$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အနောက်နိုင်ငံများရှိ လူငယ်များ အမည်ဖြင့် ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ၏ ဒုတိယမြောက် စာ

  • News Code : 723780
  • Source : ABNA
Brief


ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ် ဆယက်ဒ် အလီ ခါအေနာအီ ၏ ဒုတိယ အကြိမ် အနောက်နိုင်ငံများရှိ လူငယ်များ အမည်ဖြင့် အရေးကြီး စာ တစ်စောင်ကို ရေးသား သီးကုံးခဲ့ပါတယ်။ ၎င်းစာအပြည့်အစုံ ၏ ဘာသာပြန်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အလ္လာဟ်ဟို အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ထိုအရှင်သည် ရဟ်မာန် နှင့် ရဟီးမ် အရှင် ဖြစ်တော်မူ၏။

အနောက်နိုင်ငံများ ရှိ လူငယ်များ အားလုံးသို့

မျက်ကန်းအကြမ်းဖက်မှု ဟာပြင်သစ် နိုင်ငံ အတွက် ခါးသီးသည့် ဖြစ်ရပ်ဆိုး ကိုဖန်တီးခဲ့ပါတယ်။ ကျွန်တော် ကို နောက်တကြိမ် ထပ်ပြီး အသင်တို့ လူငယ်တွေ နှင့် စကား ပြောဆိုဖို့ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်အတွက် ဝမ်းနည်းစရာ အချက်ပါပဲ။ အကြောင်းကတော့ စကားပြောဆိုဖို့ အခုလို ဖြစ်ရပ်ဆိုး တွေ ဖြစ်ပြီးမှ ဖြစ်ရလိုပါပဲ။ သို့သော် အမှန်တရား တစ်ခု ကတော့ ကြောက်မက် ၊နာကျင် ဖွယ် ကိစ္စများ ၊စဉ်းစား တွေးခေါ်ဖြေရှင်း ဖို့ နည်းလမ်း အခြေအနေ ကို ဖြစ်ပေါ်စေခြင်း ၊နှင့် အတူ ဆွေးနွေး တိုင်ပင်ခြင်း အခြေအနေ ကို မဖြစ်စေခဲ့လျှင် နှစ် ဆ ဆုံးရှုံး ပျက်စီး မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ မည်သည့် နေရာ တွင်ဖြစ်ဖြစ် မှီတင်းနေထိုင်နေသည့် မနုဿလူသားတိုင်း၏ ဝမ်းနည်းပူဆွေးမှု ဟာ သူ့ အလို အလျှောက် အသွင်တူ အခြား လူသားများကိုလည်း ဝမ်းနည်းပူဆွေးမှုကို ဖြစ်စေပါတယ်။

ကလေးငယ်တစ်ယောက် ၎င်း၏ဆွေမျိုးများ အရှေ့တွင် အသက်ထွက်သွားလျှင် မိခင်တစ်ဦး သည် ၎င်း အိမ်၏ ပျော်ရွှင်မှု ကို ပူဆွေးဝမ်းနည်းမှု အသွင်ပြောင်း လိုက်ပေသည်။ ခင်ပွန်းသည် တစ်ဦး အနေဖြင့် မိမိ၏ အသက်မရှိတော့သည့် ဇနီး၏ ရုပ်ကလပ်ကို ထမ်းပြီး တစ်နေရာရာသို့ထွက်ပြေးနေ မယ် (သို့မဟုတ်) ကြည့်သူ အတွက် ၎င်း၏ မိနစ်အနည်းငယ် ပြီးနောက်ကုန်ဆုံးမည့် ဘဝ အတွက် နောက်ဆုံး ကြည့်ရမည့် မြင်ကွင်း ကိုကြည့်ဖို့ သွားနေသည်ကို ၎င်းမသိသည့် မြင်ကွင်းမျိုး သည် မြင်နေသူ၏ ခံစားရမှု များနှင့်လူ့စိတ် များကို မနိုးဆွပဲမဖြစ်နိုင်ချေ။ အကြင်မည်သူမဆို (နှလုံးသား တွင်) မေတ္တာတရား နှင့်လူစိတ် ရှိနေမည်ဆိုလျှင် ဤကဲ့သို့ မြင်ကွင်းများ ကိုတွေ့ မြင်ရပြီး နောက် ခံစားရမှု နှင့် ဝမ်းနည်း ကြေကွဲမှု ကို ဖြစ်စေပါတယ်။ ပြင်သစ်မှာပဲ ဖြစ်ဖြစ် ၊ပါလက်စတိုင်းမှာပဲ ဖြစ်ဖြစ် ၊အီရတ် ၊လက်ဘနွန် နှင့် ဆီးရီးယား မှာပဲ ဖြစ်ဖြစ် ၊ဖြစ်နေပါစေ (ခံစားရမှု နှင့် ကြေကွဲ ဝမ်းနည်းမှု ကို ဖြစ်စေပါတယ်။) ဧကန်မုချ သန်းပေါင်း ၁၅၀၀ ရှိတဲ့ မွတ်စလင်မ် များဟာ ဤခံစားမှု ကိုခံစားရပါတယ်။ (ဖြစ်ရပ်ဆိုး၊အကြမ်းဖက်မှု ကို) ဖန်တီးတဲ့သူတွေ လုပ်ဆောင်တဲ့သူတွေကိုလည်း မုန်းတီးရွံ ရှာ ရပါတယ်။

