အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၉ စက်တင်ဘာ ၂၀၂၀

၁၉:၂၇:၂၂
1069281

ကယ်လီဖိုးနီးယားတောမီးလောင်မှု ပိုမိုအားပြင်းလာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တဝန်း လောင်နေတဲ့ တောမီးဟာ လေပြင်းနဲ့ အပူချိန်လွန်ကဲတာကြောင့် စက်တင်ဘာ ၈ ရက်မှာ ပိုပြီးအားပြင်းနေပါတယ်။


အမေရိကန်ပြည်ထောင်စု၊  ကယ်လီဖိုးနီးယားပြည်နယ်တဝန်း လောင်နေတဲ့ တောမီးဟာ လေပြင်းနဲ့ အပူချိန်လွန်ကဲတာကြောင့် စက်တင်ဘာ ၈ ရက်မှာ ပိုပြီးအားပြင်းနေပါတယ်။

ပြီးခဲ့တဲ့လအစောပိုင်း တောမီးရာသီ စကတည်းက ဧက ၂ ဒသမ  ၂ သန်းကျော် တောမီးလောင်ကျွမ်းခဲ့ပြီး တောမီးလောင်နေတဲ့ နေရာ ၂၅ ခုကို မီးသတ်သမားပေါင်း ၁၄,၀၀၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရပါတယ်။

ရော့ကီးတောင်တန်းဒေသမှာတော့ ပြင်းထန်တဲ့ရာသီဥတု အပြောင်းအလဲဖြစ်နေပြီး အဲဒီဒေသမှာ အပူချိန် ၉၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရောက်ခဲ့ပြီးနောက်   နှင်းမုန်တိုင်းကျနိုင်တယ်ဆိုပြီး မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

ကနေဒါက လေအေးတွေဟာ နီဗားဒါး၊ ယူတား၊ ဝိုင်အိုမင်နဲ့ ကော်လိုရာဒိုပြည်နယ်တွေကို  ဝင်ရောက်ကာ စက်တင်ဘာ ၉ ရက်အထိ နှင်းထု  ၆ လက်မနဲ့ လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင် တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

နှင်းမုန်တိုင်းဟာ ကော်လိုရာဒို တောမီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေအဖို့ သတင်းကောင်း ဖြစ်ပါတယ်။  အထူးသဖြင့် အာရာဖာဟိုနဲ့ ရုစဗဲ့ အမျိုးသားသစ်တောတွေမှာ  သစ်တောဧက  ၁ သိန်းကျော်ကို လောင်နေတဲ့ ကမ်မရွန်းပီးတ် တောမီးကို မီးသတ်သမားတွေ ကြိုးပမ်းငြှိမ်းသတ်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

*************************************************

END / 251