အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7 day
တနင်္ဂနွေနေ့

၂၃ ဖေဖော်ဝါရီ ၂၀၂၀

၂၀:၁၀:၂၂
1012644

ကိုဗစ်ဒ်နိုင်တင်းန် နောက်ဆက်တွဲ ဘာတွေ ပြင်ဆင်ပြီးပြီလဲ

တရုတ်နိုင်ငံ ဝူဟန်မြို့က စလိုက်တဲ့ ကိုဗစ်ဒ်နိုင်တင်းန် (COVID-19) နောက်ဆက်တွဲ ရိုက်ခတ်လာမယ့် ပြဿနာတွေ အတွက် မြန်မာနိုင်ငံက ပြင်ဆင်ထားဖို့ အချိန်ရောက်ပါပြီ။ ကိုဗစ်ဒ်နိုင် တင်းန်ဗိုင်းစ်ရပ်ကြောင့် တရုတ်အပါဝင် အိမ်နီးချင်းနိုင်ငံတွေမှာပါ သိသိသာသာ ရိုက်ခတ်စေပါ တယ်။ အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ ကူးလူးဆက်ဆံနေရတဲ့ ကုန် သွယ်ရေးနဲ့ လူမှုရေးတွေမှာသက် ရောက်မှုတွေ စတင်နေပြီဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

တရုတ်နိုင်ငံ ဝူဟန်မြို့က စလိုက်တဲ့ ကိုဗစ်ဒ်နိုင်တင်းန် (COVID-19) နောက်ဆက်တွဲ ရိုက်ခတ်လာမယ့် ပြဿနာတွေ အတွက် မြန်မာနိုင်ငံက ပြင်ဆင်ထားဖို့ အချိန်ရောက်ပါပြီ။ ကိုဗစ်ဒ်နိုင် တင်းန်ဗိုင်းစ်ရပ်ကြောင့် တရုတ်အပါဝင် အိမ်နီးချင်းနိုင်ငံတွေမှာပါ သိသိသာသာ ရိုက်ခတ်စေပါ တယ်။ အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ ကူးလူးဆက်ဆံနေရတဲ့ ကုန် သွယ်ရေးနဲ့ လူမှုရေးတွေမှာသက် ရောက်မှုတွေ စတင်နေပြီဖြစ်ပါ တယ်။

ကိုဗစ်ဒ်နိုင်တင်းန်ကြောင့် ကုန်အဝင်အထွက်တွေ ပိတ်ထား ရလို့ ကုန်ကားဂိတ်တွေ ရပ်နား ထားကြရတယ်။ အလားတူ သစ် သီးကားတွေလည်း ရောင်းချခွင့် ပိတ်ပင်ထားတာကြောင့် တောင် သူတွေ၊ ဖရဲ၊ သခွားတွေ မခူး ဆွတ်နိုင်ဘဲ ဒီအတိုင်း ကြည့်နေ ကြရတယ်။ ဖရဲနဲ့သခွားတွေက စိုက်ခင်းထဲမှာတင် ရင့်မှည့်နေကြ ပြီ။ ကုန်စည်ဒိုင်က ပုံမှန်အဝယ်ရှိ နေတဲ့ ပဲမျိုးစုံနဲ့ နှမ်းရောင်စုံလည်း နယ်စပ်လမ်းကြောင်း ပိတ်ထား လို့ ကုန်အဝင်အထွက် မရှိဘူး။ တရုတ်ကို နယ်စပ်လမ်းကြောင်း ကတစ်ဆင့် တင်ပို့နေရတဲ့ ကုန် သည်တွေ၊ ပွဲရုံတွေ အရောင်း အဝယ် မဖြစ်ကြဘူး။ တရုတ်ကုန် သည်ကို အားကိုးအားထားပြုနေ ရတဲ့ ကျောက်သမားတွေအပေါ် မှာလည်း ကိုဗစ်နိုင်တင်းန်ဗိုင်းစ်ရပ်က ရိုက်ခတ်မှုရှိပါတယ်။ တရုတ်ကုန်သည်တွေ အဝယ်မဆင်းနိုင်သလို  ဝိုင်းထဲကကျောက်တွေလည်း လမ်းကြောင်းပိတ်ထားလို့ အပြင် မထွက်နိုင်ပါဘူး။

