အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ မေ ၂၀၂၀

၁၉:၁၇:၅၁
1035196

အေမာမ် ဟစန် မိုဂ်ျသဗါ (အလိုင်ဟေစ်စလာမ်) အကြောင်း အကျဉ်း

ရမ်တွာန် လမြတ် ၁၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ် ဟစန်မိုဂ်ျသဗါ (အ.စ) ၏ ဝေလာဒသ် မွေးနေ့ မြတ်မင်္ဂလာ နေ့ ဖြစ်ပါသည်။ ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ၏ အနွယ်တော်မွန်များ (အ.စ) ကို အချစ်ထားသူတိုင်း ကို ဝမ်းသာပီတိဖြစ်၍ အထူးအထူးမိုမိုဘာရတ်က်ဟုပြောကြားအပ်ပါတယ်။ သခင်ကြီး နှင့်ပတ်သက်သည့် အချို့ အချက်များ ကို အဗ်နာ စာဖတ်ချစ်ပရိတ် သတ်ကြီး ကိုတင်ပြ အပ်ပါသည်။



အေမာမ် ဟစန် မိုဂ်ျသဗါ  (အလိုင်ဟေစ်စလာမ်) အကြောင်း အကျဉ်း

ရမ်တွာန် လမြတ် ၁၅  ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ် ဟစန်မိုဂ်ျသဗါ                (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်ပါသည်။ ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ၏ အနွယ်တော်မွန်များ (အ.စ) ကို အချစ်ထားသူတိုင်း ကို ဝမ်းသာပီတိဖြစ်၍ အထူးအထူးမိုမိုဘာရတ်က်ဟုပြောကြားအပ်ပါတယ်။ သခင်ကြီး နှင့်ပတ်သက်သည့် အချို့ အချက်များ ကို အဗ်နာ စာဖတ်ချစ်ပရိတ် သတ်ကြီး ကိုတင်ပြ အပ်ပါသည်။

အမည် - ဟစန်  (အလိုင်ဟေစ်စလာမ်)

ထင်ရှားသည်ဂုဏ်တော် - မိုဂ်ျသဗါ (အ.စ) ၊စစ်ဗ်သေအက်္ကဗဲရ်  (အ.စ)

ကွန်နီယတ်သ် - အဗူမိုဟမ္မဒ် (အလိုင်ဟေစ်စလာမ်)

ခမည်းတော် - အေမာမ် အလီ အစ်ဗ်နေအဘီ  သွာလစ်ဗ် (အလိုင်ဟေစ်စလာမ်)

မယ်တော် - ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ)

ဖွားမြင်တော်မူသည်ကာလ -လမြတ် ရမ်တွာန် ၁၅ ရက် ၊ ဟီဂျရီ ၃ ခုနှစ်

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်
ပြုလုပ်ခဲ့သည့် ဟဂ်ျ အကြိမ် တော် - ၂၅ ကြိမ်
ကျော်ကြားသည့် ကျင့်စဉ် အချို့ - မရှိဆင်းရဲသားများ အတွက် ထမင်းကျွေးခြင်း  ။ ရက်ရော လှူဒါန်း ခြင်း

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ် - ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်

သက်တော် ၄၇ နှစ်ခန့် တွင် မိုအာဝေယဟ် ၏ အမိန့် အရ  အေမာမ် ဟစန် (အ.စ) ၏ ကြင်ယာတော် ဂျိုအ်ဒါဟ်ဗင်သေ အရှ်အါစ် (လ.န) မှ တဆင့် အဆိပ်တိုက် သတ်ဖြတ်ခဲ့ပါတယ်။

ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် - အဆိပ်အတောက်
သက်တော် - ၄၇ နှစ်
ဒဖ်နာ ထားသည့် နေရာ - ဂျန္နသ်သိုဗကီး (မဒီနာ မြို့ ) ၊  ဆော်ဒီ နိုင်ငံ

 အေမာမ်မသ် တာဝန် ထမ်းဆောင်ခဲ့သည့် နှစ်  - ၁၀ နှစ် ခန့်
ကိုယ်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) နှင့် အတူ နေခဲ့သည့် နှစ်ပေါင်း  - - ၈နှစ်ခန့်
မောင်လာအလီ (အ.စ) အတူ နေခဲ့သည့် နှစ်ပေါင်း   - ၃၇ နှစ် ခန့်

အေမာမ် ဟစန် မိုဂ်ျဟဗါ (အ.စ) ၏ ဟဒီးစ်တော် အချို့
၁။ မိမိ၏ ပညာ ကို တပါးသူများ ကို သင်ကြားပေးပါ။ တပါးသူများ၏ ပညာကို လည်း ဆည်းပူးပါ။
၂။ လူထု အား ဆက်ဆံမှု ပြုရာတွင် မိမိ ကို ဆက်ဆံ ရာတွင် နှစ်သက်သည့် ပုံစံဖြင့် ဆက်ဆံပါလေ ။
၃။ အကဲလ် အား  အမျက်ဒေါသ ထွက်ချိန် တွင်သိရပါသည်။
၎။ သာသနာ့ ပညာ ၏ ကြီးကျယ် မြင့်မြတ် မှု သည် အေဗါဒသ် ထက်ပို၍ များပြားလေ၏။
၅။ ဂျေဟာလသ် ကဲ့သို့ မည်သည့် ဆင်းရဲခြင်း မရှိ ။

**********************************************
END / 251