သို့သော် ဤကိစ္စ ၊ယနေ့ ဝမ်းနည်းပူဆွေးမှု ကိုမနက်ဖန် အတွက် ပိုမို ကောင်းမွန်မှု နှင့် လုံခြုံမှု အတွက် ဖန်တီး မှု ကိုမဖြစ်စေဘူးဆိုလျှင် ခါးသီးသည့် အဖြစ်ဆိုး ၊ ရလာဒ်မဲ့ ဖြစ်ရပ် အဖြစ်သာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ကျွန်တော်အနေဖြင့် အသင်တို့ လူငယ်လူရွယ်များ သာ ယနေ့ မပြောင်းလဲ မအောင်မြင်သေးမှုများ မှ သံဝေဂ၊သင်ခန်းစာ ယူပြီး အနာဂတ်အတွက် နည်းလမ်းအသစ် များ ဖန်တီး ပေးနိုင်မည်၊ အနောက်တိုင်းများ ဖန်တီးထားသည့် လက်ရှိ အခြေအနေ လမ်းလွဲလမ်းမှား (တယူ သန်မှုများ) ကို တားဆီး နိုင်စွမ်း ရှိသည်ဟု ယုံကြည်ပါတယ်။

မှန်ပါတယ် ။ယနေ့ အသင်တို့နှင့် ကျွန်ုပ်တို့ အတွက် နာကြင်မှု ကို အတူတူ ဖြစ်စေတာ အကြမ်းဖက်မှု ဆိုတာပါပဲ။ ဒါပေမဲ့ အသင်တို့ သိထားဖို့ အရေး လိုအပ်တာကတော့ အသင်တို့ မလုံခြုံမှု ၊ ပူဆွေး ဝမ်းနည်း ၊ကြေကွဲမှု ကို လတ်တလောတွေ့ကြုံ ခံစားရတာပါ။ ဤကဲ့သို့ (အဖြစ်မျိုး ) ဝမ်းနည်းမှုကို အီရတ်၊ယီမင် ၊ဆီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံသူ၊နိုင်ငံသားများဟာ နှစ်ပေါင်း များစွာခံ နေရ ပါတယ်။

အဓိက အခြေခံ ၂ချက်တော့ ကွာ ခြားနေပါတယ်။ ပထမအချက်ကတော့ အစ္စလာမ့် ကမ္ဘာ ဟာ အကွာအဝေး အရ အစပေါင်းမြောက်များစွာ မှာ ရှိနေပါ တယ်။ ထုထည်အားဖြင့်လည်း အဆပေါင်း များစွာ ရှိနေပြီး အချိန်ကာလ အရှည်ဆုံး စတေးမှု ၊အကြမ်းဖက်၊အရက်စက်ခံရမှု တွေကိုခံနေရ ပါတယ်။ ဒုတိယအချက်ကတော့ ဝမ်းနည်းဖွယ်ပါပဲ ။ ဤအကြမ်းဖက် ၊ရက်စက်မှုတွေ မှာ အမြဲ အချို့ အင်အားကြီး (နိုင်ငံ၊လူပုဂ္ဂိုလ်) တွေဖက်ကနေ နည်းလမ်းပေါင်းစုံဖြင့်ထိမိစွာ ထောက်ပံ့မှု ပေးနေခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် (မိမိ၏) လက်ရုံးတော် အလ်ကိုင်ဒါ ၊ တာလီဘန် နောက်၎င်း တို့ကဲ့သို့ အကြမ်းဖက် အစွန်းရောက် အဖွဲ့များကို ဖန်တီးတည်ထောင်ပေးခြင်း (သို့မဟုတ်) အားကောင်း အောင် ထောက်ပံ့ ခြင်း ကိုလုပ်ဆောင်နေသည့် အကြောင်း ကို ယနေ့ အချိန်အခါ မှာ မသိသူ နည်းပါလိမ့်မည်။(အများစု အသိပင်ဖြစ်ပါတယ်။) (အမေရိကန်ပြည်ထောင်စုဟာ) ဤကဲ့သို့ တိုက်ရိုက် ထောက်ပံ့ ကူညီနေပြီး ၊ အကျော်အမော် အကြမ်းဖက် သက်္ကဖီးရီးဂိုဏ်းများ ကို လူသိ ရှင်ကြား အကူအညီပေး ထောက်ခံပေး နေပြီး နိုင်ငံရေး လုပ်နေလျက် အနောက်တိုင်း မဟာမိတ် နိုင်ငံ များတွင် အမြဲ စာရင်းဝင်နေပါတယ်။ အမှန်တကယ် တော့ ဒေသခံ လူထုတွေ အကြား တွင် ထွက်ရှိလာသည့် ထင်ရှားပြတ်သား ဆုံး အတိုးတက်ဆုံး အတွေးအခေါ် များ ကို မေတ္တာ တရားမဲ့ စွာ ဖိနှိပ်နေကြပါတယ်။

