အီဂျစ် နိုင်ငံ၏ အကျော်အမော် ကျမ်းတော်မြတ် ကုရ်အာန် ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် အလ္လာဟ် အမိန့်တော် ခံယူ

  • News Code : 733558
  • Source : ABNA
အီဂျစ် နိုင်ငံ၏ အကျော်အမော် ကျမ်းတော်မြတ် ကုရ်အာန် ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် သည် အသက် ၇၇ နှစ် အရွယ်တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အလ်ဝေဒါ သတင်းဌာန ၏ သတင်း အထောက်အထား အရ အီဂျစ် နိုင်ငံ၏ အကျော်အမော် ကျမ်း တော်မြတ် ကုရ်အာန် ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် သည် ကြာသပတေးနေ့ မနက်ပိုင်း အချိန် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူခဲ့ပါတယ်။၎င်း ၏ အသက်မှာ ၇၇ နှစ် ဖြစ်ပါ တယ်။

မရ်ဟွန်မ် ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ်

လွန်ခဲ့သည့် လ အချို့ ကတည်းက ၎င်း၏ အခြေအနေမှာစိုးရိမ် ရသည့် အခြေအနေ ဖြစ်ပါတယ်။

ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် သည် ခရစ် သက္ကရာဇ် ၁၉၃၉ခုနှစ် တွင် အီဂျစ်နိုင်ငံ အနောက်ပိုင်း သန်သါ ပြည်နယ် ရှိ ဗရ်မာ အမည် ရှိ ကျေးရွာ တွင် မွေးဖွားခဲ့သူဖြစ်ပါတယ်။ ၎င်း အနေဖြင့် လူငယ် ဘဝတွင် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး ကို အာဂုံဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၁၆ နှစ်သား အရွယ်တွင် အစီအစဉ် အမျိုးမျိုး တွင် ကျမ်းတော်မြတ် ကုရ်အာန် ရွတ်ဖတ်ပေး ခြင်း ကို စတင်ခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ်တွင် အီဂျစ် နိုင်ငံ ၏ ရေဒီယို နှင့် ရုပ်မြင်သံကြားဌာန တို့ မှ ၎င်း ၏ သေလာဝသ် သေ ကုရ်အာန် ကို ထုတ်လွှင့်ပေးခဲ့ကြပါတယ်။

၎င်း အနေဖြင့်လည်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိ မြို့ များတွင်လာရောက် သေလာဝသ် ပြုခဲ့ပြီး အီရန် ပြည်သူ လူထု ၏ အားပေး ကျေနပ်မှု ကို ရယူခဲ့သူ ဖြစ်ပါတယ်။

ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် အနေဖြင့် အီရန် နိုင်ငံသား ကာရီများ နှင့်ပတ်သက်ပြီး အနာဂတ် ကောင်းကြောင်း၊ အသံနေအသံထား ၊ အသံသွား အသံလာ ၊သဂ်ျဝီးဒ် တို့တွင် အလွန် ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်ကေလာဗ် နှင့် မရ်ဟွန်မ် ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ်

ကာရီ ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် ကို ၎င်း၏ မွေးရပ် ဇာတိ မြေ တွင်မနေ့ က ဒဖ်နာခဲ့ပါတယ်။

ရာဂေဗ် မွတ်စ်တဖွာ ဂလူရှ် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုအချစ်ထားသူဖြစ်ပြီး အာယသ် သေ သသ်သဟီး ကို အံ့သြဖွယ် အနေအထား ဖြင့် သေလာဝသ်ပြုလေ့ ရှိခဲ့ပါတယ်။

၎င်း သေလာဝသ် အသံသည်မည်မျှ နားဝင်ချို မချိုဆိုလျှင် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါအေနာအီ ကိုယ်တိုင် ၎င်း၏ အသံကို မိမိလူငယ် ဘဝ ကတည်း က အားပေး ကြိုက်နှစ်ခဲ့သူ ဖြစ်ပါတယ်။

=======================

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky