အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၂၄ ဇူလိုင် ၂၀၂၀

၁၉:၂၇:၂၀
1057565

ချန်တူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရန် တရုတ် ညွှန်ကြား

တရုတ်နိုင်ငံအနောက်ပိုင်း ချန်တူမြို့ရှိ ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရန် တရုတ်က အမေရိကန်ကို ဇူလိုင် ၂၄ တွင် ညွှန်ကြားခဲ့ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေစဉ်အတွင်း သံတမန်ရေးရာ အချင်းများမှု အရှိန်မြင့်တက်လာခဲ့သည်။



တရုတ်နိုင်ငံအနောက်ပိုင်း ချန်တူမြို့ရှိ ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရန် တရုတ်က အမေရိကန်ကို ဇူလိုင် ၂၄ တွင် ညွှန်ကြားခဲ့ရာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေစဉ်အတွင်း သံတမန်ရေးရာ အချင်းများမှု အရှိန်မြင့်တက်လာခဲ့သည်။

တရုတ်အေးဂျင့်များသည် တက္ကဆက်တွင် ဆေးဘက်ဆိုင်ရာနှင့် အခြားသုတေသနများ၏ အချက်အလက်များအား ခိုးယူရန် ကြိုးစားနေကြောင်း ၀ါရှင်တန်က စွပ်စွဲခဲ့ပြီး ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရန် သမ္မတဒေါ်နယ်ထရန့်အစိုးရက ယခုသီတင်းပတ်အတွင်း ညွှန်ကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်အား တုံ့ပြန်သွားမည်ဟု တရုတ်အစိုးရက သတိပေးခဲ့ပြီးနောက် ချန်တူရှိ ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရန်ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

တရုတ်၏ ယခုတုံ့ပြန်ဆောင်ရွက်မှုသည် တရားဝင်ဖြစ်ပြီး အမေရိကန်၏ တရားနည်းလမ်းမကျသောလုပ်ရပ်အား တုံ့ပြန်ရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အမေရိကန်- တရုတ်ဆက်ဆံရေး၏ လတ်တလောအခြေအနေသည် တရုတ်က လိုလားသောအနေအထားမဟုတ်ကြောင်း၊ ဖြစ်သမျှ အရာအားလုံးအတွက် အမေရိကန်တွင် တာဝန်ရှိကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် ၎င်း၏မှားယွင်းသော ဆုံးဖြတ်ချက်အား ချက်ချင်းပြန်လည်ပြင်ဆင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအား လမ်းကြောင်းပေါ် ပြန်လည်ရောက်စေရေးအတွက် လိုအပ်သောအခြေအနေကို ဖန်တီးပေးရန် မိမိတို့က ထပ်မံတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးတွင် တရုတ်အေးဂျင့်များသည် Texas A&M ဆေးဘက်ဆိုင်ရာစနစ် အပါအဝင် အခြားအချက်အလက်များအား ခိုးယူရန်ကြိုးစားနေကြောင်း ထရန့်အစိုးရက စွပ်စွဲခဲ့ပြီး ထိုကောင်စစ်ဝန်ရုံးအား ၇၂ နာရီအတွင်း ပိတ်ပစ်ရန် ဇူလိုင် ၂၂ တွင် ညွှန်ကြားခဲ့သည်။

ထိုစွပ်စွဲချက်များသည် အသရေဖျက်မှုဖြစ်ပြီး ဟူစတန်ကောင်စစ်ဝန်ရုံးအား ပိတ်ပစ်ရမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပေါင်းကူးတံတားကို ချိုးဖျက်မှုဖြစ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ တွင် သတိပေးခဲ့သည်။

အမေရိကန်တွင် တရုတ်မြို့တော်ပေကျင်း၌ သံရုံးတစ်ခုရှိပြီး ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ချန်တူ၊ ရှန်ယန်းနှင့် ဝူဟန်စသော အဓိကမြို့ကြီးငါးခုနှင့် ဟောင်ကောင်တို့တွင် ကောင်စစ်ဝန်ရုံများ ရှိသည်။

##############################

END / 251