ကမာ့္ဘ အစ္စလာမ် လောက တွင် ဖြစ်ပေါ်နေသည့် အစ္စလာမ် နိုးကြားမှု နှင့်ပတ်သက်ပြီး အနောက်နိုင်ငံ တို့၏ မျက်နှာ နှစ်ခွ နိုင်ငံရေး ဆက်ဆံမှု သည် အနောက်နိုင်ငံများ၏ ပေါ်လစီ များတွင် (အပြောနှင့် အလုပ် ) မတူ ညီမှု ရှိကြောင်း ပြသနေသည့် ထင်ရှားသည့် သက်သေ အထောက်အထား သာဓက ဖြစ်ပါတယ်။ ဤမတူညီမှု ၏ အခြား အသွင်တခု ကို အစ္စရေး အစိုးရ ၏ အကြမ်းဖက် မှု အဖြစ် တွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။ နှိပ်စက်၊ ညှဉ်းပန်း ၊ရက်စက်မှု ကို ခံနေရသည့် ပါလက်စတိုင်းပြည်သူများ အနေဖြင့် နှစ်ပေါင်း ၆၀ ကျော် အဆိုးတကာ အဆိုးဆုံး (အစ္စရေးတို့၏) အကြမ်းဖက် အစွန်းရောက်မှု ကို လက်တွေ့ ခံ နေကြပါတယ်။

အကယ်၍ ဥရောပ တိုက်သားများ ယနေ့ ရက်အနည်းငယ် အတွက်မိမိတို့ နေအိမ် များတွင် ခိုလုံ နေကြမယ် ၊ လူဦးရေ ထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ် ကြမယ်ဆိုလျှင် ပါလက်စတိုင်း နိုင်ငံသား မိသားစု တစ်ခု ဟာ ၁၀ နှစ်မက ယုတ်စွ မိမိ၏ နေအိမ်တွင်လည်း ဆိုက်ယူနစ် အစိုးရ (ဇီယွန်ဝါဒီ အစိုးရ ) သတ်ဖြတ်မှု ၊ဖျက်စီးနေမှု စက်များ ရဲ လုံခြုံမှု ကို မရရှိပဲ ရှိနေပါတယ်။

ယနေ့ ဘယ်လို အကြမ်းဖက်မှုမျိုး အစွန်းရောက်မှုမျိုး ကို ဆိုက်ယူနစ် အစိုးရ (ဇီယွန်ဝါဒီ အစိုးရ ) ၏ မြို့ ပြ တည်ဆောက်မှု များ (တရားမဝင် ပါလက်စတိုင်းပိုင်မြေ များတွင်အိမ်ယာ တည်ဆောက်ခြင်း) နှင့် ခိုင်းနှိုင်း လို့ ရပါသနည်း ? ဤ ဆိုက်ယူနစ်အစိုးရ ဟာ မိမိရဲ့ အရေးပါ မဟာမိတ်များ (သို့မဟုတ် ) အပြင်ပိုင်းအရ ကိုယ်ထူကိုယ်ထ စနစ်ကျင့်သုံးနေသည့်ဟု မြင်ရသည့် ကုလသမ္မဂ္ဂအဖွဲ့အစည်းများ ၏ အလေးထား ဂရုပြုမှု ကို မခံရဘဲ ၊ ဝေဖန်ရှုံ့ချမှု ကို မခံရဘဲ နေ့စဉ်နေ့တိုင်း ပါလက်စတိုင်း တို့၏ နေအိမ်များ ၊ လယ်ယာ၊ခြံမြေ များ ကို ဖျက်စီး နေကြပါတယ်။

ယုတ်စွ ၎င်းတို့ကို ဘဝတည်ဆောက်ဖို့လိုအပ်သည့်ပစ္စည်းများ ပြောင်းရွေ့ ဖို့ နှင့် ကောက်ရိတ် ချိန် အတွက် အခွင့်အရေးလေးတောင် မပေးကြချေ။ ဤကိစ္စတွေ ဟာ ယေဘုယျအားဖြင့် အမျိုးသမီးများ ကလေးငယ်များ ၏ မျက်ရည်ပြည့်နေသည့် မျက်စိ များရှေ့တွင် ဖြစ်တာဖြစ်ပါတယ်။ မိမိတို့ မိသားစု ဝင်များကို ရိုက်နှက်မှု ၊ဒဏ်ရာရအောင် လုပ်ခံရမှုနှင့် တစ်ခါတစ်ရံ ထောင်သွင်း အကျဉ်းချမှုတွေ ကို မျက်မြင်တွေ့  နေရပါတယ်။

