အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၃ စက်တင်ဘာ ၂၀၂၀

၂၀:၁၆:၄၅
1073056

ဗြိတိန်တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာကွယ်ရန် စည်းကမ်းကန့်သတ်ချက်များ ထုတ်ပြန်

ဗြိတိန်မှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ကာကွယ်ဖို့ ၆ လကြာ စည်းကမ်း ကန့်သတ်ချက်တွေကို စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။




    
ဗြိတိန်မှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ကာကွယ်ဖို့ ၆ လကြာ စည်းကမ်း ကန့်သတ်ချက်တွေကို စက်တင်ဘာ ၂၂ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။

ဒုတိယလှိုင်း အလျင်အမြန်ပျံ့နှံ့လာတာကို ထိန်းချုပ်ဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြည်သူတွေကို ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့နဲ့ ဘားတွေနဲ့ စားသောက်ဆိုင်တွေကို စောစောပိတ်ဖို့ ညွှန်ကြားလိုက်ပါတယ်။

အရေးတကြီး မလုပ်ဆောင်ရင် သေဆုံးတာတွေ မြင့်တက်နိုင်တယ်လို့ အစိုးရ ပညာရှင်တွေက သတိပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်ဂျွန်ဆင်က ပြီးခဲ့တဲ့မတ်လတုန်းကလို လော့ဒေါင်း အပြည့်ချထားမျိုးကို  လက်ရှောင်ခဲ့ပါတယ်။

ဒါပေမဲ့ ရောဂါကိုမနိုင်နင်းရင် နောက်ထပ် ဆောင်ရွက်တာတွေ လုပ်နိုင်တယ်လို့ ဂျွန်ဆင်က ပြောခဲ့ပါတယ်။

ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ တခြား ဧည့်ခံကျွေးမွေးရေးနေရာတွေကို  စက်တင်ဘာ ၂၂ ရက်က စပြီး ည ၁၀ နာရီမှာ ပိတ်ဖို့  ဂျွန်ဆင်က ပြောပါတယ်။

နှာခေါင်းစည်းတွေ တပ်ဖို့ လိုအပ်ပြီး စည်းကမ်းချိုးဖောက်သူတွေကို  ဒဏ်တပ်သွားမှာပါ။ စည်းကမ်း မလိုက်နာသူတွေကိုလည်း တင်းကျပ်တဲ့ဥပဒေနဲ့ အရေးယူပြီး ရဲတပ်ဖွဲ့ကို ကူညီပေးဖို့ စစ်တပ်ကိုပါ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလလယ်ဆိုရင် ကူးစက်မှုတွေက တစ်နေ့ကို ၅၀၀၀၀ အထိ မြင့်တက်လာ နိုင်တယ်ဆိုပြီး အစိုးရ အကြံပေးတွေ ပြောဆိုပြီးနောက်မှာ ဗြိတိန်မှာ စည်းကမ်းတွေ ထပ်မံထုတ်ပြန်လိုက်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။