ကျောက်ဝိုင်းမှာ အရောင်း အဝယ်အခြေအနေ သိသိသာသာ အေးစက်နေတယ်။

ဒီအကျိုးဆက်ကို အောက် ခြေလုပ်သားတွေ စတင်ခံစားနေ ကြရပြီဖြစ်တယ်။ အထူးသဖြင့် နေ့စား လုပ်သားတွေဖြစ်တဲ့ ပွဲရုံ လုပ်သားတွေ၊ ကားဂိတ်တွေကကုန်တင်ကုန်ချလုပ်သားတွေ အ လုပ်နားနေရလို့ ဝင်ငွေမရှိကြဘူး။

ကျောက်ဝိုင်းမှာလည်း အရောင်း အဝယ်မကောင်းလို့ ကျောက်သ မားတွေ ညည်းချင်းဆိုနေကြရ တယ်။ တရုတ်သွင်းကုန်အပေါ် မှီ ခိုအားထားနေရတဲ့ စက်ရုံ၊အလုပ် ရုံတွေလည်း မလည်ပတ်နိုင်လို့ နားထားကြရတယ်။ အလုပ်ပိတ် ရက်ရှည်ကြာနိုင်တာကြောင့် အ လုပ်သမားအများစု နယ်ပြန်သွား ကြတာလည်း ရှိပါတယ်။ နယ်စပ် လမ်းကြောင်း ဘယ်အချိန်ပြန် ပွင့်မလဲဆိုတာ ဘယ်သူမှ မခန့် မှန်းနိုင်ကြဘူး။

တစ်ဝမ်းတစ်ခါးအတွက် တ ရုတ်နိုင်ငံမှာ လုပ်ကိုင်စားသောက် နေကြတဲ့ မြန်မာနိုင်ငံသားရွှေ့ ပြောင်းလုပ်သားတွေ အရေး လည်း ထည့်သွင်းစဉ်းစားကြရ မှာပါ။ တောတွင်းမှာ ပုန်းရှောင် နေကြရတဲ့ မြန်မာလုပ်သားအရေ အတွက် ထောင်ချီရှိနေကြောင်း  မီဒီယာတွေက ရေးသားဖော်ပြ နေကြတယ်။ မြန်မာနိုင်ငံထဲမှာ နေထိုင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံ ပြင်ပမှာ နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားများသာ ဖြစ်ပါ တယ်။ နိုင်ငံသားတိုင်းရဲ့ လူမှု ဒုက္ခအဝဝကို ဖြေရှင်းပေးဖို့ အ စိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုဗစ်ဒ်နိုင်တင်းန်က မြန်မာ့လူ့ အဖွဲ့အစည်းအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။ ကုန်သွယ်မှုတွေမှာ နိုင်ငံတစ်ခု ထဲပေါ် ပုံအပ်မှီခိုထားခြင်းက အခြေအနေတစ်ခုတည်းပေါ်မှာပဲ မူတည်ကြောင်း အချက်ပေးလိုက် တာလည်း ဖြစ်ပါတယ်။

ကုန်သွယ်မှု လမ်းကြောင်း တွေ ဖွင့်ထားရပါမယ်။ တည်ငြိမ် တဲ့ဈေးကွက်ရအောင် ဈေးကွက် ကို ဖြန့်ကြက်ထားကြရမှာဖြစ် တယ်။ ပုံမှန်ဖောက်သည်အပြင် ဖောက်သည်အသစ်တွေရအောင်  ဈေးကွက်ကို ထိုးဖောက်ကြရပါ မယ်။ ဖောက်သည်တစ်ခုတည်း ပေါ်မှာ အလုံးစုံ ပုံအပ်ထားခြင်းက  ခဏတာအတွက် သက်သောင့် သက်သာ (Comfort Zone) ဖြစ် ပေမယ့် ရေရှည်မှာ အကျိုးမများ နိုင်ပါဘူး။ Comfort Zone နဲ့ ပတ်သက်လို့ ရေအိုးထဲ ရောက်တဲ့ ဖားပုံပြင်ကို နမူနာပေးပါရစေ။