ယနေ့ကမ္ဘာပေါ် မှာ ဤမျှကြီးမားသည့် အတိုင်းအတာ ပမာဏနှင့်ဆက်တိုက်ပြုလုပ်နေသည့် မတရား အကြမ်းဖက် အနိုင်ကျင့်မှု အသင်တို့ မသိပါသနည်း ? ခေါင်းကနေခြေအထိ လက်နက်တွေ တပ်ထား တဲ့ (အစ္စရေး ) စစ်သား ၏ အရှေ့ မှာ စောဒကလေးတက်မိသည့် ပြစ်မှု ဖြင့် လမ်းလယ်ခေါင် မှာ အမျိုးသမီး တစ်ဦးကို သေနတ်နှင့် ဇာပေါက်ဖြစ်အောင် ပစ်သတ်လိုက်မှု ဟာ အကြမ်းဖက် အစွန်း ရောက်မှု မဟုတ်ရင် ဘယ်အရာ ဖြစ်ပါသနည်း ?

ဤရိုင်းစိုင်းယုတ်မာ လူမဆန်မှု ၊နယ်ချဲ့ အစိုးရ တစ်ခု ၏ စစ်သားတွေ လုပ်နေတာကို အစွန်းရောက်မှု အကြမ်းဖက် လူမဆန်မှု ဟု မပြောသင့်ပါသလား ? သို့မဟုတ် ဤလုပ်ရပ်တွေ ဟာ နှစ်၆၀ လောက် ရုပ်မြင်သံ ကြား ဖန်သားပြင်မှ တွေ့တွေ့နေရလို့ ကျွန်ုပ်တို့၏ နှလုံးသားတွေ မထိတော့ တာလား ?

မကြာသေးမီ နှစ်များ အတွင်းအစ္စလာမ်ကမ္ဘာအပေါ် (မဟာမိတ်) စစ်တပ်များနှင့် နှိမ်နင်းမှု ကြောင့် မရေ မတွက်နိုင်သည့် အသက်များ စတေးခဲ့ရပါတယ်။ အနောက်နိုင်ငံများ၏ (အပြောနှင့် အလုပ်) မတူညီမှု ကို ထင်ရှားစေသည့် သာဓက နောက်တစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်မှု ခံရသည့် နိုင်ငံတွေမှာ အသက် ဆုံးရှုံးမှုများ အပြင် မိမိတို့၏ စီးပွားရေး နှင့် စက်မှုလက်မှု ဆိုင်ရာများကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။

၎င်းတို့၏ တိုးတက်ဖွံ့ဖြိုး မှုကို အဟန့်အတား ဖြစ်စေပါတယ်။ (သို့မဟုတ်) နှောင့်နှေးမှု ကို ဖြစ်စေပါ တယ်။ ဤကဲ့သို့ ဖြစ်နေတာတောင် စော်ကားသည့် လေသံ ဖြင့် မိမိကိုယ့်ကို အနှိပ်စက်ခံရသူများ လို မထင်နေကြပါနှင့်ဟု အပြောလည်းခံ ရပါတယ်။ နိုင်ငံ တစ်နိုင်ငံ ကို လွင်တီး အသွင်ဖြစ်အောင် ပြုလုပ်မည်၊(၎င်းနိုင်ငံ၏) မြို့များ ရွာများ ကို ဖျက်စီး မည်ပြီးနောက် ခင်ဗျားတို့တတွေ ကျေးဇူးပြုပြီး မိမိကိုယ့်ကို အနှိပ်စက်ခံရသူများ လိုမပြောကြပါနှင့်လို့ ပြောတာ ဖြစ်နိုင်ပါသလား ?

နားလည်ဖို့မလိုရန်နှင့် အဖြစ်ဆိုးများကိုမေ့ ပစ်ဖို့ မေတ္တာ ရပ်ခံမည့် အစား မှန်မှန်ကန်ကန် ဝန်ချ တောင်းပန် မှု ပြုတာ ပိုပြီးတော့ မကောင်းပါသလော? ဤနှစ်များ အတွင်း အစ္စလာမ်ကမ္ဘာ ကို တိုက်ခိုက်နေသူများ၏ မျက်နှာ နှစ်မျိုး နှင့်အရောင်ဆိုးထားမှု ကြောင့်ခံစားနေရသည့် ပူဆွေး သောက သည် ပစ္စည်းဥစ္စာ ဆုံးရှုံး မှုများထက်မနည်းချေ။

ချစ်ခင် လေးစားရပါသော လူငယ်လူရွယ်များ ခင်ဗျား ၊ အသင်တို့တတွေ လက်ရှိ (သို့မဟုတ်) အနာဂတ် မှာကောက်ကျစ် လှည့်ဖျားမှုတွေနှင့် အရောင်ဆိုးခြင်းကိုခံလိုက် ရသည့် အသင်တို့ စိတ်ဓာတ်များ ကို ပြောင်း လဲ နိုင်ကြ လိမ့်မည်ဟု မျှော်လင့်မိပါတယ်။

