အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္ဂနွေနေ့

၂၀ စက်တင်ဘာ ၂၀၂၀

၂၀:၂၆:၃၉
1072241

အီရန်အပေါ် ကုလသမဂ္ဂပိတ်ဆို့မှုများ ပြန်လည်ချမှတ်ကြောင်း အမေရိကန်က တစ်ဘက်သတ် ကြေညာ

အီရန်နိုင်ငံအပေါ်ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများမှာ ပြန်လည်အကျုံးဝင်သက်ရောက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် အ မေရိကန်က တစ်ဘက်သတ်ကြေညာခဲ့ပြီး အဆိုပါ ပိတ်ဆို့မှုများအား ချိုးဖောက်သူများကို အပြစ်ပေးသွားမည်ဟု ကတိပြုခဲ့သဖြင့် ၀ါရှင်တန်၏ သီးခြားတည်ရှိမှုကို တိုးမြှင့်ခဲ့ရုံသာမက နိုင်ငံတကာ တင်းမာမှုများလည်း ဖြစ်ပွားလာစေခဲ့သည်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



အီရန်နိုင်ငံအပေါ်ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများမှာ ပြန်လည်အကျုံးဝင်သက်ရောက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် အ မေရိကန်က တစ်ဘက်သတ်ကြေညာခဲ့ပြီး အဆိုပါ ပိတ်ဆို့မှုများအား ချိုးဖောက်သူများကို အပြစ်ပေးသွားမည်ဟု ကတိပြုခဲ့သဖြင့် ၀ါရှင်တန်၏ သီးခြားတည်ရှိမှုကို တိုးမြှင့်ခဲ့ရုံသာမက နိုင်ငံတကာ တင်းမာမှုများလည်း ဖြစ်ပွားလာစေခဲ့သည်။

“ဒီနေ့မှာတော့ အီရန် အစ္စလာမ္မစ်သမ္မတ နိုင်ငံအပေါ်မှာ အရင်က ရုပ်သိမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေအားလုံးကို ပြန် လည်ချမှတ်လုနီးနီးဖြစ်လာတာကို အမေရိ ကန်ပြည်ထောင်စုက လက်ခံကြိုဆိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အရ အီရန်အပေါ် ပိတ်ဆို့များသည် စက်တင်ဘာ ၁၉ ရက် ၀ါရှင်တန် ဒေသစံတော်ချိန် ည ၈ နာရီတွင် ပြန်လည် အကျုံးဝင်သက်ရောက်ခဲ့သည်ဟု ဆိုသည်။

အကယ်၍ အဆိုပါ ပိတ်ဆို့မှုများအား လိုက်နာမှုမရှိသည့် မည်သည့်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံကိုမဆို နောက်ဆက်တွဲအကျိုး ဆက်များ လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရအဖွဲ့က ကတိပြုပြောကြားခဲ့သည်။

ယင်းခြိမ်းခြောက်မှုအရ အီရန်အပေါ် ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး ၀ါရှင်တန်၏ ကြေညာချက်ကို သဘောမတူသည့်နိုင်ငံအ နေနှင့် အမေရိကန် ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များအတွင်းသို့ ဝင်ရောက်ခွင့် ငြင်းပယ် ခံရဖွယ်ရှိနေသည်။

“တကယ်လို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခုကြေညာခဲ့တဲ့ ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တာဝန်တွေ ပျက်ကွက်ခဲ့မယ်ဆိုရင် ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေကို နောက်ဆက်တွဲအကျိုးဆက်တွေ လုပ်ဆောင်ရေးမှာ ကျွန်တော် တို့ရဲ့ ပြည်တွင်းအာဏာပိုင်တွေကို အသုံးပြု သွားဖို့ အမေရိကန်က စီစဉ်ထားပြီးဖြစ်ပါတယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

ထို့ပြင် ပိတ်ဆို့ချက်များကို ချိုးဖောက်သူများအပေါ် လုပ်ဆောင်သွားမည့် အစီအစဉ်များအား လာမည့်ရက်ပိုင်းအတွင်း ကြေ ညာသွားမည်ဟုလည်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 ယင်းအစီအစဉ်များအား စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် သမ္မတထရန့်က ထုတ် ဖော်ပြောကြားသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အီရန်အပေါ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်မှုနှင့်ပတ်သက်ပြီး အမေရိကန်သည် တစ်ဦးတည်းသာ ဖြစ်နေပြီး ကျန်သည့် အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှား အပါအဝင် ၀ါရှင်တန်၏ ဥရောပ မဟာမိတ်များကပါ အမေရိကန်၏ ကြေညာချက်ကို စောဒက တက်ခဲ့ကြသည်။

ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် အမြင်တစ်ခုတည်းနှင့် ပြုလုပ်သည့် မည်သည့် ဆုံးဖြတ်ချက် သို့မဟုတ် လုပ်ဆောင်ချက်မျိုး မဆို တရားဝင် အကျုံးဝင်သက်ရောက်စေ ခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၅ ရက်က  ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့က လုံခြုံရေးကောင်စီသို့ ပူးတွဲစာတစ်စောင် ပေးပို့ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား၏လက်ထောက် သံအမတ် ဒီမီထရီ ပိုလီယန်စကီးကလည်း အမေရိကန်၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း ပြောကြားခဲ့သည်။

“ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ အခုလိုမျိုး ကိုယ့်ဘာသာကိုယ် အရှက်ရအောင် လုပ်နေတာမျိုး၊ လုံခြုံရေး ကောင်စီရဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေအပေါ် ခေါင်းမာတဲ့စိတ်နဲ့ လိုက်ပြီး ဆန့်ကျင်နေတာမျိုးတွေကို မြင်တွေ့ရတာ အရမ်းကို နာ ကျင်ဖို့ကောင်းပါတယ်” ဟု မစ္စတာ ပိုလီယန်စကီးက Twitter ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

***********************************

END / 251