အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္ဂနွေနေ့

၃၀ ဩဂုတ် ၂၀၂၀

၁၉:၀၂:၀၇
1066484

ဥရောပနိုင်ငံ အများ အပြား တွင် COVID-19 ပိတ်ပင် ကန့်သတ် ချက်များ ကို ဆန့်ကျင် သော ဆန္ဒပြမှု များ ဖြစ်ပွား

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် ရန်အတွက် ပိတ်ပင်ကန့်သတ်ချက်များနှင့် နှာခေါင်းစည်းတပ်ဆင်ရေး စည်းမျဉ်းကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဥရောပတိုက် ရှိ နိုင်ငံအများအပြားတွင် သြဂုတ် ၂၉ ရက် က ဖြစ်ပွားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ် ရန်အတွက် ပိတ်ပင်ကန့်သတ်ချက်များနှင့် နှာခေါင်းစည်းတပ်ဆင်ရေး စည်းမျဉ်းကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဥရောပတိုက် ရှိ နိုင်ငံအများအပြားတွင် သြဂုတ် ၂၉ ရက် က ဖြစ်ပွားခဲ့သည်။

COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခြင်းနှင့်အတူ ဥရောပရှိ နိုင်ငံများသည် COVID-19 ချရ ခြင်းမျိုးကို ရှောင်ရှားရန်ကြိုးပမ်းနေကြပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပိတ် ပင်ကန့်သတ်ချက်များကို စတင်တင်းကျပ် လာကြသည်။

ကူးစက်မှုထိန်းချုပ်ရန်အတွက် ပိတ် ပင်ကန့်သတ်ချက်အသစ်များ ချမှတ်ခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေးအမိန့်တို့အပေါ် စိတ်ပျက်နေသော ပြည်သူလူထုကို ထိန်း သိမ်းအုပ်ချုပ်နေရသော အစိုးရအဖွဲ့များ သည် အထိနာနေသည့် နိုင်ငံ့စီးပွားရေးကို နာလန်ထလာစေရန်လည်း ကြိုးပမ်းနေကြရ သည်။

သြဂုတ် ၂၉ ရက်က ဂျာမနီနိုင်ငံ ဘာ လင်မြို့ရှိ အထင်ကရ Brandenburge အနီးတွင် လူ ၁၈,၀၀၀ ဝန်းကျင် စုဝေး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူအများစုမှာ လူ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် စည်း မျဉ်းကို လိုက်နာကြခြင်းမရှိသဖြင့် ရဲတပ် ဖွဲ့က ထိုစုဝေးဆန္ဒပြမှုလုပ်ဆောင်ခြင်းကို တားဝရမ်းထုတ်ခဲ့သည်။

ကနဦးတွင် ဆန္ဒပြလှုပ်ရှားမှုကို လုပ်ဆောင်ခွင့်ပြုခဲ့ကြောင်း၊ ရောဂါကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာရန် အကြိမ် ကြိမ်တောင်းဆိုခဲ့သော်လည်း ဆန္ဒပြသူအ များစုမှာ ခပ်ခွာခွာနေရေးစည်းမျဉ်းကို မ လိုက်နာခြင်းကြောင့် ဆန္ဒပြမှုကို တားဆီး ပိတ်ပင်ရန်မှအပ အခြားရွေးချယ်စရာမရှိ ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ဆိုသည်။

သို့သော်လည်း လူထောင်ပေါင်းများစွာမှာ ဆက်လက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြလူတစ်စု နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုဖြစ် ပွားခဲ့ရာ ဆန္ဒပြသူများက ပုလင်းများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်မှုလုပ်ဆောင် ခဲ့ကြခြင်းကြောင့် ဆန္ဒပြသူ ၃၀၀ ခန့် ဖမ်းဆီး ခံခဲ့ရသည်။ ဂျာမနီတွင် ဗိုင်းရပ်စ်ကူးစက် ခံရသူအရေအတွက် မြင့်တက်နေစဉ် သြဂုတ် ၂၉ ရက် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင်လည်း လူ ၁၀၀၀ ခန့်ပါဝင်သော နှာခေါင်းစည်းတပ် ဆင်မှုဆန့်ကျင်ရေးဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ထို့အပြင် လန်ဒန်မြို့ရှိTrafalgar  ရင်ပြင်၌ လည်း အလားတူ ဆန္ဒပြမှုမျိုးဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအများစုမှာ လက်ကိုင်ပိုစတာများ ကို ကိုင်ဆောင်လျက် ဆန္ဒပြခဲ့ကြသည်။

ပြင်သစ်နိုင်ငံမြို့တော် ပါရီ၌ ရောဂါပိုး ကူးစက်ခံရသူအရေအတွက် မြင့်တက်လာ နေစဉ် ပြင်သစ်အစိုးရအဖွဲ့က အများပြည် သူနှင့်သက်ဆိုင်သော နေရာများအားလုံး တွင် နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်း ကို ပြဋ္ဌာန်းရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရအဖွဲ့ ၏ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချရန်အတွက် လူ ၃၀၀ ဝန်းကျင်က ပါရီမြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဖြင့် ဆန္ဒပြခဲ့ကြသည်။

“အလိမ်အညာများ အဆုံးသတ်ကြ ” ဟူသော စာတန်းရေးသားထားသည့် လက်ကိုင်ပိုစတာများကို ကိုင်ထားကြသူအချို့အ ပါအဝင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ၀ိုင်း ရံခဲ့ပြီး နှာခေါင်းစည်းမတပ်သူများအား ဒဏ် ငွေ ၁၃၅ ယူရို (ဒေါ်လာ ၁၆၀ ) ပေးဆောင်ရန် ပြောကြားခဲ့သည်။

ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေမည့် lockdown ချရခြင်းမျိုးအစား နှာခေါင်းစည်းတပ်ဆင်ရေးစည်းမျဉ်းကို ပိုမိုတင်းကျပ်သွားနိုင် ရန် လက်ရှိတွင် အစိုးရအဖွဲ့အများအပြားက မျှော်လင့်နေကြသည်။