သမား ၁၅ဝဝ ကျော် စုစုပေါင်း (၃၃ဝဝ)ကျော် လာရောက် လုပ်ဆောင်ရာတွင် မြန်မာအလုပ်သမား ၁ဝဝဝ ခန့်သာ ပါဝင်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် e-Visa စနစ်ကို သြဂုတ်လတွင် စမ်းသပ်အသုံးပြုမည်

    မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် အွန်လိုင်းမှ လျှောက်ထားနိုင်မည့် e-Visa စနစ်ကို သြဂုတ်လတွင် စတင်စမ်းသပ်ကျင့်သုံးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။

    ဆက်ဖတ် ရန် ...
  • အခြားနိုင်ငံများကို အင်အားအသုံးပြု ကျုးကျော်မည်မဟုတ်ဟု တရုတ်ပြော

    တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံရဲ့ အင်အားထောင့်တင်းလာမှုကို အသုံးချပြီး တခြားနိုင်ငံတွေအပေါ် ကျူးကျော်အနိုင့်ကျင့်မှုမျိုး ဘယ်တော့မှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံ၊ မြန် မာနိုင်ငံတို့နဲ့ ချုပ်ဆိုထားတဲ့ နိုင်ငံမကျူးကျော်ရေး၊ ၀င်ရောက်မစွက်ဖက်ရေး စာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားမှာ တရုတ်သမ္မတက အခုလို ပြောဆို ခဲ့တာဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

    ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆို ကို ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

    ဆက်ဖတ် ရန် ...
  • မလေးရှားတွင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရဟုဆို

    မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် တရာမဝင် အထောက် အထားမဲ့ မြန်မာဟု ဆိုသူ ၂၂ ဦး အပါအဝင် နိုင်ငံခြား သား ၂၇ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား သတင်း များတွင် ဖော်ပြသည်။ ၎င်းတို့ကို ပီနန်ပြည်နယ် ဘာတာဝတ်မြို့ရှိ Kampung Bagan Lebai Tahir အရပ်တွင် ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖမ်ဆီးခံရမှုတွင် ၄၀ ရက်သား ကလေးငယ် တစ်ဦး ပါဝင်ကြောင်း The Star သတင်း တစ်ရပ်တွင် ဖော်ပြသည်။

    ဆက်ဖတ် ရန် ...
  • ထိုင်းတွင် ၂ဝ၁၅ အောက်တိုဘာ ဝန်းကျင်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်ပြော

    ထိုင်းနိုင်ငံတွင် စစ်တပ်က မေလ ၂၂ ရက်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဆူပူအုံကြွမှုများ လပေါင်းများစွာ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံအား ပြန်လည် တည်ငြိမ်လာစေလိုသောကြောင့် အာဏာသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က အကြောင်းပြခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကင်ဆာရောဂါဖြင့် သေဆုံးရတော့မယ့် ကလေးကို ဆရာဝန် နှစ်ယောက်မှ ကပြဖျော်ဖြေပေးခဲ့

    ဒီအတွက် ထိုကလေးငယ် မသေဆုံးမီ အချိန် ပျော်ရွှင်စရာ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်စေရန် အလို့ငှာ ၎င်းကလေးငယ်၏ ရောဂါကို တာဝန်ယူ ကုသပေးသော ဆရာဝန် နှစ်ယောက်မှ ရီစရာ ပြကွက် တစ်ချို့ဖြစ် ကပြ ဖျော်ဖြေပေးခဲ့ ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင်မြင့်တင်ရေး ခေါင်းစဉ်ဖြင့် လန်ဒန်ဆရာတော် ဟောပြော

    အဆိုပါပွဲတွင် ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင်မြင့်တင်ရေး(Buddhist Chaplain)ကို ရန်ကုန်နာရေးကူညီမှု အသင်း၏ ဝန်ထမ်းများနှင့် စေသနာ့ဝန်ထမ်းများ အသုံးပြုသင့်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ

    အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ်သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

    ဆက်ဖတ် ရန် ...
  • စင်ကာပူဝန်ကြီးချူပ်မှ နိုင်ငံသား မွတ်စလင်များ အတွက် ရမသွာန် နှုတ်ခွန်းဆက် စကားပြောကြား

    ” စင်ကာပူမွတ်စလင်အတွက် ကောင်းခြင်းမင်္ဂလာရှိတဲ့ ရမသွာန် ဥပုသ်လမြတ် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။၊ ကျွန်တော့်အနေနဲ့ စင်ကာပူမွတ်စလင်မ်တွေထဲက အချို့ရဲ့ ဝါဖြေပွဲတွေကို ပါဝင်ဆင်နွဲဖို့ မျှော်လင့်စောင့်စားနေမိပါတယ်။ ” လို့ ၄င်းရဲ့ Facebook စာမျက်နှာ မှာ အင်္ဂလိပ်နှင့် မလေး ဘာသာစကား ၂ မျိုးနဲ့ ရေးသား ထားတာကို တွေ့ရှိရပါတယ်။

    ဆက်ဖတ် ရန် ...
  • မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ဂျပန် အရှေ့ပင်လယ်ကို ပစ်လွှတ်

    ပူးတွဲစစ်ဦးစီးချုပ်က မြောက်ကိုရီးယားနိုင်ငံ ၀မ်စံမြို့နားက ဒုံးကျည်လွှတ်တင်ရေး ဒေသကနေ ဇွန် ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်က ပစ်လွှတ်ခဲ့ပြီး ဂျပန်ပင်လယ်အရှေ့ဘက်ကို ဒုံးကျည်ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ်
We are All Zakzaky
No to deal of the century