အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၆ ဇူလိုင် ၂၀၂၀

၁၉:၃၄:၃၆
1053117

အမေရိကန်နိုင်ငံ၌ ၂၄ နာရီအတွင်း လူနာသစ် ၄၃၀၀ ကျော်တွေ့ရှိ၊ ၂၃၀ ခန့် သေဆုံး

အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လ ၆ ရက်ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဿမ ၈၇ သန်းကျော်နဲ့ သေဆုံးသူ ၁၂၉,၈၉၁ ဦးအထိ ရှိလာတယ်လို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်စာရင်းအရ သိရပါတယ်။

 


အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင်လ ၆ ရက်ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဿမ ၈၇ သန်းကျော်နဲ့ သေဆုံးသူ  ၁၂၉,၈၉၁ ဦးအထိ ရှိလာတယ်လို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်စာရင်းအရ သိရပါတယ်။

နိုင်ငံမှာ ၂၄ နာရီအတွင်း အသစ်တွေ့အတည်ပြုလူနာ ၄၃၀၀  ကျော်နဲ့ သေဆုံးသူ ၃၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အထိခိုက်အခံရဆုံးဖြစ်တဲ့ နယူးယောက်ပြည်နယ်ဆိုရင်  အတည်ပြုလူနာစာရင်းက ၄ သိန်းနီးပါးရှိနေပါပြီ။

ဖလော်ရီဒါပြည်နယ်မှာလည်း  ဇူလိုင်လ ၆ ရက် တရက်တည်း အသစ်တွေ့အတည်ပြုလူနာ ၁ သောင်းနီးပါးအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သုံးရက်အတွင်း အတည်ပြုလူနာတွေ့ရှိမှု မြင့်တက်လာတဲ့ ပြည်နယ်တွေထဲ အရီဇိုးနား၊ဂျော်ဂျီယာ၊တောင်ကာရိုလိုင်းနား၊တင်နက်ဆီနဲ့နီဗားဒါးတို့ ပါတယ်လို့ ရိုက်တာသတင်း က ဖော်ပြပါတယ် ။

**********************************

END / 251