အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၂၈ ဇူလိုင် ၂၀၂၀

၁၉:၀၃:၄၆
1058666

ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်လာ၍ မော်ရိုကိုရှိ မြို့ကြီးအချို့ကို ကန့်သတ်ချက်များ ပြန်လုပ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာလို့ မော်ရိုကိုနိုင်ငံက အဓိကမြို့ကြီးတချို့မှာ လူအဝင် အထွက်ကို ညသန်းခေါင်အချိန်ကစလို့ ပြန်ပြီး ကန့်သတ်တော့မှာပါ။

 


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာလို့ မော်ရိုကိုနိုင်ငံက အဓိကမြို့ကြီးတချို့မှာ လူအဝင် အထွက်ကို ညသန်းခေါင်အချိန်ကစလို့ ပြန်ပြီး ကန့်သတ်တော့မှာပါ။

မော်ရိုကို ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးတွေ ဇူလိုင် ၂၆ ရက် ထုတ်ပြန်ရာမှာ အသွားအလာ အဝင်အထွက် ကန့်သတ်ချက် လော့ဒေါင်းချမယ့် မြို့ကြီးတွေထဲ စီးပွားရေးမြို့တော် ကာဆာဘလန်ကာ၊ တန်ဂျီးယား၊ မာရာကတ်ခ်ျ၊ ဖတ်ဇ်နဲ့ မက်ကနက်စ်မြို့တွေ ပါဝင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မော်ရိုကိုဟာ ပြီးခဲ့တဲ့လကတည်းက တနိုင်ငံလုံး လော့ဒေါင်းချထားတာကို ပြန်ဖြေလျှော့ခဲ့ ပေမဲ့  နိုင်ငံတကာလေကြောင်းလိုင်းတွေကိုတော့ ရပ်နားထားဆဲပါ။

 ပြည်တွင်းလေကြောင်းလိုင်းတွေကတော့ ပြည်တွင်းနေသူတွေအတွက် အထူးခရီးစဉ်တချို့ ပြေးဆွဲပေးခဲ့ပါတယ်။

မော်ရိုကိုမှာ ဇူလိုင် ၂၆ ရက် တရက်တည်း အသစ်တွေ့ အတည်ပြုလူနာတွေ့ရှိမှု ၆၃၃ ဦး ရှိခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ဆေးစစ်မှုပေါင်း ၁ ဒဿမ ၁ သန်း လုပ်ထားပြီး မက်စ်မတပ်မနေရ သတ်မှတ်ထားပါတယ်။ အခုအရေးပေါ်အခြေအနေကြေညာချက်က ဩဂုတ် ၁၀ ရက်အထိ ဖြစ်ပါတယ်။

***********************************************

END / 251