(ပြုပြင်မည်ဟု မျှော်လင့်သည့် စိတ်ဓာတ် ဆိုသည်မှာ) ရည်ရွယ်ချက်များ ကိုဖုံးကွယ် ထားသည့် မကောင်း သည့်ရည်ရွယ်ချက် များ ဖြင့်တန်ဆာ ဆင် ထားသည့် ဓိတ်ဓာတ် ဖြစ်ပါတယ်။

ကျွန်တော် အမြင်အရ လုံခြုံငြိမ်ဝပ် ပိပြား မှု နှင့် ငြိမ်းချမ်းမှု အတွက် ပထမ ဆုံး ခြေလှမ်း မှာ အကြမ်းဖက် သည့် အတွေးအခေါ် စိတ်များ ကို ပြုပြင် ပြောင်းလဲ ဖို့ ဖြစ်ပါတယ်။ အနောက်နိုင်ငံများ၏ နိုင်ငံရေး အသွင်နှစ်မျိုး (အပြောနှင့်အလုပ် မညီခြင်း) အားကောင်းနေသ၍ အကြမ်း ဖက် အစွန်းရောက်မှု ဟာလည်း ၎င်းတို့ ကို ထောက်ပံ့သူများ ၏ အမြင်တွင် အကောင်း နှင့် အဆိုးဟူ၍ ခွဲခြားထားပေမည်။ အစိုးရများ၏ အကျိုးအမြတ် ကို မနုဿလူသားများ၏ တန်ဖိုး နှင့် စာရိတ္တ ထက်ပို၍ ဦးစားပေးနေသ၍ အကြမ်းဖက်မှု အစွန်းရောက်မှု ၏ ပင်မ အရင်း အမြစ် ကို အခြားနေ ရာတွင် သွားရှာဖွေ နေစရာ မလိုတော့ပါ ။

ဝမ်းနည်းဖွယ်ပင် ။ ဤ အရင်းအမြစ်တွေ ဟာ နှစ်ပေါင်းများစွာ အဆင့်လိုက် အနောက်တိုင်း ယဉ် ကျေးမှု မူဝါဒများ လွမ်းမိုးသွားပါပြီး။ ယဉ်ကျေးမှုဆိုင်ရာကျူးကျော်မှု တစ်ခု ၊ အသံမထွက်မှု အတွက် လမ်း ပေးသလို ဖြစ်သွားပါပြီး ။ ကမ္ဘာပေါ် ရှိနိုင်ငံ အမြောက်အများ ဟာ မိမိတို့ ဒေသခံ ၊လူမျိုး ဆိုင်ရာ ယဉ်ကျေးမှု အပေါ် ဂုဏ်ယူကြပါတယ်။ ယဉ်ကျေးမှု များဟာ ခိုင်မာမှု ၊ ပြန့်ပွားမှု နှင့် အတူ နှစ်ပေါင်း ရာ နှင့် ချီ ပြီး လူသားတွေ၏ ပတ်ဝန်းကျင် မှာ ကျင်လည်နေတာ ဖြစ်ပါတယ်။ အစ္စလာမ့် လောက ဟာလည်း ဤကိစ္စ နှင့်ဆက်နွယ် ပြီး သီးသန့် မဟုတ်ပါဘူး ။

သိုသော်လည်း လက်ရှိခေတ်ကာလတွင် အနောက်နိုင်ငံ လောက မှ တိုးတက်ခေတ်မှီဆန်းသစ် သည့် စက် ပစ္စည်း ကိရိယာ များကို အသုံးပြု ပြီး ကမ္ဘာ့ ယဉ်ကျေးမှုများ ကို ပုံတူဖြစ်အောင် အသွင်တူ ဖြစ်အောင် ရုန်းကန်နေကြပါတယ်။ ကျွန်တော် အနေဖြင့် အနောက်တိုင်း ယဉ်ကျေးမှုကို အခြား လူမျိုးစု များ ၏ ယဉ်ကျေးမှု အပေါ်လွမ်းမိုးခြင်း နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုကို အထင်အမြင်သေး ခြင်း ကို အစွန်းရောက် အကြမ်းဖက်မှု နှင့်အလွန်တရာ ကြီးမားသည့် အန္တရာယ် ဟု သတ်မှတ်ပါတယ်။

ကြွယ်ဝသည့် ယဉ်ကျေးမှုများ ကို အဖိုးမဲ့ အထင်သေး မှုပြုခြင်း ၊အလွန်တရာလေးစား ရိုသေ ဖွယ် ကောင်းပြီး အစားထိုးလို့ မရ သည့် ယဉ်ကျေးမှုများ ကို စော်ကား ခြင်း ပြုလုပ်နေပါတယ်။ သာဓက အားဖြင့် အရာနှစ်ခု ဖြစ်သည့် (ငြိမ်းချမ်းမှုကိုဖောက်ဖျက်ခြင်း ) နှင့် (အထိန်းအကွပ်မဲ့ စာရိတ္တ ) ဟာ ဝမ်းနည်း စွာ ဖြင့်အနောက်တိုင်း ယဉ်ကျေးမှု ၏ အဓိက အခြေခံ ကြသည့် အရာတွေ ဖြစ်ကုန်ပါပြီး ။ ၎င်း၏ အောင်မြင်မှု နှင့်နေရာဟာလည်း ယုတ်စွ ပင်မအရင်းအမြစ် ဟာလည်း ကျဆင်းခဲ့ပါတယ်။

