အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ဗုဒ္ဓဟူးနေ့

၂၂ ဇူလိုင် ၂၀၂၀

၁၈:၄၄:၁၁
1057183

ကိုရိုနာဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်နိုင်ဖွယ်ရှိဟု လေ့လာမှုသစ်တစ်ရပ်က ဖော်ထုတ်

နီဘရာဆကာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြုစုခဲ့သော လေ့လာမှုတွင် အမှုန်ငယ်များမှရယူထားသော ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းတွင် ပွားယူနိုင်ကြောင်း ပထမဆုံး ထုတ်ဖော်တင်ပြခဲ့သည်။ ယင်းအချက်က နှာချေ၊ ချောင်းဆိုးရုံတင် သာမက သာမန်စကားပြောဆိုမှုနှင့် အသက်ရှူမှုမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ကြောင်း ယူဆချက်ကို ပို၍ခိုင်မာစေခဲ့သည်။



နီဘရာဆကာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြုစုခဲ့သော လေ့လာမှုတွင် အမှုန်ငယ်များမှရယူထားသော ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းတွင် ပွားယူနိုင်ကြောင်း ပထမဆုံး ထုတ်ဖော်တင်ပြခဲ့သည်။ ယင်းအချက်က နှာချေ၊ ချောင်းဆိုးရုံတင် သာမက သာမန်စကားပြောဆိုမှုနှင့် အသက်ရှူမှုမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ကြောင်း ယူဆချက်ကို ပို၍ခိုင်မာစေခဲ့သည်။

ဗိုင်းရပ်စ်၏ ကူးစက်နိုင်သော ပမာဏသည် လူမှုဆိုင်ရာ ခပ်ခွာခွာနေထိုင်ခြင်းအတွက် သတ်မှတ်ထားသည့် နှစ်မီတာထက် ပို၍သွားလာနိုင်ကြောင်း ယင်းလေ့လာမှုက ဆိုသည်။ ထိုရလဒ်များသည် အကြိုရလဒ်များ သတ်မှတ်ထားဆဲဖြစ်ပြီး သိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခု၌ ဖော်ပြခြင်း မပြုရသေးပေ။

ထိုလေ့လာမှုကို medrxiv.org တွင် ဖော်ပြခဲ့ပြီး ယင်းဝက်ဘ်ဆိုက်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း နောက်ဆုံးပေါ်သုတေသနများကို ပထမဆုံး ဖော်ပြလေ့ရှိသည့်နေရာ ဖြစ်သည်။

မက္ကဆီကိုလူမှုဖူလုံရေးအင်စတီကျု့၏ ဆေးရုံတွင် COVID-19 လူနာတစ်ဦးအား စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းက ပြင်ဆင်နေစဉ်


အဆိုပါသုတေသနအဖွဲ့ကပင် မတ်လအတွင်းက ထုတ်ပြန်ခဲ့သော စာတမ်း၌ ကိုရိုနာဗိုင်းရပ်စ်သည် COVID-19 လူနာများရှိ သည့်ဆေးရုံအခန်းများ၏လေထဲတွင် ရှိနေကြောင်း ဖော်ပြခဲ့သည်။ ယခုလေ့လာမှုကို ဆေးပညာဂျာနယ်တစ်ခုတွင် မကြာမီ ဖော်ပြမည်ဟု ဦးဆောင်သုတေသနပညာရှင်တစ်ဦးက ဆိုထားသည်။

လေထုအတွင်း အမှုန်အမွှားများထံမှ ဗိုင်းရပ်စ်နမူနာများကို စုဆောင်းရန် အလွန်ခက်ခဲခဲ့ကြောင်း နီဘရာဆကာ တက္ကသိုလ်၏ ဆေးပညာဆိုင်ရာစင်တာမှ တွဲဘက်ပါမောက္ခ ဂျိုရှာဆန်တာပီရာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဆေးရုံတင်ထားသော လူနာများ၏အခန်း ငါးခန်းမှ လေ နမူနာများကို သိပ္ပံပညာရှင်များက ရယူခဲ့ပြီး ခုတင် အောက်ခြေမှအထက် ၃၀ စင်တီမီတာ အမြင့်ရှိ လေထဲမှ လေ နမူနာများကို ရယူခဲ့သည်။ လူနာများ စကားပြောသည့်အခါ ထွက်လာသော လေများမှ အမှုန်ငယ်များသည် လေထဲတွင် နာရီများစွာ တွယ်ကပ်နေနိုင်သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်များက ထိုလေနမူနာများကို မွေးယူခဲ့ပြီး နမူနာ ၁၈ ခုအနက် သုံးခုကို ပွားယူနိုင်ခဲ့သည်။ အမှုန်စက်ကြီးများထက် အမှုန်ငယ်များက ပို၍ဝေးဝေးရောက်နိုင်သဖြင့် လူများကို လေထဲမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း ယင်းလေ့လာမှုက သက်သေထူနိုင်ခဲ့သည်။

လေထဲမှနေ၍ ဗိုင်းရပ်စ်ကူးစက်နိုင်ခြင်းသည် မဖြစ်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးအာဏာပိုင်များက ယူဆထားခဲ့ကြသည်။ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ထိုလက်ခံယူဆမှုကို ပြောင်းလဲစေခဲ့ပြီး လေထဲမှတစ်ဆင့် ကူးစက်နိုင်ခြေကို အသိအမှတ်ပြု လက်ခံစေရန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် နှာခေါင်းစည်း ဝတ်ဆင်မှုအတွက် ယူဆချက်များကိုလည်း ပြောင်းလဲစေခဲ့သည်။

ထိုသို့ ပြောင်းလဲခဲ့မှုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပါဝင်ခဲ့ပြီး လေထဲမှနေ၍ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို WHO သည် ဇူလိုင် ၇ တွင် တရားဝင် လက်ခံခဲ့သည်။

အရွယ်အစား ပမာဏနှင့်ပတ်သက်ပြီး အငြင်းပွားနေသော်လည်း လေထဲမှနေ၍ ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း ကူးစက်ရောဂါဆိုင်ရာ သိပ္ပံပညာရှင် အများစုက လက်ခံခဲ့ကြကြောင်း ပါမောက္ခ ဂျိုရှာဆန်တာပီရာက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်များ လေထဲမှတစ်ဆင့် ကူးစက်မှုနှင့်ပတ်သက်ပြီး ထင်ရှားသော ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လေ့လာမှုတွင် မပါဝင်ခဲ့သည့် Virginia Tech မှ ပါမောက္ခ လင်ဆေးမားက လေထဲတွင် ရှိနေသည့် ဗိုင်းရပ်စ်ပမာဏ၏ အတိုင်းအတာကို ရရှိရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

################################################

END /251