အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven news
သောကြာနေ့

၁၇ ဧပြီ ၂၀၂၀

၁၉:၂၈:၂၀
1026654

အမေရိကန်တွင် COVID-19 ကြောင့် တစ်နေ့တည်း လူ ၄၅၀၀ နီးပါး သေဆုံး

အမေရိကန်တွင် COVID-19 ကြောင့် တစ်နေ့တည်း လူ ၄၅၀၀ နီးပါး သေဆုံး ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၄၄၉၁ ဦး ရှိခဲ့ပြီး ကပ်ရောဂါအတွင်း နေ့စဉ်သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။




ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၄၄၉၁ ဦး ရှိခဲ့ပြီး ကပ်ရောဂါအတွင်း နေ့စဉ်သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

သို့အေမေရိကန်တွင် ဧပြီ ၁၆ ၌ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်းသည် ၃၂၉၁၇ ဦးအထိ သာ် ယင်းပမာဏသည် ယခင်က ထည့်သွင်းရေတွက်မှုမရှိသော COVID-19 နှင့် ဆက်နွှယ်၍ သေဆုံးခဲ့ဖွယ်ရှိသူကိုပါ ထည့်သွင်းထားဖွယ်ရှိသည်။

ယခုသီတင်းပတ်တွင် နယူးယောက်မြို့အစိုးရက သေဆုံးသူစာရင်းထဲတွင် COVID-19 နှင့် ဆက်နွှယ်၍ သေဆုံးခဲ့ဖွယ်ရှိသူ ၃၇၇၈ ဦးကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဧပြီ ၁၆ ညအထိ COVID-19 နှင့် ဆက်နွှယ်၍ သေဆုံးခဲ့ဖွယ်ရှိသူ ၄၁၄၁ ဦးအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၃၁၀၇၁ ဦးရှိကြောင်း အမေရိကန်၏ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးသူ အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်လူဦးရေ၏ ၅ ပုံ ၁ ပုံသာရှိသော အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၁၇၀ ဖြင့် ဒုတိယအများဆုံးဖြစ်နေသည်။

စပိန်သည် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၉၁၃၀ နှင့် ပြင်သစ်သည် သေဆုံးသူ ၁၇၉၂၀ ဖြင့် သေဆုံးမှု တတိယနှင့် စတုတ္ထအများဆုံး နိုင်ငံများဖြစ်သည်။ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆၆၇၈၀၀ ကျော်ရှိခဲ့ပြီး နယူးယောက်သည် နိုင်ငံ၏ ကူးစက်မှုဗဟိုချက်ဖြစ်ကာ ထိုပြည်နယ်ထဲတွင် သေဆုံးသူ ၁၂၀၀၀ ကျော် ရှိနေသည်။

ပြည်နယ်အလိုက် ပြန်လည်ဖွင့်လှစ်ရန် အဆင့်လိုက်ပြုလုပ်မည့် ချဉ်းကပ်မှုအား ဆောင်ရွက်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ခွင့်ပြုမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီ ၁၆ ညနေတွင် ကြေညာခဲ့သည်။

...............................

END/251