ယခု မေးစရာ မေးခွန်းက ဤကဲ့သို့ ဖြစ်ပါတယ်။အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် အကြမ်းဖက်လိုသည့် မယဉ်ကျေး မသိမ်မွေ့ သည့် နာမ်ပိုင်းအရ အသက်မပါသည့် ယဉ်ကျေးမှု ကို လက်မခံပါဘူး ။ဒါဆို ကျွန်ုပ်တို့ အပြစ်ရှိသူတွေ ဖြစ်သွားပြီးလား ? အကယ်၍ ကျွန်ုပ်တို့အနေဖြင့် အနုပညာ အသွင်ပုံစုံ မျိုးစုံ နှင့် ကျွန်ုပ်တို့ လူငယ်လူရွယ်တွေကို အကြီးအကျယ် ဖျက်စီး စေမည့် ယဉ်ကျေးမှုတွေကို အဟန့် အတား ၊အတားအဆီးလုပ်တာ ကော် အပြစ်ရှိပါသလား ?    ကျွန်ုပ် အနေဖြင့် ယဉ်ကျေးမှု တစ်ခု ၏ အရေးပါ အရာ ရောက်မှု ၊ တန်ဖိုးရှိမှု ကို လက်သင့် မခံတာ မဟုတ်ပါဘူး ။                                                                                                                                                               

ဤဆက်နွယ်မှုများ ဟာ သဘာဝ စည်းမျည်းစည်းကမ်း အတိုင်းရှိနေသမျှ နှင့် ဧည့်ဝတ် ကျေသည့် ပတ်ဝန်း ကျင် ၏ ရိုသေ လေးစားမှု ကို ရရှိနေသ၍ တိုးတက်မှု ဖွဲ့ဖြိုးမှု ၊တန်ဖိုးများမှု ကို ဖြစ်ထွန်းစေ ပါတယ်။ ဆက်နွယ်မှုများဟာ ၎င်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေမည်ဆိုလျှင် အချိုးအဆ မရှိမှု ၊ သောင်းပြောင်း ထွေးလာရှုပ်ထွေး မှု ၊ မအောင်မြင်မှု ၊ ဆုံး ရှုံးမှုတွေ နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အလွန်တရာ ဝမ်းနည်းစွာဖြင့် မလွဲ မသွေ ပြောရမည်ဆိုလျှင် နိမ့်ကျ၊ညံ့ဖျင်းသည့် အုပ်စုများ ဥပမာ ISအဖွဲ့ ဟာ ဤကဲ့သို့သော် မအောင်မြင်သည့် ယဉ်ကျေးမှုများနှင့် ခံယူချက် ပေါင်း၍ ဖြစ်ထွန်း လာခြင်း ဖြစ်ပါတယ်။

အကယ်၍ အမှန်တကယ် ယုံကြည်မှု ဆိုင်ရာပြဿနာကြောင့် ဆိုလျှင် ကိုလိုနီ ခေတ် မတိုင်မှီ ကတည်း က အစ္စလာမ်ကမ္ဘာ လောက တွင် ဤကဲ့သို့ သော် အုပ်စု တည်ရှိနေမည် ဖြစ်ပါတယ်။ တကယ်တော့ သမိုင်း က ဆန့် ကျင်ဖက် သက်သေခံ နေပါတယ်။ ငြင်းမရသည့် အမှန်တရားများ ကိုပြဆိုနေသည့် သမိုင်းအထောက်အထားအရ အထင်အရှား သိရပါတယ်။ သဲကန္တာရ နေလူမျိုးစု အတွင်း အစွန်းရောက် ၊စက်ဆုပ်ဖွယ် အတွေးအခေါ် တွေကြောင့် ကိုလိုနီစနစ် မှ ဤ ဒေသတွင် အကြမ်းဖက်မှု အစွန်းရောက်မှု ကို ဖြစ်စေခဲ့ပါတယ်။

ဤကဲ့သို့ မဟုတ်ပါကဖြစ်နိုင်မည်နည်း၊ ကမ္ဘာပေါ်တွင်စာရိတ္တကောင်း အရှိတကာ အရှိဆုံး ၊ နှင့် မနုဿ လူသား ပေါ်မေတ္တာ တရား အထားဆုံး ဘာသာ၊(ဤ)သာသနာ၏ အခြေခံအုတ်မြစ် စာတွင် မနုဿ လူသား တစ်ဦးကို သတ်ဖြတ်ခြင်းသည် မနုဿလူသား အားလုံး ကို သတ်ဖြတ်ခြင်းနှင့် အတူတူဖြစ်ကြောင်းပြဆို ထား လျက် IS ကဲ့သို့ အမှိုက်ထွက်လာရပါသနည်း ?

