အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၅ မတ် ၂၀၂၀

၁၇:၄၇:၃၆
1015058

အေမာမ် အလီ နကီ(علیه السلام) ၏ဟဒီးတော် (၁၀)ပါး အား အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် တင်ပြအပ် ပါတယ်။


 

ဘာသာပြန် အဓိပ္ပာယ်

 

(၁) အကြင်မည်သူမဆို အလ္လာဟ်ဟို အရှင်မြတ် သခင်အားကြောက်ရွံ့မည်ဆိုလျှင် လူထု အနေဖြင့် လည်း ၎င်းအားကြောက်ရွံ့ပေမည်။အကြင်မည်သူမဆိုအလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်ကို နားခံမည် ဆိုလျှင် ၎င်း၏ အမိန့်သည်လည်းနားခံ ခြင်းခံရပေမည်။ အကြင်မည်သူမဆို ဖန်ဆင်းရှင် (အလ္လာဟ်) ၏ အမိန့်တော်ကို နားခံမည်ဆိုလျှင် အဖန်ဆင်း ခံများ ၏စိဆ်ဆိုးမှုကို ဂရုပြုမည်မဟုတ်ချေ။ အကြင်မည်သူမဆို ဖန်ဆင်းရှင် (အလ္လာဟ်) အား စိဆ်ဆိုး အောင် လုပ်မည်ဆိုလျှင် အဖန်ဆင်းခံများ ၏ စိတ်ဆိုးမှု နှင့်လည်း ရင်ဆိုင်ရန် ထိုက်သွားပေမည်။

                                                        

 

 

(၂) အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် သခင်နှင့် ရင်နှီးပြီး ချစ်ခင်မည်ဆိုလျှင် လူထု အနေဖြင့် ၎င်းအား ထိတ်လန့် ကြမည်။အလ္လာဟ် ဟို အရှင်မြတ် သခင်နှင့် ရင်နှီးပြီး ချစ်ခင်သည် လက္ခဏာ မှာ လူထုအား ထိတ်လန့် ခြင်း ဖြစ်ပါသည်။

(၃) ညတွင်မအိပ်စက်ခြင်းသည် အိပ်ရေးကို အလွန် အရသာ ရှိစေပြီး ၊ဆာလောက်မှုသည် အစား အစာ ၏အရသာ ကို နှစ်ဆ တိုးစေပါသည်။

 

 

(၄) အကြင်သူ အား အငြိုးအတေး ထားမည်ဆိုလျှင် ၎င်းထံမှ အချစ်မေတ္တာ ကို မရှာပါနှင့် ။ အကြင် သူအား မကောင်းမြင်မည်ဆိုလျှင် ၎င်းထံမှ အကောင်းမြင်မှုကို မမျှော်လင့်ပါနှင့်။ အကြောင်းမှာ သူတစ်ပါး၏ နှလုံးသားသည်လည်း အသင်၏ နှလုံးသားပမာ ဖြစ်လေ၏။

 

 

(၅) မနာလိုစိတ် သည် ကောင်းမှုများကို ပျက်စီးစေပါသည်။ မာန်မာန သည် ရန် အငြိုးအတေး ကို ဖြစ်စေပါသည်။ တစ်ကိုယ်ကောင်းဆန်မှုသည် ပညာဆည်းပူးရန် အတားအဆီး ကို ဖြစ်စေပါသည်။ နှိမ့်ချမှုသည် အသိမဲ့မှု ဘက် ဆွဲဆောင် စေပါသည်။ ကပ်စေးနည်းခြင်းသည် စာရိတ္တနှင့် ကိုယ်ကျင့် တရား ကို အဆိပ်အတောက် ဖြစ်စေပါသည်။ လောဘ ရမက်သည် အလွန်ဆိုးရွား လက္ခဏာ ဖြစ်ပါသည်။

 

 

 

 

(၆) လှောင်ပြောင်ခြင်းသည် အရူးများ၏ လမ်းစဉ် ဖြစ်ပြီး ပညာမဲ့များ၏ အလုပ်အကိုင် ဖြစ်ပါသည်။

 

(၇)လောကကြီးသည် ဈေး တစ်ခု ပမာ ဖြစ်လေ၏။ ဤ(ဈေး)တွင် အုပ်စု တစ်စု သည် အကျိုးအမြတ် ရယူပြီး အခြား အုပ်စု တစ်ခု မှာ အရှုံး နှင့်ရင်ဆိုင်ရလေသည်။

 

 

(၈) လူသားများ၏ အခြေအနေ အဆင့်အတန်း သည် လောကတွင် ပစ္စည်းဥစ္စာ ကြောင့် ဖြစ်ပြီး အာခေရသ် တွင် လုပ်ရပ်များ ကြောင့် ဖြစ်ပါသည်။

 

(၉) မကောင်းသည်လူများ နှင့် အတူ ထိုင်ခြင်းသည် (မိတ်ဆွေဖွဲ့ခြင်းသည်) အတူထိုင်သူ (မိတ်ဆွေ ဖွဲ့သူ ) အား မကောင်းမှုကို နှစ်မြို့ ကြောင်း သက်သေ ပြနေခြင်း ဖြစ်ပါသည်။

 

(၁၀) ကွမ်းမြို့ နှင့် အာဗေဟ်မြို့ နေ သူများသည် မဂ်ဖေရသ် ရရှိပြီး ဖြစ်ပါသည်။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ် ၏ ဘိုးတော် အေမာမ် ရေဇာ (علیه السّلام) ၏ ဇေယာရသ် ကို သွားကြ လေသည်။ သတိရှိပါလေ။ အကြင်မည်သူ မဆို ၎င်း၏ ဇေယာရသ် ကို သွားရောက်မည် လမ်းတွင် မိုး ပေါ်မှ မိုးစက် ၎င်းအပေါ်ကျမည် (အခက်အခဲတစ်ခုခုနှင့်ရင်ဆိုင်ရမည်) ဆိုလျှင် ၎င်း ၏ ကိုယ်ခန္ဓာ သည် ဂျဟန္နမ် ငရဲဘုံအတွက် ဟရာမ် ဖြစ်သွားပေမည်။

 

مآخذ

  1. ۶۸، ص۱۸۲۔ اعیان الشیعہ سید محسن امین عاملی، ج۲، ص۳۹۔
  2. ۲۰۸۔
  3. ۶۹،ص ۱۷۲۔
  4. ۷۵، ص ۳۶۹ ح۴۔ اعلام الدین؛ ابو الحسن دیلمی،ص ۳۱۲س ۱۴۔
  5. ۶۹، ص۱۹۹ح۲۷۔
  6. ۴۲، س۵۔ بحار الانوار؛ علامہ محمد باقر مجلسی،ج ۷۵، ص۳۶۹، ح۲۰۔
  7. ۲، ص۳۹۔تحف العقول؛ ابن شعبہ حرانی، ص۴۳۸۔
  8. ۲، ص۳۹۔ بحار الانوار: ج۱۷۔
  9. ۱۲، ص۳۰۸، ح۱۴۱۶۲۔
  10. ۲، ص۲۶۰، ح۲۲۔


===========================

END / 251