ရေအိုးထဲ ရောက်နေတဲ့ ဖား တစ်ကောင်ဟာ  သက်သောင့် သက်သာရှိလွန်းတာကြောင့် အ ပြင်ထွက်ဖို့ မကြိုးစားခဲ့ဘူး။ လူ တစ်ယောက်က ဖားရှိနေတဲ့ ရေ အိုးကို ဖြည်းဖြည်းချင်း အပူပေး တယ်။ ဖြည်းဖြည်းချင်း အပူပေး တာဖြစ်လို့ ဖားကလည်း ရေအိုး ထဲကမထွက်ဘဲ ပိုနေမြဲကျားနေမြဲ  ဆက်နေတယ်။ အပူချိန်ကြောင့် ရေအိုးထဲက ရေတွေ တဖြည်း ဖြည်း ပူသထက်ပူလာတယ်။ ဖား ကတော့ ရေအိုးထဲမှာ သူ့ကိုယ်သူ ဆက်နေနိုင်လိမ့်မယ်လို့ ယုံမှတ် နေဆဲပဲ။ ရေအိုးထဲကရေတွေ  ပွက်ပွက်ဆူပြီး မနေနိုင်တော့လို့ ခုန်ထွက်တော့မယ်ဆိုမှ ခုန် မထွက်နိုင်တော့ဘဲ အသက်ဆုံးရှုံး  သွားရပါတော့တယ်။ Comfort Zone လို့ ယုံမှတ်လိုက်ရင် ရုန်း ထွက်ဖို့ မေ့လျော့သွားပြီး ကြီးစွာ သော ဆုံးရှုံးမှုဖြစ်စေတယ်ဆိုတာ

ဒီပုံပြင်က ဖော်ပြနေတယ်။

ကိုဗစ်ဒ်နိုင်တင်းန်နောက် ဆက်တွဲ ပြဿနာတွေအတွက် သင့်လျော်တဲ့ အစီအမံတွေ လို အပ်နေပါပြီ။ ဗိုင်းစ်ရပ် စတင် ဖြစ်ပွားရာမှာလည်း အခုချိန်ထိ မထိန်းချုပ်နိုင်သေးပါဘူး။ ကို ဗစ်ဒ်နိုင်တင်းန်ရဲ့ ရိုက်ခတ်မှုကကျွန်တော်တို့နိုင်ငံအတွက် သက် ရောက်မှုတွေလည်း ရှိနေတယ် ဆိုတာ တာဝန်ရှိသူတွေ သတိ ချပ်သင့်ပါတယ်။ အချိန်ကာလ ကြာလာတာနဲ့အမျှ လူမှုဒုက္ခတွေ

ပိုမိုကြုံတွေ့လာနိုင်တာကြောင့်  စနစ်ကျတဲ့အစီအမံတွေ လုပ် မထားရင် အခက်ကြုံရမှာ မလွဲပါ ဘူး။

ကိုဗစ်ဒ်နိုင်တင်းန်ဖြစ်ပွားပြီး နောက်ပိုင်း တရုတ်ခရီးသွားဝင် ရောက်မှုလည်း သိသိသာသာ လျော့ကျလာပါတယ်။ ခရီးသွား တွေအပေါ်မှီခိုနေရတဲ့ အေဂျင်စီ တွေ၊ တိုးဂိုက်တွေ၊ စားသောက် ဆိုင်၊ ဟိုတယ်တွေနဲ့ အမှတ်တရ အရောင်းဆိုင်တွေ၊ တစ်နွယ်ငင်  တစ်စင်ပါ နစ်နာမှုတွေရှိလာပါ တယ်။

ကိုဗစ်ဒ်နိုင်တင်းန်က ကျွန် တော်တို့ရဲ့ ပိုနေမြဲကျားနေမြဲ နေ လိုတဲ့ အကျင့်ဆိုးကို တပ်လှန့် လိုက်ပါပြီ။ သင့်လျော်ကောင်းမွန် တဲ့ နောက်ထပ်အစီအမံတွေ အ မြဲရံထားကြရပါတော့မယ်။ ဈေး ကွက်ကို အမြဲစနည်းနာဖို့လိုအပ် ပြီး အစဉ်သဖြင့် စူးစမ်းနေကြရ မှာဖြစ်တယ်။ အမေ့မေ့ အလျော့ လျော့နေခြင်းက ကျွန်တော်တို့ရဲ့  နေ့စဉ်ဘဝတွေပေါ်မှာ ရိုက်ခတ် နိုင်ကြောင်း ကိုဗစ်ဒ်နိုင်တင်းန်ဗိုင်းစ်ရပ်က သတိပေးနေပါတယ်။

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

.........................

END/ 251