အခြားတဖက်တွင်ဤ မေးခွန်းကိုလည်းမေးသင့်ပါတယ်။ ဥရောပတိုက်မှာ မွေးတဲ့သူတွေ ၊ ထိုပတ် ဝန်းကျင်မှာအတွေး အခေါ် ပိုင်းနှင့် နာမ်ပိုင်းအရ ကြီးပြင်းလာတဲ့သူတွေ ဤကဲ့သို့သော် (အစွန်း ရောက်) အုပ်စုများဖက်သို့ ဆွဲဆောင်ခြင်း ခံရပါသနည်း ? စစ်ဖြစ်ပွားနေသည့်နေရာ ကို တစ်ကြိမ် နှစ်ကြိမ် ခရီးထွက်ဖူးသူများ အနေဖြင့် ယုတ်တရက် တနိုင်ငံသားအချင်းချင်းကို ကျည်ဆံမိုးရွာ သွန်းရသည့် အထိ အစွန်းရောက် အကြမ်းဖက် ဖြစ်သွားတယ်ဆိုတာ ယုံလို့ ဖြစ်ပါသလား ?

အစွန်းရောက်အကြမ်းဖက်မှု ကြောင့် ဖြစ်ပေါ် လာသည့် ပတ်ဝန်းကျင်တွင် ဘဝတစ်ခု လုံးတည် ဆောက်ခြင်းနှင့် ပျက်စီးချွတ်ယွင်းနေသည့် ယဉ်ကျေးမှု ၏ အာနိသင့် ကြောင့် ဖြစ်လာရတယ် ဆိုတာကို လုံးဝ မမေ့သင့်ချေ။ ဤကိစ္စ အတွက် မလွဲမသွေ ပြည့်စုံသည့် ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမှု ကိုပြုရမည် ဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမှု ဟာလည်း ပတ်ဝန်းကျင်၏ မသန့်ရှင်းမှုများ ၊လှို့  ဝှက်ချက် ကို ဖော်ထုတ်ပေးတာ ဖြစ်ဖို့ လိုပါတယ်။

ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စက်မှု လက်မှု နှင့်စီးပွားရေးဆိုင်ရာ ကိစ္စများတွင် နှစ်ပေါင်းများစွာ မတူညီ မှုများ ၊ တစ်ခါတစ်ရံ ဥပဒေလမ်းကြောင်းအရ ဆက်ဆံမှုများ ကြောင့် အနောက်တိုင်း ပတ်ဝန်း ကျင် ရှိ အချို့ အသိုင်းအဝိုင်း၏ နှလုံးသားတွင် နက်ရှိုင်းသည့်မုန်းတီးမှု နေရာယူလာပြီး တဖြည်းဖြည်း ရောဂါ အသွင်ဆောင်လာ ကာ ဤ အခြေအနေ အထိ ရောက်လာ ရပါသည်။

မည်သို့ဆိုစေ မလွဲမသွေ အသင်တို့လူငယ်လူရွယ်များသာ မိမိတို့ ပတ်ဝန်းကျင်၏ မျက်မြင် အလွှာ အထပ်ထပ် ကို ခွာထုတ်ရပါမည်။ အထုံးတွေကိုဖြေပေးရမည်၊ရန်အငြိုးအတေးများကို ရှင်းလင်းပေး ရပါမည်။ ပေါက်ပြဲမှုများ ကို ပိုမို ပြီးပေါက်ပြဲ အောင်မပြုပဲ ၊ မလွဲမသွေ ဖာတေး ပေး နိုင်ရပါမည်။ အကြီးမားဆုံး မှားယွင်း မှုမှာ အကြမ်းဖက်အစွန်းရောက်မှု ကို ကတိုက်ကရိုက်နည်းဖြင့် တော်လှန် ခြင်း ဖြစ်ပါတယ်။ဒါကြောင့်လက်ရှိကျိုးပဲ့၊အဆင်မပြေမှုများကို ပိုမိုတိုးပွားစေပါတယ်။

သည်းထိတ်ရင်ဖို လုပ်ရပ်တိုင်း နှင့် အလျင်လိုမှု တိုင်း ဟာဥရောပ နှင့်အမေရိကန်တွင်နေထိုင် နေကြ သည့် မွတ်စလင်မ် သန်းပေါင်းများစွာသော်အရေ အတွက်ဖြင့် လှုပ်ရှားနေသူနှင့် တာဝန်ခံ များ အတွက် အထီးကျန်မှု (သို့မဟုတ်) ထိန်လန့်မှု နှင့် စိုးရိမ်မှု ကို ဖြစ်စေပါတယ်။

အတိတ်တွင်လည်း ၎င်းတို့၏ ပင်မ အခွင့်အရေး များမရဘဲ နေခဲ့ရပြီး ဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ လည်း ဘေးဖယ်ခြင်းကို ခံခဲ့ရကြပါတယ်။ ပြဿနာကို သီးသန့် ဖြေရှင်းတာ မမည်တော့ဘဲ အကွာ အဝေး များကို ပို မိုဝေးကွာ အောင် အငြိုးအတေးများကို ပို၍ ကြီးထွား အောင် ပြုရမည် သွားလိမ့် မည်ဖြစ်ပါတယ်။

အပေါ်ယံ ဆောင်ရွက်မှု နှင့် တုံ့ပြန်မှု ဟာ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးလမ်းကြောင်း အရပင် ဖြစ်ပါစေ လုပ်ဆောင်လျှင် ရလာဒ် ဟာ လက်ရှိ အနိုင်ခံနေရမှု များကို တိုးပွားစေခြင်းနှင့် အနာဂတ် လမ်း အတွက် ကပ်ဆိုက်မှုများကို စီစဉ်ပေးခြင်း ဖြစ်သွားပါမည်။ မည်သည့် အကျိုးအမြတ်မှ ရလိမ့်မည် မဟုတ်ချေ။

သတင်းအထောက်အထားများအရ အချို့ ဥရောပ နိုင်ငံများတွင် မြို့သူမြို့သားများ ကို မွတ်စလင်မ် ဆန့်ကျင်ရေး ကိစ္စ အတွက်စုံထောက်တာဝန်ယူရန် ဥပဒေပါ ပြဋ္ဌာန်းထားကြောင်း သိရှိရပါတယ်။ ဤလုပ်ရပ်များသည် ရက်စက်ညှဉ်းပန်းမှု ဆန်သည့် လုပ်ရပ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သိထားရမည့်အချက်မှာ ရက်စက်ညှဉ်းပန်းမှုသည် လိုလားသည် ဖြစ်စေ ၊ မလိုလား သည် ဖြစ်စေ ပြုသူ ဖက် ပြန်လှည့် မည် ဆိုသည့် အချက်ပင် ဖြစ်ပါတယ်။

ထို့ပြင်မွတ်စလင်မ် များ ကျေးဇူးတရား မသိတတ်သူများ မဟုတ်ကြပါ။ ကမ္ဘာကြီးတစ်ခုလုံးနှစ်ပေါင်း ရာ နှင့်ချီ ပြီး မွတ်စလင်မ် များကို ကောင်းကောင်းသိကြပါတယ်။ ထိုခေတ်အခါကလည်း အစ္စလာမ့် မြေမှာ အနောက်တိုင်းသားတွေ ဧည့်သည်အဖြစ် ဘဝတည်ဆောက်ခဲ့ကြပြီး အိမ်ရှင်၏ စည်းစိမ်း များ ကို မျက်စိကြခဲ့ကြပါတယ်။ ယခုခေတ်ကာလ တွင်လည်း အိမ်ရှင်ဖြစ်နေကြပြီး မွတ်စလင်မ်များ၏ ဝန်ဆောင်မှုနှင့် အတွေးအခေါ် ကို အကျိုးထုတ် အသုံးချနေကြပါတယ်။ ၎င်းတို့အနေဖြင့် အများအား ဖြင့် မေတ္တာတရား နှင့် သည်းခံမှုတရား ရှိတာကိုသာ တွေ့မြင်ခဲ့ကြရပါတယ်။

ဤအတွက်ကြောင့် ကျွန်တော်အနေဖြင့် အသင်တို့ လူငယ်လူရွယ်များထံ မေတ္တာ ရပ်ခံလိုပါတယ်။ စစ်မှန် သည့် သေချာမှန်သည့်အပေါ်သာ အခြေခံခြင်း ၊ နက်ရှိုင်း၊လေးနက်သည့် အမြင် ၊ခါးသည်း သည့် အတွေ့ အကြုံများမှ သင်ခန်းစာ ၊သံဝေဂယူခြင်း ၊ မှန်ကန်သင့်လျော်ပြီးအပြန်အလှန် ရှိသည့် အခြေခံများ ၊ အရှက်သိက္ခာ ရှိစွာ နှင့် အစ္စလာမ် ကမ္ဘာ နှင့် ဆက်ဆံမှုပြုရန် ဖြစ်ပါတယ်။

ဤကဲ့သို့ ပြုလုပ်မည်ဆိုလျှင် များမကြာခင် အနာဂတ်တွင် ဤကဲ့သို့သော် အခြေခံ ရလာဒ်ကို အခြေပြု တည်ဆောက်ထားသည့် အဆောက်အဦး ဟာ မိမိတို့ ဗိသုကာများ၏ ခေါင်း ကို ယုံကြည်စိတ်ချမှု ၊ လုံခြုံ မှုဆို သည့်အရိပ်နှင့် မိုးထားတာကို တွေ့ ရပါလိမ့်မည်။၎င်းတို့ကို ငြိမ်ဝပ်ပိပြားမှု နှင့် သက်သာ မှု ကို လက်ဆောင်အဖြစ်ပေးမှာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ပေါ် မှာ အနာဂတ်ကို ထိန်လင်းစေမည့် မျှော်လင့်ချက် ကို လင်းလက်စေမှာ ဖြစ်ပါတယ်။

ဆယက်ဒ် အလီ ခါမေနာအီ

နိုဝင်ဘာလ ၂၉ ရက်နေ့ ၊၂၀၁၅ ခုနှစ်

………………………………


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*